ဓားဓားချင်း ...တုတ်တုတ်ချင်း ... တဲ့ ... သေနတ်မပါလို့ တော်သေးတယ်

Saturday, September 17, 2011



“မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဂျာနယ်များ၏ ရေးသားမှုကို နိုင်ငံရေးအရ သွေးရိုးသားရိုး မဟုတ်ကြောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းက မဇ္ဈိမသတင်းဌာနသို့ ဖြေကြားခဲ့သည်။
ထို့အပြင် ဌာနသို့ လာရောက် လေ့လာသင့်ကြောင်း၊ ဓားဓားချင်း၊ တုတ်တုတ်ချင်း ဖြေရှင်းသင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြား ထားသည်။ ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော မဇ္ဈိမသတင်းဌာန က ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းအား မေးမြန်းသည့် အင်တာဗျူးတွင် ယခုကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်”

အထက်ပါ စာစုကတော့ Eleven Media Group ကနေကူးယူဖော်ပြတာပါ။ အသေးစိတ်ကို ဒီမှာဖတ်ပါ

ကဲ ပိတ်သတ်ကြီးရေ ... (စိုင်းစိုင်းခမ်းလှိုင် လေဖြင့် ဖတ်ရန် ..)





6 comments :

  1. Anonymous said... :

    အဖယုတ်ရင် ကိုယ်အမူအယာကြမ်းတယ်။
    အမိ ယုတ်ရင် နုတ်အမူအယာကြမ်းတယ်၊
    ဒီဝန်ကြီး၊ဒီညွှန်မှူးတွေက ဘယ်အမိမျိုးက
    မွေးတယ်ဆိုတာကို တတိုင်းပြည်လုံး သိသွားကြာတာပေါ့။

  1. Anonymous said... :

    ကျွန်တော်တို့နိုင်ငံမှာ လူမိုက်တွေကိုပဲ ၀န်ကြီးခန့်ထားသလား စဉ်းစားစရာပါ....

  1. Anonymous said... :

    ပြည်သူ့ဆန္ဒနဲ့တက်လာတယ်ဆိုတဲ့ဝံကြီးကပြောပုံကအရင်စစ်အစိုးရအတိုင်းပါပဲ။ပြောရရင်စစ်အစိုးရဆက်လက်အုပ်ချုပ်နေဆဲလို့ပြောလို့ရမလားဘဲ။ပြောတဲ့စကားမှာကိုက အောက်တန်းစား
    စစ်အစိုးရပြောတဲ့ပုံအတိုင်းပါပဲ။ဇော်မင်းကပဲ ဥာဏ်မရှိတာလား။အဘကြီးကပဲအာဏာထက်
    နေဆဲဖြစ်နေတာလား။ဒီမိုကရေစီကိုရှေ့က
    သမ္မတကချီးထွက်အောင်စွတ်အော်နေလဲနောက်ကလူကစစ်အာဏာရှင်စနစ်ကိုမှီတွယ်နေဆဲဆိုမှ
    တော့သမ္မတကြီးရေ...ဘယ်လိုများဒီမိုကရေစီ ခေတ်ကိုပြောင်းလဲရပါ့မလဲဗျာ...။

  1. Anonymous said... :

    ဦးတင်ဝင်းက facebook က လူ့ချဉ်ဖတ် မျိုး_ _အတိုင်းပဲနော်
    အဲဒီကောင်ကြီးကလဲ ဟိုလူ့စိန်ခေါ်လိုက် ဒီလူ့စိန်ခေါ်လိုက် တုတ် တုတ်ချင်း၊ ဓား ဓားချင်းချမယ်ဆိုတာချည်းပဲ

  1. Anonymous said... :

    “မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဂျာနယ်များ၏ ရေးသားမှုကို နိုင်ငံရေးအရ
    သွေးရိုးသားရိုး မဟုတ်ကြောင်း”
    ဦးတင်ဝင်း(ညွှန်ကြားရေးမှူး၊ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန)
    မြစ်ဆုံကိစ္စဟာဘာလို့နိုင်ငံရေးနဲ့မကင်းဘူးလို့
    ထင်ရသလဲဆိုတာဥာဏ်မမှီဘူးဗျာ...
    မြစ်ဆုံအတွက်လုပ်တဲ့သူတိုင်း...နိုင်ငံရေး
    လုပ်တဲ့သူတွေမဟုတ်ကြပါဘူး။ကိုယ်အမိမြေ
    ကိုလေးစာ၊မြတ်နိုးလွန်းလို့၊ချစ်လွန်းလို့ မဖြစ်သင့်တာမဖြစ်ရအောင်ကြိုးစားပေးနေ တာပါဗျာ...

  1. Anonymous said... :

    ကိုတင်ဝင်းတို့ ဝန်ကြီးဌာနက.လျှပ်စစ်ဝန်ကြီးဌာန.ဖြစ်ပါလျှက်လယ်ယာနဲ့ဆည်မြောင်းဝန်ကြီးဌာနက ဘာတလုံးမှဝင်မပြောတာ သူတို့ နဲ မဆိုင်တာဘဲလား ဝင်ပြောခွင့်မရှိတာလားဆို
    တာမရှင်းဘူးဖြစ်နေတယ်.နိုင်ငံရေးနဲ့မကင်းရအောင်.ဒီနိုင်ငံမှာနေတဲ့သူတိုင်းနဲ့ နိုင်ငံအရေးနဲ့ သက်ဆိုင်တယ်လေ တင်ဝင်း ခုကိစ္စက ခိုးကြောင်ခိုးဝှက်လုပ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး
    မင်းတို့ ကိုပြည်သူတွေရဲ့ ငွေတွေနဲ့ နေထိုင်စားသောက်နေတာကိုမမေ့ကြနဲ့ 
    စကားပြောဆင်ခြင်ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved