ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တနာရီကြာ တွေ့ဆုံ

Friday, August 19, 2011



~



ရန်ပိုင်
myanmartravelmap.com မှာ တွေ့ရတဲ့ နေပြည်တော် မြင်ကွင်းတခု


ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီနေ့ ညနေ ၄ နာရီတုန်းက နေပြည်တော် သမ္မတအိမ်တော်မှာ တနာရီကြာ တွေ့ဆုံ ဆွေးနွေးတယ်လို့ လုံခြုံရေးတာဝန်ရှိသူတယောက်ဖြစ်တဲ့
ဦးခွန်သာမြင့်က ဧရာဝတီကို ပြောပါတယ်။

ဘယ်အကြောင်းအရာ ဆွေးနွေးတာကို မသိရသေးပါ။

ညနေ ၅ နာရီမှာတော့ သမ္မတကတော် အပါအ၀င်၊ အစိုးရတာဝန်ရှိသူများနဲ့ ၁၅ မိနစ်ကြာ တွေ့ဆုံတယ်လို့ ဆိုပါတယ်။

နေ့ခင်းပိုင်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့ ခေတ္တ တွေ့ဆုံခဲ့ပါသေးတယ်။

နိုင်ငံတော် စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေး နွေးပွဲကို ဒီကနေ့ မတက်ရောက်ဖြစ်သေးပါဘူး။

မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်မယ်လို့ သိရပါတယ်။ ပြန်မယ့် အချိန်ကို မသိရသေးပါ။



~

1 comments :

  1. ကေကေအို said... :

    သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ငိုပြလိုက်လေသလား၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved