ပန်းသီးရဲ့  CEO, Technological Master mind , Steve Jobs အနားယူ

Thursday, August 25, 2011






အံ့မခန်းလုပ်ဆောင်ချက်များ နဲ့ အတူ Apple ကို ပူးတွဲ တည်ထောင်သူနဲ့ CEO တာဝန်ယူထားတဲ့ Steve Jobes က CEO အဖြစ်မှ အနားယူလိုက်ကြောင်း Apple Board အဖွဲ့ကို မနေ့က အကြောင်းကြားလိုက်ပါတယ်။ (ဒါပေမယ့် Apple ရဲ့  ဥက္ကဋ္ဌအဖွဲ့ဝင်အဖြစ် ဆက်ရှိနေပါလိမ့်မယ်)

သူက ၂၀၀၄ ခုနှစ်ကစပြီး ကျန်းမာရေး ချို့ယွင်းလာတာပါ။ ဒီနှစ် နှစ်ဆန်းပိုင်းမှာလည်း ဆေးခွင့်ရက်ရှည်တင်ကာ အနားယူခဲ့ရပါသေးတယ်။

သူ့နေရာကို Chief Operating Officer ဖြစ်တဲ့ Tim Cook နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ ပန်းသီးရဲ့  လုပ်ဆောင်ချက်များ တိုးတက်မလား ဆုတ်ယုတ်သွားမလား စဉ်းစားစရာဖြစ်လာပါတယ်။

Steve Jobes အနားယူမူ သတင်းထွက်လာအပြီးမှာ Apple ၏ stock (APPL) ဟာလည်း အနည်းငယ် ကျရိပ်ပြနေပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved