ပဲခူးမြို့က ရေဘေးဒုက္ခသည်တွေ တစ်အိမ်ထောင် ကျပ်တထောင်နှုန်း အထောက်အပံ့ ရတယ်လို့ Facebook မှာ ရေးထား၊ မှတ်ချက်ချထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
- များလိုက်တာ....စားမကုန် သောက်မကုန်..။
- ၀ါး..တော်တော်များတာပဲ...တစ်ထောင်ကြီးများတောင်...ဂုဏ်ယူပါတယ်သမ္မတအသစ်ကြီးရယ်...
- စဥ့်အိုးတလုံးတောင် ၀ယ်လို့မရဘူး ။
- တစ်ကျပ်မှ မပေးတာထက်စာရင်တော့ တစ်ထောင်ဆိုလည်း တစ်ထောင်ပေါ့ :)
- အားရစရာပဲဗျာ တစ်ထောင်ကြီးများတောင်ဆိုတော့ :P
- ဘဲဥ ငါးလုံးလောက်တော့ စားလို့ရမှာပါ မပေးတာထက်စာရင် တော်သေးတယ် ၀ူး
- ရေသန့်ဘူးဝယ်သောက်မယ်......
တယ်လဲ အားရကျေနပ်စရာ ကောင်းသကိုး.. :D
- ၀ယ်စားမယ်........သူတို့ ပေးတယ် ပိုက်ဆံများလိုက်တာ...
- ကလေးလေးက ဘာလို့လျှာထုတ်ပြနေတာလဲ ? ? @_@
- ကလေးက ဆရာဝန် မမ တွေကို လျှာထုတ်ပြနေတာနေမယ်.. ဟိဟိ
- ဘာမှဆိုင်ဝူးး.... ဓာတ်ပုံဆရာ ရုပ်ဆိုးလို့ဖစ်မှာ... :P
- ဟုတ်လို့လား
- မဟုတ်ပါဘူး ပိုက်ဆံတစ်ထောင် ဆိုတော့ များလွန်လို့ ကလေးက အံသြနေတာဖြစ်မယ်
- အဟတ် တအိမ်ထောင်ကို တထောင်ကြီးများတောင်မှလား..... ဟတ်ဟတ်
- ဟိတ် ဒေါ်ဇွန်းလေး ကိုယ်ဘာသာကိုယ် နိုင်အောင်ပြော ဓာတ်ပုံဆရာကို လာပြီး မထိခိုက်နဲ့
- တယောက်ကို ဘဲဥတခြမ်းနှုန်းနဲ့ တနပ်စာစားရင် လောက်မလားမသိဘူးနော်.. နောက်ရက်တွေကျတော့ ရေသောက်ဗိုက်မှောက်ဖို့တောင်အဆင်မပြေနိုင်ဘူးထင်တယ်... ရေမ၀ယ်သောက်နိုင်လို့ :(
- အော်မပေးဒါနဲ.ဆိုင်ရင်တော.ပေးတာကိုပဲကောင်းတယ်လို.ပြောရမယ်လေမဟုတ်လား
- They might say 1000 Kyats / 6 Kyats = 166.67 USD/ Family.. way hay hay....
- "လုံးဝမပေးတာနဲ့စာရင် ဒီလောက်လေးပေးတာ တော်သေးတယ်" ဆိုပြီး ဖန်ခွက်ထဲ နွားနို့တ၀က်ရှိသေးတယ်ဆိုတဲ့ ဖြည့်စဉ်းစားပေးပုံက ဒီနေရာမှာတော့ အကျုံးမ၀င်သင့်ဘူး.. ဘာလို့လည်းဆိုတော့ ကျနော်တို့က တကယ်သောကဗျာပါဒတွေဝေနေတဲ့ ဒုက္ခသည်ပြည်သူတွေကို မစာနာရာရောက်နေလို့ပါ..
နိုင်ငံတော်အစိုးရအနေနဲ့ ဒုက္ခသည်ပြည်သူတွေအပေါ် စေတနာမရှိရင်လည်း လုံးဝပေးမနေပါနဲ့လား.တအိမ်ထောင်ကို မြန်မာငွေ ၁၀၀၀ ကျပ်ဆိုတာ နိုင်ငံတော်အစိုးရအနေနဲ့ ဒုက္ခသည်ပြည်သူတွေကို စော်ကားနေသလိုပါပဲ...
တအိမ်ထောင်မှာ အိမ်ထောင်ဝင်ဦးရေ အနည်းဆုံး နှစ်ယောက်ပဲ ရှိတယ်ထားဦး ( အမှန်မှာ အနည်းဆုံး ၄ ဦးအထက်တွေ များပါတယ် )၊ ဒီလူ နှစ်ယောက်အတွက်ပေါင်းမှ ငွေ ၁၀၀၀ ကျပ်ဆိုတာ တယောက်ကို ၅၀၀ ပေါ့.. ပိုက်ဆံ ၅၀၀ နဲ့ ဘာလုပ်လို့ရလဲဆိုတာ ဦးသန်းရွှေမြေးလေးကိုပဲ အရင်မေးကြည့်ပါဦးလို့ သမ္မတကြီးကို ပြောရမယ်..
နောက်တခုက တအိမ်ထောင်ကို မြန်မာငွေ ၁၀၀၀ ကျပ်ဆိုတော့ ၁ ဒေါ်လာ စွန်းစွန်းပေါ့.. ပဲခူးမှာ အိမ်ထောင်စု ၂ သိန်းကို ပေးမယ်ဆိုရင်တောင် ဒေါ်လာ ၂ သိန်းစွန်းစွန်းပဲ ရှိပါတယ်.. ကိုယ့်ပြည်သူတွေ အခုလို ရေကြီးလို့ ဒုက္ခရောက်နေတာကို နိုင်ငံတော်အစိုးရအနေနဲ့ ဒေါ်လာ ၂ သိန်းလောက်ထက်တော့ ပိုပြီး အကုန်အကျခံဖို့ စေတနာလေး ထားသင့်တာပေါ့ဗျာ.. ဘာလို့လည်း ဆိုတော့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်ရောင်းထားတာ ဒေါ်လာ ၂ ဘီလီယျံမှ မက တိုင်းပြည်မှာ ရှိနေတာပဲ..
- တစ်အိမ်ထောင်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် နိုင်ငံတော်မှ ပံ့ပိုးကူညီခဲ့ပါတယ် ဆိုတာ ....အောင်မြလေး...ကြီးမားလှတဲ့ စေတနာပါလား.....
- အရမ်းကျေးဇူးတင်နေတော့မှာပဲ
- တထောင်တန်ဒုက္ခပေါ့..
- ထမင်းမပြောနဲ့ ဆန်ပြုတ်တောင်ရမှာမဟုတ်ဘူး တော်တော်ကူညီတက်တဲ့အစိုးရပဲ
-
အဲ့ဒါတော့ တားတားလည်းတိဝူး
-
- တစ်ထောင်ကို နည်းတယ်လို့ထင်တဲ့သူတွေ ကိုယ်က ဒီထက်ပိုပြီး ပေးနိုင်လို့လား.. တကယ်လို့သာ အဲ့လိုပေးနိုင်တယ်ဆို သွားလှူပစ်လိုက်.. မဟုတ်ရင်တော့ ဒီတစ်ထောင်ပေးတာကိုပဲ ကျမ တို့က ကျေနပ်နေရမှာပဲ.. ဘာမှမပေးတာထက်ဆိုင်ရင်တော်ေ
-
- ဒါအမှန်ပဲလေ
- နိုင်ငံရေး လုံးဝ နားမလည်တဲ့ လူကို လက်ညှိုးထိုးပြပါဆိုရင် ကိုယ့်ဘာသာ ပြန်လက်ညှိုးထိုးပြရမယ့် သူထဲမှာ ကျမ ပါပါတယ်။ ကျမ ခံယူချက်က ရှင်းတယ်။ ကိုယ် ပေးနိုင်ပြီလား။ ပေးမယ်။ မပေးနိုင်သေးဘူးဆိုရင် ပေးနိုင်အောင် လုပ်မယ်။ ပြည်သူ တစ်ယောက်အနေနဲ့ ထက်ပို ပေးချင်တာလား။ ဒီထက်ပို ပေးနိုင်ချင်ရင် နိုင်ငံတော် အနေနဲ့ ပေးနိုင်အောင်လုပ်မယ်။ ကဲ.. ဒီအချိန်မှာ ဘယ်သူ မဆို သမ္မတ ဖြစ်ခွင့်ရှိနေပြီပဲ။ ဒါပေမယ့် ကိုယ် မလုပ်နိုင်သေးသ၍တော့ သူများတွေရဲ့ လုပ်ရပ်ကို လက်ညှိုးမထိုးချင်ဘူး။
.
အပြစ်ပဲမြင်နေတာပဲနော်၊
ခလေးကိုချစ်လို့မုန့်ဖိုးပေးသွားတာပါဗျာ။
ခလေးဆိုတာပိုက်ဆံအများကြီးကိုင်ရင်
ပျက်စီးတတ်တယ်ဗျ။ဒါကြောင့်ပါဗျာ။
တလွဲမတွေးကြစမ်းပါနဲ့။သမတကြီး
ခင်ဗျာလည်းရှိရှာတာမဟုတ်ပါဘူး၊
အဲဒီတစ်ထောင်တောင်သူ့မဟေသီ
မသိခင်လစ်လာတာ၊ဒါတောင်အိမ်ပြန်ရောက်
ရင်အရိုက်ခံရနိုင်သေးတယ်ဗျ၊