ရဟတ်ယာဉ်၃စီးဆက်တိုက် ဘာကြောင့် ပျက်ကျသလဲ ?

Sunday, August 21, 2011

-





ပြီးခဲ့တဲ့လက ၉ ရက်အတွင်း ထိုင်းစစ်တပ် ရဟတ်ယာဉ် ၃ စင်း ထိုင်း-မြန်မာ နယ်စပ်မှာ ပျက်ကျတာ ဘာကြောင့်လဲ။
ရာသီဥတု ဆိုးဝါးမှု၊ စက်ချို့ယွင်းမှုတို့ကြောင့် ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တို့က ပြောပါတယ်။
တစီးပျက်ကျတာတောင် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ၃ စီး ဆိုတော့ ဒီဖြစ်ရပ်အကြောင်း ထိုင်း မီဒီယာမှာ အကြီးအကျယ် ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၁၆ ပျက်ကျမှု ၅ ဦးသေဆုံး
ဇူလိုင် ၁၉ သွားရောက် ရှာဖွေသည့် ရဟတ်ယာဉ် ပျက်ကျ ၉ ဦး သေဆုံး
ဇူလိုင် ၂၅ အလောင်းကောက် ရဟတ်ယာဉ်ပျက်ကျ ၃ ဦး သေဆုံး၊ ၁ ဦး အသက်ရှင်။

စုစုပေါင်း ၁၇ ဦး ဆုံးရှုံးပါတယ်။

အခုနောက်ဆုံး ပြောနေကြတာ တခုကတော့ - ဒီဖြစ်ရပ်တွေဟာ သွေးရိုးသားရိုး မဟုတ်ဘူး၊
နယ်စပ်မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသား တောင်သူတွေရဲ့ တဲအိမ်တချို့ မီးရှိုဖျက်ဆီးခံရမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေ လို့ ဆိုပါတယ်။ ထိုင်းဘာသာနဲ့ ရေးသားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားနေကြတာတွေပါ။


-

6 comments :

  1. Anonymous said... :

    ကြံဖွံ့အစိုးရအတွက်တာ့ အကွက်ဆိုက်လာပြီ၊ ကရင်ပြည်နယ်၊ တနင်္သသာရီ နယ်စပ်က ကရင်လက်နက်ကိုင်တွေကို ထိုင်းနဲ့ စီးပွားရေးတံတား ခင်းပြီး အလဲအလှယ်လုပ်ဖို့ အကွက်ဆိုက်လာပြီပေါ့ဗျာ။ ရဟတ်ယာဉ်ပျက်ကျတာ အစိုးရ စစ်တပ်ဘက်ကို စွပ်စွဲချက်မလာဘဲ တောတွင်းသူပုန်တွေကလို့ထိုင်းက လြောယင်လဲ အစိုးရက ရေငုံနေမယ်၊ ထိုင်းက တိုက်ခြင်ရင် ညှပ်တိုက်မယ်လို့ တိုးတိုးကြိတ်ကြိတ်ပြောလာကောင်း ပြောလာနိုင်ပါတယ်။

  1. Anonymous said... :

    အင်း... ၃-စင်းတောင်ပျက်ကျတယ်..ဆိုမှတော့ ဒါဟာ.. သွေးရိုးသားရိုး လုံးဝ မဖြစ်နိုင်တဲ့ အရာပါ...
    စက်ပစ္စည်းတွေဟာလည်း..ဒီလောက်တော့ ညံ့လိမ့်မည် မဟုတ်ပါ... တနေ့နေ့မှာ..အဖြစ်မှန် ပေါ်ပေါက် လာပါစေ..လို့ ဆုတောင်းပေးပါတယ်..!!

  1. Anonymous said... :

    တော်တော်တော့ ပေါ်လွင်နေပါပြီ။ ရဟတ်ယာဉ်ပျက်ကျတုန်းကလည်း KNU က ဂျဲနေတို့အဖွဲ့ ရှိနေတယ်ဆိုတော့ ဂျဲနေတို့ကိုထိုင်းကပစ်တယ်လို့တင်နေတာအရှင်းကြီးပဲလေ။ KNU ကလျော်ကြေးပါပေးတယ်ဆိုတော့ ဘာဖြစ်လို့ပေးရတယ်ဆိုတာ ရှင်းနေတာပါဘဲဗျာ။

  1. Anonymous said... :

    တော်တော်တော့ ပေါ်လွင်နေပါပြီ။ ရဟတ်ယာဉ်ပျက်ကျတုန်းကလည်း KNU က ဂျဲနေတို့အဖွဲ့ ရှိနေတယ်ဆိုတော့ ဂျဲနေတို့ကိုထိုင်းကပစ်တယ်လို့တင်နေတာအရှင်းကြီးပဲလေ။ KNU ကလျော်ကြေးပါပေးတယ်ဆိုတော့ ဘာဖြစ်လို့ပေးရတယ်ဆိုတာ ရှင်းနေတာပါဘဲဗျာ။

  1. Anonymous said... :

    လေယာဉ်ပျက်ကျတာ ထိုင်းစစ်တပ်က လာတ်စားလို့ ထိုင်းနိင်ငံရေးသမားအချို့ ကလည်းထောက်ပြကြပါတယ်။ ထိုင်းနိင်ငံဟာ လာတ်စားမှုများတဲ့ နိင်ငံထဲက တစ်နိင်ငံဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကရင်တွေမှာလေယာဉ်ပစ်တဲ့သေနတ်နေနေသာသာ နော် ...မပြောတော့ဘူး။

  1. Anonymous said... :

    ဘာပဲဖြစ်ဖြစ်ဗျာ ..မြန်မာနယ်စပ်ကိုကျော်တယ်ဆိုတာနဲ့
    အဲလို ..ထိတ်လန့်စရာ တွေ ကြေကွဲစရာတွေကြုံရတတ်တယ်ဆိုတာ ထိုင်းတွေသိသွားလည်းမနည်းပါဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved