စိန်-ချော-ဂေါ်-ဇီး တို့ရဲ့ ပြည်တော်ပြန်ခရီး

Sunday, September 11, 2011

.



ဒီညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေဆိပ်မှာ တွေ့ရတဲ့ မင်းသမီး ချောစုမျိုး၊ လူရွှင်တော် စိန်သီး၊ ဂေါ်ဇီလာ၊ ဇီးသီး စတဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံ အဖွဲ့သား ၄ ဦး

အဲပုဂံလေကြောင်းလိုင်းနဲ့ ရန်ကုန်ကို ပျော်ရွှင်စွာ သွားကြပါပြီ

ပြည်ပရောက်နေသူများ ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုအပြီး ပထမဆုံး ပြန်တော်ပြန်သွားသူများ ဖြစ်ပါတယ်

သီးလေးသီးနဲ့ဆေးရောင်စုံ အငြိမ့်ကို တည်ထောင်ပေးခဲ့သူ ဇာဂနာက ပူတာအိုထောင်ကို ရောက်နေပါတယ်။
ဆရာသမားကို ထောင်ဝင်စာ သွားတွေ့ဖို့ ကြိုးစားမယ်လို့ လူရွှင်တော် ဂေါ်ဇီလာက လေယာဉ်ပေါ်မတက်ခင် ဧရာဝတီကို ပြောသွားပါတယ်။

ချင်းမိုင်မြို့မှာ မင်းသမီး မြစပယ်ငုံ၊ လူရွှင်တော် ပန်းသီး၊ ကြယ်သီးတို့ ရှိနေပါသေးတယ်။


Messenger News Journal - မက်ဆင်ဂျာသတင်းဂျာနယ်က ဖေ့ဘုတ်မှာ ခုလေးတင် ရေးထားတာက ဒီလိုပါ -

သီးလေးသီအဖွဲ့မှအဖွဲ့ဝင်သုံးဦးနှင့် မချောစုမျိုး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့5း45 တွင် ဘေးမသီရန်မခဘဲရောက်ရှိလာ ..လေဆိပ်တွင် တစ်စုံတစ်ရာစစ်ဆေးမေးမြန်းချင်းမရှိခဲ့........



.

9 comments :

  1. ကေကေအို said... :

    စိန်-ချော-ဂေါ်-ဇီး တို့ပြီးရင် ကြယ်-ပန်း-ငုံ တို့ရော ဘယ်တော့လဲ။ ဧရာဝတီရော ဘယ်တော့လဲ။ ဦးစိန်ကျော်လှိုင် ဘယ်မှာလဲ၊ ပဒိုမန်းငြိမ်းမောင် ဘယ်မှာလဲ။

  1. မောင်ကောင်း said... :

    အင်း .. ဖမ်းတာဆီးတာမျိုးကြီးမဟုတ်ပေမယ့်လဲ မေးမြန်းတဲ့သဘောနဲ့ ဒီဖက်က နိုင်ငံရေးလှုတ်ရှားမှုတွေ အသင်းအပင်းကိစ္စတွေတော့အနည်းနဲ့အများ ခေါ်မေးမယ်လို့ထင်တာပါပဲ၊ ပြည်တော်ပြန်သူတွေအတွက်အကောင်းဖက်ကကြည့်မယ်ဆိုရင်တော့သီးလေးသီးအချို့ပြည်ပမှာနေတာထက် ပြည်တော်ပြန်သွားတာလဲကောင်းပါတယ်၊ဘာလို့လဲဆိုတော့အူမမတောင့်ပဲနိုင်ငံရေးလုပ်ဖို့ဆိုတာကလဲ(ပြည်ပမှာပြောတာနော်)အခက်သားလား နောက်တဖက်ကြည့်ပြန်တော့လဲဆရာသမားတောင်ဦးမချိုး ခေါင်းမညိမ့်ပဲဒီမိုကရေစီတိုက်ပွဲကိုဆင်းရဲစွာဝင်နေတာပဲရန်သူကိုဒူုးမထောက်သင့်ဘူးပေါ့ဗျာ၊သူတို့ရဲ့အားနည်းချက်ကဇတ်ခေါင်းကွဲသွားတာကိုဆိုးပါတယ် ပြည်ပမှာဆက်လက်ရပ်တည်ဖို့မလွယ်တဲ့အပြင်အချင်းချင်းညီညွတ်မှုကိုမတည်ဆောက်နိုင်ကြတော့ အနေအထားတွေအားလုံးက သီးလေးသီးအဖွဲ့ကို အဆိုးဆုံးအခြေအနေတွန်းပို့သွားလိုက်တာပါပဲ။

  1. Anonymous said... :

    အစက သူတို့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်း ကုန်ကာနီး ဖြစ်နေတာကြောင့် ပြည်ပမှာ ဆက်လက်ရပ်တည်ဖို့ ပူပန်နေခဲ့ရတယ်လို့ သိရပါတယ်.. အခုလို ပြည်တော် ပြန်ခွင့်ရလို ဝမ်းသာပါတယ်..

  1. shanlay said... :

    ကြံခဲ့တဲ့ ပန်းသီး ကြယ်သီး နဲ့ မီးမီးခေါ် မြစံပယ်ငုံတို့ရဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက်ကို မြင်ရတော့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစား ဂုဏ်ယူမိပါတယ် ...

    မလေးရှားမှာ ပထမဆုံးအခေါက် လာတုံးကတော့ အားလုံး ညီညီညွတ်ညွတ်ပါဘဲ နောက်ကျတော့ ဂျပန် စတဲ့ နိုင်ငံတွေကို သွားပြီးနောက်ပိုင်း ဂေါ်ကြီးနဲ့ ချောစုမျိုးတို့ ညှိနေပြီဆိုတာ သိရတယ် .. တစ်ခု သတိထားမိတာက ဂေါ်ဇီလာက အချိန်တိုင်းနီးပါး အရက်သောက်နေတာပါဘဲ ..

  1. Jaw Gyi said... :

    Good choice.
    Better than the people who is getting dollars and saying only bad things about the country.

  1. "သီးလေးသီးအဖွဲ့ကြီး မြန်မာပြည် ပြန်တယ်" လို့ ပြောလို့မရပါ


    သီးလေးသီးထဲက ပန်းသီး၊ ကြယ်သီးနဲ့ စကားလက်ဆုံ

    မိုးမခ၊ စက်တင်ဘာ ၁၀၊ ၂၀၁၁


    မေး ။ ။ ခုတလော သီးလေးသီး အဖွဲ့ ပြည်တော်ပြန်ဝင်မယ် ဆိုတဲ့ သတင်းတွေကြားနေရတာကို မေးချင်လို့ပါ။

    ကြယ်သီး ။ ။ ကျနော်တို့တော့ လောလောဆယ်ပြန်ဘို့ အစီစဉ်မရှိသေးပါဘူး။


    မေး ။ ။ ဒါနဲ့ ခင်ဗျားတို့က မြန်မာပြည်မပြန်သေးဘူးဆိုတော့ ဘယ်လိုအကြောင်းကြောင့် မပြန်သေးတာလဲ။

    ပန်းသီး ။ ။ ပထမအချက်က ကျနော်တို့အစ်ကိုဆရာ ကိုဇာဂနာနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးပါဘူး။ အဲ့ဒီတော့ကျနော်တို့အနေနဲ့  သူတို့တွေလွတ်မြောက်တာကိုလိုချင်၊ တွေ့ချင်ပါတယ်။
    ဒုတိယအချက်က တိကျတဲ့ ဥပဒေတွေလဲ မထုတ်ပြန်သေးဘူးလေ။ အဲဒါကြောင့် ပြန်ဘို့ကိစ္စကို မစဉ်းစားသေးတာပါ။ ပြန်သင့်တဲ့တနေ့ ရရင်တော့ ပြန်မှာပေါ့ဗျာ။


    မေး ။ ။ သီးလေးသီးအဖွဲ့ ပြန်မယ်၊ မပြန်ဘူး ပြောနေကြတာကိုကော ဘာများ ပြောစရာရှိသေးလဲ။

    ကြယ်သီး ။ ။ဟုတ်ကဲ့။ သီးလေးသီးအဖွှဲကြီး မြန်မာပြည်ပြန်တာကတော့ လုံးဝ မဟုတ်သေးပါဘူး။ ကိုယ့်သဘော ကိုယ်ဆန္ဒနဲ့တချို့ ပြန်ကြတဲ့သူတွေတော့ ရှိကြမှာပါ။ အဲဒါကို "သီးလေးသီးအဖွဲ့ကြီး ပြန်တယ်" လို့တော့ ပြောလို့မရပါဘူး။


    မေး ။ ။ ပရိတ်တွေကို ဘာများပြောချင်ပါသေးလဲ။

    ကြယ်သီး ။ ။ ကျနော်တို့တွေ မိဝေး၊ ဖဝေး စားဝတ်နေရေးအခက်အခဲ မျိုးစုံကြားကနေ အနုပညာလမ်းကြောင်းကို ရှိတဲ့အင်အား၊ ရှိတဲ့ခွန်အားတွေနဲ့ ကြိုးစားပြီး ရိုးသားစွာနဲ့  ဆက်လက် လျောက်လှမ်းသွားမှာပါ။


    မေး ။ ။ ကိုဇာဂနာကိုကော ဘာပြောချင်ပါသေးလဲ

    ပန်းသီး ။ ။ အစ်ကိုဆရာ အမြန်ဆုံးလွတ်မြောက်ပါစေ။ ကျနော်တို့ မြန်မာပြည်ပြန်ရောက်တဲ့နေ့ မင်္ဂလာဒုံလေယဉ်ကွင်းကြီးမှာ ဘယ်သူ့ကိုမှ လေယာဉ်ကွင်းမှာ သွားကြို၊ သွားပို့ မလုပ်ဘူးတဲ့ အကိုဆရာကို တွေ့ချင်ပါတယ်ဗျာ။


    http://moemaka.com/index.php?option=com_content&task=view&id=9878&Itemid=1

  1. Anonymous said... :

    နအဖ စစ်အစိုးရအကြိုက်မို့  ကြိုဆိုမှာပါ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ဝင်တုန်းကလည်း ရွေးကောက်ပွဲဝင် ပါတီတွေကို သူတို့  ဘက်က သူတို့ ခင်းထားတဲ့ လမ်းလျှောက်သူများ အဖြစ် အထိုက်အလျှောက် ရောရောယောင်ယောင် ကြိတ်ပြီး လက်ခံခဲ့ပါတယ်။ သီးလေးသီးမှာ ၂ သီးက ရန်ကုန်ပြန်သွားပြီး ၂သီးက ကျန်ခဲ့တယ်ဆိုတော့ နအဖဘက်က ခွဲနိုင်တယ် ဖြိုနိုင်တယ် ပြောရမယ်။ ကိုယ်ခံယူချက်နဲ့ကိုယ် ကိုယ့်ဘဝနဲ့ကိုယ်မို့  အမှားအမှန် ကတော့ ကိုယ်နဲ့သာဆိုင်ပါတယ်။ ဒီလို ဝင်သွားလို့  နိုင်ငံရေး ပြောင်းလဲသွားပြီး စစ်အစိုးရဘက်က သဘောထားပြောင်းသွားပြီးလို့ တော့ တွက်လို့ မရပါဘူး။ ယမ်းငွေ့ တွေ ဝေနေတဲ့ တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကျဉ်းသားတွေချွင်းချက်မရှိ လွှတ်ပေးရေး တွေက လက်တွေ အကောင်အထည်ဖော်ရမည့် ကိစ္စ ဆုံးဖြတ်ရမည့်ကိစ္စတွေပါ။

  1. Anonymous said... :

    အိုးဟို့..............
    ဆေးရောင်စုံဆိုတဲ့အတိုင်းပါပဲ

  1. MR7 said... :

    myanmar so dar dar pae.,friend'..,we are the leader'and we are ather,that's why we should be take care our native.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved