လန်ဒန်မြို့ ရပ်ကွက် အများအပြားမှာ လူငယ်တွေနဲ့ ရဲတွေအကြား ၃ ည ဆက်တိုက် အဓိကရုဏ်းဖြစ်ကြတာကြောင့် အဆောက်အအုံ၊ မော်တော်ယာဉ်တွေ မီးလောင်၊ ဆိုင်တွေ လုယက်ခံနေရပါတယ်။
The Guardian သတင်းစာ ၀က်ဆိုက်မှာတော့ လူပေါင်း ၄၅၀ ကို ထိန်းသိမ်းထားတယ်၊ ၆၉ ယောက်ကို တရားစွဲလိုက်ပြီ၊ လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ပြန်စစ်ပြီး ပြစ်မှုကြီး ကျူးလွန်နေသူတွေကို အရေးယူဖို့ လုပ်နေတယ်လို့ သတင်းရကြောင်း ရေးထားတယ်။
ရဲအရာရှိ ၄၄ ယောက် ထိခိုက်ဒဏ်ရာရတယ် တဲ့။
အလုပ်လက်မဲ့ပြဿနာ၊ လူမှုဖူလုံရေးအစီအစဉ်ကို မကျေနပ်ချက်တွေကနေ မြစ်ဖျားခံလာပါတယ်။ အစိုးရက လာမယ့်နှစ် အိုလံပစ်ပွဲတော်အတွက် ဘီလျံနဲ့ချီ သုံးနေတယ်လို့ အပြစ်တင်ကြ ဒေါသထွက်ကြသူတွေလည်း ရှိပါတယ်။
အဓိကရုဏ်းတွေရဲ့ လတ်တလော အကြောင်းရင်းက အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး ရဲ လက်ချက်နဲ့ သေဆုံးသွားတာကို အေးအေးဆေးဆေး ဆန္ဒပြရာကနေ ဖြစ်လာတာလို့ သတင်းတွေက ဆိုပါတယ်။
ခုတော့ နိုင်ငံတကာ ရုပ်မြင်သံကြားတွေမှာ လန်ဒန်မြို့ အဓိကရုဏ်းနယ်မြေတွေမှာ မီးလောင်မှု၊ ရဲတွေရဲ့ နှိမ်နင်းမှုတွေပဲ ဆက်တိုက် ပြနေတာ တွေ့နေရပါတယ်။
တနင်္လာနေ့၊ Hackney အရပ် ဆိုင်တဆိုင်မှာ လုယက်နေသူတချို့ (getty images photo)
Hackney မှာ လုယက်သူတချို့ လက်ချက်ကြောင့် ဒဏ်ရာရသွားတဲ့ ဓာတ်ပုံဆရာတဦး (ap photo)
ဒီပုံကို Twitter ကနေ ယူတယ်၊ တနင်္လာနေ့ လန်ဒန်မြို့ Surrey လမ်းက မီးလောင်နေတဲ့အဆောက်အအုံပေါ်က ခုန်ချနေတဲ့ အမျိုးသမီးတဦးပုံ လို့ ဆိုပါတယ် (reuters photo)
တနင်္လာနေ့ လန်ဒန်မြို့ Hackney မှာ ဒေသခံတယောက်က သူ့လက်ကိုင်ဖုန်း ကင်မရာနဲ့ ရဲကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နေတာပါ (getty images photo)
Hackney ဒေသ Goulton လမ်း မှာ တနင်္လာနေ့က မြင်ရတဲ့ပုံ။
အမှိုက်ပုံးတွေစုပြီး အရံအတား လုပ်နေကြတဲ့ လူငယ်များ ဖြစ်ပါတယ်။ (getty images photo)










ကိုချာ(ပင်လယ်ကွေ့)
ဒီမိုကရေစီဘိုးအေ အင်္ဂလန်မှာလည်း မင်းမဲ့စရိုက်တွေဖြစ်တာဘဲလား။ ရဲကပစ်လို့လူ တစ်ယောက်သေ သွားတာကျတော့ မြန်မာပြည်က အစိုးရကိုဆန့်ကျင်တဲ့ ဗမာမဟုတ်တဲ့သူတွေက ဘာမှ မပြောကျတော့ဘူးလား။