စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ် ကျော်ဖြိုးတယောက်တော့ အရင်က ကားခိုးသွင်းမှုနဲ့ မူးယစ်ဆေးကိစ္စတွေကြောင့် စာရင်းမစစ်နိုင်ဘဲ ပြုတ်တဲ့အထဲ ပါသွားပါပြီ။ ၄ ယောက်မြောက် အဖြုတ်ခံရတဲ့ ထိပ်တန်းစစ်ဘက်ဗိုလ်ချုပ် စာရင်းဝင်သွားပါတယ်။
အရင် ဗိုလ်ချုပ်ကျော်ဖြိုးက တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးပါ။ မနှစ်က သြဂုတ်လကမှ လက်ရှိ စာရင်းစစ်ချုပ် ရာထူးကို ရတာပါ။
ဇူလိုင်လကတည်းက လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစာမှု စွဲချက်တွေနဲ့ ကာချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခေါ်စစ်ခံရတဲ့ ဗိုလ်ချုပ် ၅ ယောက်ထဲ ဗိုလ်ချုပ် ကျော်ဖြိုးလည်း ပါပါတယ်။ ခုတော့ အမှန်အကန် ပြုတ်သွားပါပြီ။
စားတဲ့ဝါးတဲ့သူ ဖြုတ်ကြေးဆိုရင် စစ်တပ်ထိပ်ပိုင်းမှာ တယောက်မှ ကျန်မယ် မထင်ပါဘူး။ လောလောဆယ်တော့ မဲပေါက်တဲ့သူတွေပဲ ကံဆိုးသူမောင်ရှင် ဖြစ်နေဦးမှာပါ။
ဒီနှစ် ဖေဖော်ဝါရီလကစပြီး အစီအရီ ဗိုလ်ပြုတ်ဖြစ်သွားတဲ့ ဗိုလ်ချုပ်တွေနဲ့ ခေါ်စစ်ခံရလို့ မျက်ခုံးလှုပ်နေသူတွေကို စာရင်း လုပ်ပေးလိုက်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ ဖတ်ပါ။
ဖေဖော်ဝါရီ - ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် (ကာကွယ်ဝန်ကြီးတာဝန် လက်မခံလို့ ဖြုတ်)
ဇူလိုင် - ဗိုလ်မှူးချုပ် ထွန်းသန်း (ရန်ကုန်တိုင်းမှူးဟောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး။ ရန်ကုန်တိုင်းမှူးလုပ်တုန်းက မြေယာကိစ္စ အရှုပ်အရှင်း၊ စစ်တပ်ရံပုံငွေ ဘုံးမှုကြောင့် ပြုတ်)
ဇူလိုင် - ဗိုလ်ချုပ် တင်ငွေ (အလယ်ပိုင်းတိုင်းမှူးဟောင်း၊ ကစထမှူး။ အလယ်ပိုင်း တိုင်းမှူးနဲ့ ရန်ကုန်က မြေယာကိစ္စတွေကြောင့် ပြုတ်)
ဇူလိုင် - ဗိုလ်ချုပ် ခင်ဇော်ဦး (ဦးပိုင် ဥက္ကဋ္ဌ၊ စစ်ရေးချုပ်)၊ ကစမှူး ဗိုလ်ချုပ် မြင့်စိုး၊ တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး တို့ကို ကာချုပ် မင်းအောင်လှိုင်က ခေါ်ယူစစ်ဆေး
သြဂုတ် - ဗိုလ်ချုပ် ကျော်ဖြိုး (စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်။ ကားခိုးသွင်း၊ မူးယစ်ဆေး ကိစ္စများကြောင့် ပြုတ်)
လုပ်ထားကိုမင်းအောင်လှိုင်ရေ။
ခင်ဗျား လူတော်လူမှန်ဆိုတာ ဗိုလ်မှုးချုပ် စဖြစ်ကတည်းကသိတယ် ။ အဲဒီလူတွေဖြုပ်ပြီးရင်
နောက်ထပ်ဖြုပ်ရမဲ့ လူတွေစာရင်းကျွှန်တော်ပို့ပေးမယ်။
ဘဒင်