၂၀၁၁ မဲဆောက် ဆန်လှူပွဲ

Sunday, August 21, 2011

~



မဲဆောက်မြို့က ကျွန်ုပ်တို့၏သတင်းထောက် အလုံးအရင်း( ပို့လိုက်တဲ့ ဓာတ်ပုံပေါင်း ၁၀၀ ကျော်ထဲက တချို့ကို ရွေးချယ် ဖော်ပြရမယ် ဆိုရင် -

အလှူပွဲတနေရာက စားပွဲပေါ်မှာ တွေ့ရတဲ့ ပူဇော်မှု

အလှူရှင်
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ တရုတ်ကုန်သည်ကြီးများရဲ့ "စုပေါင်းကုသိုလ်ပြုဖောင်ဒေးရှင်း"


အလှူခံသူ
စနေနေ့က ဘုံကျောင်းမှာလုပ်တဲ့ အလှူကို ကရင်ပြည်နယ် မြ၀တီမြို့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသား တသောင်း ၀န်းကျင် လာရောက်ပါတယ်။


အလှူပစ္စည်း
လူတဦးအတွက်
ဆန် ကီလို၊
မာမား ခေါက်ဆွဲ ထုပ်၊
ငါးသေတ္တာ ဘူး၊
သကြားလုံး ထုပ်၊
ဆား ထုပ်


အလှူရှင်စကား
ဖောင်ဒေးရှင်း တာဝန်ရှိသူတဦးက ဒီလို ပြောပါတယ် - " ကွယ်လွန်သွားပြီးဖြစ်တဲ့ ဘိုးဘွားတွေနဲ့ ဆွေမျိုးသားချင်းတွေ၊ ဆွေမျိုးမဲ့တဲ့လူတွေ အတွက်၊ တရုတ်လူမျိုးတွေက ဒီလမှာ အလှု အတန်းနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးတာပါ"


သတင်းဆိုး
ဆန်အလှူခံမယ့် မဲဆောက်မြို့ ဘန့်စောင်ခွဲ (ရွှေတွေအခေါ် ဘတ်စံကွင်း) ရပ်ကွက်က မြန်မာကလေးငယ်တဦး ကားတိုက်ခံရတယ်။ အာရှလမ်းမ လို့ ခေါ်တဲ့ အဝေးပြေးလမ်းမမှာ တိုက်ခံရလို့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ရောက်နေတယ်။


နှစ်တိုင်း လှူတယ်
မဲဆောက်မှာ နှစ်စဉ်ကျင်းပတဲ့ ဆန်လှူပွဲက စုစုပေါင်း ၄၂ ကြိမ်ရှိသွားပြီ လို့ အလှူရှင်အဖွဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။

၂၀၀၉ http://www.irrawaddy.org/bur/index.php/news/1781-2009-09-09-12-18-33 ပြီးတော့ ၂၀၁၀ http://www.irrawaddy.org/bur/index.php/news/3940-2010-08-30-11-32-02 အလှူပွဲကြီးများ အကြောင်းကိုလည်း ဧရာဝတီသတင်းထောက်တဦးက အသေးစိတ် ရေးခဲ့ဖူးပါတယ်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved