မန်းငြိမ်းမောင် ရေးတဲ့စာအုပ်

Wednesday, August 31, 2011

-




KNU ရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်သူ ပဒိုမန်းငြိမ်းမောင် မြန်မာပြည်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ဒီအကြောင်းကို အစိုးရဘက်က သတင်းမထုတ်ပြန်သေးပါ။

ဒီအတောအတွင်း KNUနဲ့ ဆွေးနွေးဖို့ ထိုင်းမြန်မာနယ်စပ်မှာ အစိုးရကိုယ်စားလှယ်အဖွဲ့ ရောက်နေပါတယ်။ ဒီကိုယ်စားလှယ်တွေနဲ့ တွေ့မတွေ့၊ ပဒိုမန်းငြိမ်းမောင်အကြောင်း ပြောဆိုမှု ရှိမရှိ ဆိုတာ မသိရသေးပါ။

ပဒိုမန်းငြိမ်းမောင် ဆိုတာ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ KNU ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။
သူရေးတဲ့ မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ စာအုပ်မှာ သူ့အတွေ့အကြုံတွေကို ရေးသားထားပါတယ်။

ကိုဦး ဘလော့မှာ စာအုပ် အစအဆုံး ဖတ်နိုင်ပါတယ်။

မိတ်ဆက်နိဒါန်း
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃

စသဖြင့် အပိုင်း ၅၀ ကျော် ခွဲပြီး ရေးထားပါတယ်။
၁၉၆၀ ကျော်ဝန်းကျင်ကာလ နိုင်ငံရေးလှုပ်ရှားမှု တစိတ်တဒေသ၊ အင်းစိန်ထောင်၊ ကိုကိုးကျွန်းတို့အကြောင်း စာအုပ်မှာ ရေးထားပါတယ်။

ကျွန်းကနေ ပင်လယ်ဖြတ် ထွက်ပြေးပုံလည်း အသေးစိတ် ဖတ်ရမှာပါ။



-

1 comments :

  1. Anonymous said... :

    တကယ်စိတ်မကောင်းဘူးဗျာ
    သူ့ကို ထိုင်မြန်မာနယ်စပ်မှာ ဆရာအောင်ဝေး၊ ဆရာမ ခိုင်မာကျော်ဇောနဲ့အတူ စာပေဟောပြောပွဲမှာတွေ့ဖူးတယ်
    သူကို တခြားကရင်ခေါင်းဆောင်တွေထက် ပိုလေးစားတယ်ဗျာ
    တိုင်းရင်းသားကြားမှာ ဖာဒိုမန်းရှာလိုပဲ ၀င်ဆန့်သူပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved