အိန္ဒိယနိုင်ငံ နယူးဒေလီက ၈လေးလုံးနေ့ ၂၃ နှစ်မြောက် ဆန္ဒပြပွဲ

Monday, August 8, 2011


ဒီနေ့ကျရောက်တဲ့ ၂၃ နှစ်မြောက် ၈လေးလုံး လူထုအုံကြွမှုနှစ်ပတ်လည် ဆန္ဒပြပွဲတခုကို အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ စုပေါင်းပြီး နယူးဒေလီမြို့ ဂျန်တားမန်တားပန်းခြံမှာ ကျင်းပခဲ့ပါတယ်။




နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ ချက်ခြင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုခဲ့ကြပါတယ်။




၈၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံကို တိမ်းရှောင်လာခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေက ၈ ရက် ၈ လ ၈၈ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောဆိုကြပြီး မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် ပျက်သုဉ်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပေါ်ပေါက်လာတဲ့အထိ တိုက်ပွဲဝင်ကြဖို့ သန္ဓိဌာန်ချခဲ့ကြသလို အနာဂတ်လူငယ်တွေအနေနဲ့လည်း ပခုံးပြောင်းတာဝန်ယူကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။


(ဓာတ်ပုံ - ဧရာဝတီ)


1 comments :

  1. Anonymous said... :

    ကိုချာ (ပင်လယ်ကွေ့)

    အခုလိုလုပ်နေမယ့်အစား နိုင်ငံတော်အစိုးရနဲ့ တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းဆောင်ရွက်တာကမှ အကျိုးရှိမှာ ဖြစ်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved