ကေအိုင်အိုသို့ ပေးစာ

Wednesday, August 10, 2011

အပစ်ခံရတဲ့ကား (ဓာပုံ - မြန်မာ့အလင်း)

အကြမ်းဖက် လုပ်ရပ်တွေကို ရပ်ပါ ဆိုပြီးတော့ အစိုးရဘက်က ပြောဆိုမှုတွေရှိလာပါပြီ။ သြဂုတ် ၂ ရက်နေ့က အရပ်သားတွေပါတဲ့ကားကို ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ကချင်ပြည်နယ်၊ ပြည်နယ်တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့က ကေအိုင်အိုထံ လိပ်မူပြီးတော့ ပေးစာတစောင် ပို့ ခဲ့ပါတယ်။

ကေအိုင်အို ဘက်ကတော့ ဒီပေးစာကို လိပ်မူထားမှု မှားယွင်းနေကြောင်း၊ အကြမ်းဖက်သည့် ဖြစ်စဉ် မဟုတ်ကြောင်း ပြန်လည် ပြောဆိုထားပါတယ်။

သူတို့ရဲ့ အပြန်အလှန် ပေးစာတွေကို တင်ပေးလိုက်ပါတယ်။


Letters of Kio and Than Aung

ပစ်ခတ်မှု ဖြစ်စဉ် အကျဉ်းချုပ်ကိုတော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

2 comments :

  1. Anonymous said... :

    source:
    http://www.nmg-news.com/bur/index.php?option=com_content&view=article&id=266:kia-&catid=5:2010-09-08-17-57-16&Itemid=12

    ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်(၁)ရေအားလျှပ်စစ်စက်ရုံမှ မိုးမောက်သို့ ပြန်မည့် မော်တော်ယာဉ် တစ်စီးအား ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များ က လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားအပါအ၀င် လူ(၇) ဦး သေဆုံးပြီး (၁) ဦး ဒဏ်ရာရသည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာ၌ ဖော်ပြထားသည်။

    ယခုလ (၂) ရက်နေ့ ညနေပိုင်းအချိန်က တာပိန်(၁) စက်ရုံ၌ လေအေးပေးစက် သွားပြင်ပြီး မိုးမောက်သို့ ပြန်သည့် ကားအား ဂွဲကတောင်ရွာ အနီး မိုင်တိုင် အမှတ်(၁၉)နှင့် (၂၁) အကြားတွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ KIA တပ်ဖွဲ့ဝင်များက ကားရပ်တန့်ရန်တားဆီးသည်ကို လုံခြုံရေး လိုက်ပါသွားသည့် ရဲအရာရှိက ခွင့်မပြုဘဲ မောင်းပြေးခိုင်း သည့်အတွက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်ဟု မြို့ပေါ်၌ သတင်းများ ထွက်ပေါ်နေကြောင်း ဗန်းမော်မြို့ခံတဦးက ယခုလိုပြောသည်။

    “လမ်းမှာ KIA က သူတို့ကို တားတာပေါ့။ ရပ်ပေါ့။ ရပ်ပေးဦးပေါ့နော်။ အဲဒီမှာ ကားသမားတော့ အရှိန် နည်းနည်းလျော့လိုက်ပြီပြောတယ်။ အဲဒီမှာ ရဲကနေပြီးတော့ ပစ္စတိုနဲ့ ကားသမားကို ချိန်တာပေါ့။ မောင်းမောင်း မရပ်နဲ့ဆိုပြီး မောင်းခိုင်းတယ်။ မောင်းလည်း မောင်းရော ခေါ်ရပ်လို့မရပ်တဲ့ အခါကျတော့ သူတို့(KIA)က ပစ်တာပေါ့နေား။”

    ကားပေါ်ပါရှိသူ(၈)ဦးအနက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရဲအရာရှိ တဦးအပါအ၀င် ခြောက်ဦးမှာ ပွဲချင်းပြီး သေဆုံး၍ ဒဏ်ရာရသူ ရဲတပ်သား တစ်ဦးနှင့် စက်ပြင် မောင်သော်လင်းထွန်း တို့လွတ်မြောက်ခဲ့ပြီး ရှေ့တန်း တပ်မတော် စခန်းသို့ လာရောက်သတင်းပို့ခဲ့သည်။ သို့သော် ဒဏ်ရာပြင်းထန်သည့် မောင်သော်လင်းထွန်းမှာ နောက်တနေ့နံနက်တွင် သေဆုံးသွားသည်ဟု အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ ဒဏ်ရာပြင်းထန်သည့် အရပ်သားက ၎င်းမသေဆုံးမီ ဖြစ်စဉ် အသေးစိတ်အား ပြောပြခဲ့သည်ဟု ဗန်းမော် မြို့ခံလူထုကြား သတင်းများ ထွက်ပေါ်နေကြောင်း အခြားမြို့ခံ အမျိုးသမီးတဦးက ယခုလိုပြောသည်။

    “အခင်းဖြစ်တဲ့နေရာကနေ တယောက်ကလွတ်ခဲ့တယ်တဲ့။ သူတို့ကို ပစ်တဲ့ အချိန်မှာ သေချင်ဟန် ဆောင်ထားပြီးတော့ အဲဒီကချင်(KIA) တွေ ထွက်သွားတဲ့ အချိန်ကျမှ သူထွက်ပြေးတာပေါ့နော်။ အဲဒီမှာ မိုးမောက်က စစ်ကြောင်းနဲ့ သွားတိုးမိပြီး ပြောပြတော့မှ ကျန်တဲ့ဟာတွေ အကုန်လုံး သွား သယ်ကြတယ်လို့ ပြောတယ်။ အဲဒီပြောပြတဲ့ တယောက်လည်း သွေးလွန်ပြီးသေသွားတယ်တဲ့။”

    ဒေသခံများ၏ပြောဆိုချက်နှင့် ပတ်သက်၍ ဗန်းမော်ခရိုင် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ အချက်အလက်အသေးစိတ်မသိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    သေဆုံးသူ(၆)ဦး၏ ရုပ်ကလာပ်များအား ဗန်းမော်ဆေးရုံကြီးသို့ သယ်ဆောင်ခဲ့ပြီး ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ဗန်းမော်မြို့ ဟန်းသဲရော်ဘာခြံသင်္ချိုင်းတွင် မီးသဂြိုလ်ခဲ့ရာ လိုက်ပါ ပို့ဆောင်သူ ထောင်နှင့်ချီရှိသည်ဟု သိရသည်။

    ယခုဖြစ်ရပ်နှင့် ပတ်သက်၍ KIA အဖွဲ့က ရည်ရွယ်ချက် ရှိရှိဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အစိုးရ အာဘော် သတင်းစာ၌ ဖော်ပြထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ KIA ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

    အစိုးရတပ်နှင့် KIO တို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ် ဒေသတွင်း တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေပြီး အခင်းဖြစ်ပွားသည့်နေ့ကလည်း ဒုတိယအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

  1. Anonymous said... :

    လူသက်တာသက်တာပါဘဲ။အကြမ်းဖက်မှူ့ပါဘဲ
    ဒါတောင်သတင်းစာမှာပါလာလို့၊လိမ်လို့မရ
    တော့လို့ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved