ပြန်လာပြီ ပန်ထွာ ဧကရီ

Sunday, August 7, 2011

-



မင်းကိုနိုင် ထောင်ထဲမှာ ရေးတဲ့သီချင်းလို့ သိရပါတယ်။Min Ko naing (2) by anyarnwaytamarmyay


ပြန်လာပြီ ပန်ထွာ ဧကရီ
တေးရေး - မင်းကိုနိုင်
သီဆိုသူ - မျိုးဆက်သစ် လူငယ်များ

ရန်ပယ်ချောင်းတွင်း ရန်စွယ်အပေါင်းရှင်းဖို့ ------- ညီညာရုန်းစုလို့---- ဟန်ပြင်နေပြီမို့ ---------
ဒီမြို့ရိုးထက်သို့----ခြေတင်ပြီးတက်လို့ -- စည်တော်ကြီး တီးနိုင်ရန်---------
ပြန်လာပြီ ပန်ထွာ ဧကရီ

ရာထောင်သောင်းသိန်းသန်း --- တောင်ပံဖြန့်ငှက်တို့ ---- ဝေဟင်ထဲရိုက်ခတ်--- ---ဟစ်ကြွေးသံမြည်သို့---
ညာဘယ်ပြောင်းသွဲ့သွဲ့----- ကြာစွယ်ဖယောင်းလက်နဲ့ ------- မာန်တင်ပြီး တီးနိုင်ရန်
ပြန်လာပြီ ပန်ထွာ ဧကရီ

သေနင်္ဂဗျူဟာ ---- နည်းပရိယာယ်တွေ----- အမြင်မှန်တွေး-
အပြင်ကလူကို အတွင်းစည်း အ၀င်မခံရေး ---

ဘယ်သူတရားမျှတ ------ ဘယ်သူက အဓမ္မ -------- အမှောင်နဲ့အလင်း --- အားခြင်း
မျက်နှာခြင်းဆိုင်ပြီမို့ ------

ဒီ -- မြို့ရိုးထက်သို့------ ခြေတင်ပြီး တက်လို့ ----- စည်တော်ကြီးတီးနိုင်ရန်------
ပြန်လာပြီ ပန်ထွာ ဧကရီ
ပြန်လာပြီ ပန်ထွာ ဧကရီ
ပြန်လာပြီ ပန်ထွာ ဧကရီ


ဒီသီချင်းအကြောင်း ဘီဘီစီသတင်းဌာနရဲ့ ထုတ်လွှင့်ချက်ကိုလည်း www.dawnmanhon.com
မှာ အခုလို တွေ့ရပါတယ်။

၈လေးလုံး နှစ်ပတ်လည် အဖြစ် ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အခမ်းအနားတွေ ဒီကနေ့ တင်ကြိုကျင်းပခဲ့ကြပါတယ်။

ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅နှစ်ခွဲ ကျခံ နေရတဲ့ ၈၈ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် သီချင်း တပုဒ် ဂုဏ်ပြုစပ်ဆို ထားပြီး ၈လေးလုံး နှစ်ပတ်လည်နေ့ဖြစ်တဲ့ သြဂုတ်လ ၈ရက်နေ့မှာ ဖြန့်ဝေဖို့စီစဉ်ထားပါတယ်။

" ပြန်လာပြီ ပန်ထွာ ဧကရီ " လို့ အမည်ရတဲ့ အဲဒီသီချင်းကို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကနေ လွတ်မြောက်လာတဲ့ နေ့ကစပြီး ကိုမင်းကိုနိုင်က ဂုဏ်ပြု ရေးစပ်ခဲ့ တာလို့ သိရပါတယ်။ဒီသီချင်း စာသားကို ကျိုင်းတုံထောင်ကနေ ရက်စေ့လို့လွတ်လာတဲ့ တာမွေ NLD ကိုကျော်ကျော်ဆန်း က နှုတ်တိုက်ကျက် ခဲ့ပြီး မြန်မာ ပြည်တွင်းက ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ လူငယ်တွေကနေ အများ နားဆင်နိုင်အောင် ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်က သူရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ နှစ်ယောက်စလုံး ထောင်က လွတ်လာခဲ့ ရင် ဒီသီချင်းကို ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် ဂုဏ်ပြု ဆိုပြဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမဲ့ အခုချိန်ထိ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်တဲ့အတွက် ကိုကျော်ကျော်ဆန်းကို နှုတ်တိုက် ချပေးလိုက်တာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် အကျဉ်းကျနေဆဲ ကိုမင်းကိုနိုင်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ရော၊ သူ့ဆန္ဒကို ဖြည့်ဆည်းတဲ့ အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ပါ ဒီသီချင်းကို ကြိုးစား ထုတ်လုပ်ခဲ့တာ ဖြစ်ကြောင်း သီချင်း ဖြစ်မြောက်ရေး အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ဒီသီချင်း စာသားတွေမှာ စာရေးဆရာ နိုင်ဝင်းဆွေ ရေးတဲ့ မဟူရာ မေတ္တာထဲက ဗိဿနိုး ဧကရီ ပန်ထွာ ဘုရင်မနဲ့ဒေါ်အောင်ဆန်းစုကြည်ကို ခိုင်းနှိုင်းထားသလို မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ဆင်ခြင်သင့်တဲ့ သဘောတရားတွေကို ထည့်သွင်း စပ်ဆိုထားလို့ ပြည်သူ လူထု နှစ်သက်မယ်လို့မျှော်လင့်ကြောင်း သီချင်း ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးက ပြောပြပါတယ်။
(bbc)


-

2 comments :

  1. ကိုမင်းကိုနိုင်ရေ--
    ခင်ဗျားနဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေရဲ့ စွန့်လွှတ်မှုတွေ ကြီးမားလွန်းလှပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် အစရှိတဲ့ တကယ့်အာဇာနည်တွေက မြန်မာနိုင်ငံ တကယ် ကောင်းဖို့ လုပ်ခဲ့ကြတာ အားလုံးအသိ ပါပဲ။ ဒီအထဲက မှ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး မြန်မာ့နိုင်ငံရေးတင်းမာမှုတွေပြေ လည် စေချင်တဲ့ စေတနာတွေကို မြင်ရတွေ့ရတာ ရင်ထဲ လှိုက်လှိုက်လှဲလှဲဖြစ်ရတယ်။ ဒါပေမယ့် အခုထိ ဒေါ်အောင်ဆန်းစုကြည်က အကိုတို့အတွက် အသိအမှတ်ပြုတဲ့ စကား တခွန်းတောင် မပြောသေးတာ နားမလည် နိုင်ဘူး။ အကိုတို့က လက်တွေ့ကျလွန်းပြီး NLD ထက်လူထုထောက်ခံမှုရနေတာကို NLD ထဲက တချို့က မနာလို မရှု့စိမ့် ဖြစ်နေကြတာသတိထားမိတယ်။ စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံ မှာ အကိုတို့ ပြန် လွတ်လာမှ မပြီးသေးတဲ့ အကိုတို့ စခဲ့တဲ့ တော်လှန်ရေးပြီးမယ်ထင်ပါရဲ့

  1. နေထွန်း (ကျောင်းသား) said... :

    ကိုယ့်ကိုကိုယ်အုပ်တချပ်၊ သဲတပွင့်အဖြစ် လုပ်ဆောင်နိုင်အောင်ကြိုးစားပါ။ လက်သည်ကိုချည်း အားကိုးနေလို့မရဘူး၊ ကိုယ်ကိုတိုင်လည်းကြိုးစားမှ ရမှာပါ။
    အပြစ်တင် ဘေးပြောနေရမယ့်စကားလုံးတွေ ပြောဖို့အချိန်မဟုတ်ပါဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved