ထိုင်းတွေက ပြောကုန်ပြီ

Thursday, September 29, 2011

....






ထိုင်းအစိုးရအဖွဲ့ဝင်တွေထဲက ၃ ပုံ ၂ ပုံဟာ သန်းကြွယ် ကုဋေကြွယ်သူဌေးကြီးတွေ ဖြစ်နေတယ် ဆိုတာကို မနေ့က ထုတ်ပြန်တဲ့ ထိုင်းနိုင်ငံ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး ကော်မရှင် ရဲ့ စာရင်းဇယားတွေက ပြနေပါတယ်။

ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ ကြွယ်ဝမှု ဒေါ်လာ ၁၇ သန်း (ဘတ် ၅၄၁သန်း) ရှိတယ်၊ သူ့သားတော်မောင် ၉ နှစ်သားလေးကတောင် ဘတ် လေးသန်းခွဲ ပိုင်ဆိုင်တယ် လို့ ဆိုတယ်။

အစိုးရအဖွဲ့ထဲမှာ ၀န်ကြီးချုပ်က အချမ်းသာဆုံးတော့ မဟုတ်ပါဘူး၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး Plodprasop Suraswadi က ဒေါ်လာ ၃၁ သန်း နဲ့ အချမ်းသာဆုံးစာရင်းဝင် ဖြစ်နေတာပါ။

သန့်ရှင်းတဲ့အစိုးရ ဘာညာ အော်နေတဲ့ နေပြည်တော်က အန်ကယ်ကြီးများလည်း ဒီလို စာရင်းဇယားတွေ၊ ပိုင်ဆိုင်မှု ကြေညာတာတွေ ဘယ်တော့ ထုတ်ပြန်မှာပါလိမ့်။



....

2 comments :

  1. Anonymous said... :

    even Indonesia,Malaysia,Singapore and most county also same.This is all Asia country problem.Better kill those people who mess us with politic and business.
    aungthu

  1. ကေကေအို said... :

    ထိုင်းအစိုးရအဖွဲ့ဝင်တွေလောက်တော့ နေပြည်တော်က အန်ကယ်ကြီးတွေက ပျင်းတောင် ပျင်းသေးတယ်လို့ ပြောမှာပါ။ ပျင်းတောင် ပျင်းသေးတယ်ဟေ့၊ ပျင်းတောင် ပျင်းသေးတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved