....

လွန်ခဲ့တဲ့ ဆယ်နှစ် ၉လပိုင်း ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ နယူးယောက်မြို့ ကုန်သွယ်ရေးမျှော်စင်နေရာမှာ အမှတ်တရ ပြုလုပ်ထားတဲ့ 9/11 အောက်မေ့ဘွယ်နံရံမှာ မနေ့က နယူးယောက်မြို့သားတွေနဲ့ ခရီးသည်တွေ စုဝေးနေကြတာ ဖြစ်ပါတယ် (ဓာတ်ပုံများ - Getty Images )

အဲဒီနေ့က တိုက်ခိုက်မှုတွေအတွင်း လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရတာပါ

သမ္မတအိုဘားမားတို့မောင်နှံလည်း 9/11 ဆယ်နှစ်ပြည့် အစီအစဉ်ကို ရောက်လာပါတယ်

ဒါကတော့ မီးသတ်တဦးရဲ့ ရင်ဘတ်ကပုံ ဖြစ်ပါတယ်

မနေ့က လန်ဒန်မြို့ အမေရိကန် သံရုံးနားမှာ ပြုလုပ်တဲ့ 9/11 အမှတ်တရ အစီအစဉ်မှာ တွေ့ရတဲ့ သံအမတ် Louis Susman, ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ ဗြိတိသျှ အိမ်ရှေ့မင်းသား Charles

လန်ဒန်မြို့ အမေရိကန် သံရုံးနားက 9/11 အမှတ်တရ အောက်မေ့ဖွယ် အစီအစဉ်
အစ္စလမ်အစွန်းရောက်တွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားရသူတွေအတွက် ၀မ်းနည်းနေသူတွေပါ

တချိန်ထဲမှာပဲ လန်ဒန်မြို့ အမေရိကန်သံရုံးနားမှာ အစ္စလမ်ဘာသာဝင် ၅၀ ၀န်းကျင်က အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ကြပါတယ်

လန်ဒန်မြို့ အမေရိကန်သံရုံးအနီး Grosvenor ရင်ပြင်မှာ နာမည်ကျော် ဗြိတိသျှ သရုပ်ဆောင် Judi Dench ၀မ်းနည်းခြင်း သ၀ဏ်လွှာဖတ်နေပုံ

Pennsylvania ပြည်နယ် Shanksville မှာ ပြုလုပ်တဲ့ 9/11 ဆယ်နှစ်ပြည့်အစီအစဉ်မှာ တွေ့ရတဲ့ အိုဘားမားတို့ဇနီးမောင်နှံ
9/11 တိုက်ခိုက်မှုကို အကောင်အထည်ဖော်ခဲ့တဲ့ အိုစမာ ဘင်လာဒင် ကတော့ 9/11 ၁၀ နှစ်ပြည့်ဖို့ လပိုင်းအလိုမှာ သုတ်သင်ခံလိုက်ရပါတယ်
....
0 comments :
Post a Comment