လာထား ... နောက်ထပ် နှစ်ယောက်

Tuesday, August 16, 2011

ဗိုလ်ချုပ် ခင်ဇော်ဦးနဲ့ ဗိုလ်ချုပ် ဝေလွင်

စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်နဲ့ စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးတို့ကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားတွေနဲ့ စုံစမ်းဆေးနေပြီး လက်ရှိထမ်းဆောင်နေတဲ့ ရာထူးတာဝန်တွေကို ခေတ္တဆိုင်းငံ့ထားလိုက်ပါတယ်။

ဗိုလ်ချုပ် ခင်ဇော်ဦးက ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ် ဝေလွင်က နေပြည်တော်တိုင်း စစ်ဌာချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခုအမှုတွေက သူတို့ တိုင်းမှူးဘ၀က ကျူးလွန်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာ အလွဲသုံးစားမှုများကြောင့် ခုလို ဘေးကို ကန်ထုတ်ခံရတာလို့ သိရတယ်။ (အပြည့်အစုံ ဖတ်ရန်)

1 comments :

  1. မောင်ကောင်း said... :

    သေချာစိစစ်ရင်တော့ စစ်တပ်ထဲမှာ လာဘ်စားနေတဲ့ကိစ္စဟာ တကယ့် သပွတ်အူကြီးလိုပဲနော့ အောက်ခြေကစားပြီး အထက်လူကြီးကိုလဲ " ပို့ဆွမ်း " ဆိုပြီး ခွဲဝေပေးရတာတွေလဲရှိတယ် အဲ့ဒါတွေပါ အရေးယူမယ်ဆိုရင်တော့ ဟင်းဟင်း ဘဘအေးတို့ ဘဘရွှေတို့ ဘဘ ဘဘ တို့ ပါ အားလုံး ကျူပင်ခုတ်ကျူငုတ်မကျန်အောင်ရှင်းရမှာနော့ ဟန်ပြလေး ဖိန့်ဖိန့်တွေတော့ လုပ်ပြမနေနဲ့ အလကားပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved