မြန်မာစကားမတတ်တဲ့ တရုတ်လမ်းဘေး ဈေးသည်
Friday, September 23, 2011
ထူးတေဇာက ဗီမီယိုမှာ တင်ထားတဲ့ ဗီဒီယို ဖိုင်ပါ။ သူ့ရဲ့ ဖေ့စ်ဘုတ်မှာလည်း ဒီလို ရေးထားပါသေးတယ်။
ပြည်ကြီးတရုတ်တွေ အထက်အညာဘက်တင်ရှိတာ မဟုတ်ဘူးဗျ ... ဟဲ ... ဟဲ ... ရန်ကုန်မှာလည်း ရှိတယ်။ မနေ့ကတောင် မြို့ထဲမှာ မီးဖိုချောင်သုံး အခြစ်တွေ ရောင်းနေရဲ့ ... မြန်မာစကားဘာမှ မတတ်ဘူး ... "တစ်ထောင်" ဆိုတာ တစ်လုံးပဲ တတ်တယ် ... လမ်းဘေးဈေးသည်နော် တရုတ်နော် ဘာမှတ်နေလဲ ....
Chinese Street Hawker from Yangon from Htoo Tay Zar on Vimeo.
20 comments :
  1. မောင်ကောင်း said... :
    တရုပ်ကဖိ သျှမ်းကအိ ရှိသည့် ဗမာ အနောက်မှာ ဆိုလားပဲ ရှေးက စာချိုးလေး၊ အတော်ကြာပြီနော် မောင်ကောင်းတော့ အသက်လေးရလာလို့ သေချာအတိအကျတော့မမှတ်မိဘူးခင်ဗျ။
  1. Anonymous said... :
    one world is one family.no chinese , no burmese, no american etc , all are human.what to say on me and people from burma who live in other country. i think , living simple way is no boundary.
  1. Anonymous said... :
    အဲဒီ တရုပ်က မြန်မာပြည်ကို ဘယ်လို ၀င်လာပါ သလဲ။ ဘယ်သူ့ ခွင့်ပြုချက် နဲ့ပါလဲ . . .တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ အတိုက်အခံတွေကို တရားစွဲ ထောင်ချ တာ ၀ါသနာ ပါသော အစိုးရ အတွက် မေးခွန်း တစ်ခုပါ . . .
  1. Anonymous said... :
    အစိုးရ ရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေက အဲသည်လို တရုတ်မျိုးတွေကျတော့ အရေးမယူ ဘူးလား၊ ဒါငါတို့နိုင်ငံ တရုတ်နိုင်ငံမဟုတ်ဘူး၊
    တရုတ်နဲ့ ပတ်သက်လို့ တခုခုဖြစ်ခဲ့ရင် မင်းတို့တတွေ အားလုံး သမိုင်းတရားခံတွေလိုပဲ သတ်မှတ်ရမယ်
  1. Anonymous said... :
    မလုပ်ကြပါနဲ့ဗျာ။ သူ့ခမျာမှာလဲ မရှိလို့ လုပ်စားရရှာရတာ။ ကိုယ်ချင်းစာကြပါ၊ အဖမ်းအဆီးခံရမှာ မကြောက်နိုင်၊ ဝမ်းတထွာအတွက် ပရိရေသန ရှာစားနေရတာပါ၊ နိုင်ငံတွေ လူမျိုးတွေ ဖယ်ပြီးလူသားတဦးလို့ပဲ မြင်စေချင်ပါတယ်၊
  1. Anonymous said... :
    Those who are too pessimistic about Chinese, U all just need to try harder in order to get better life than theirs..Look at the bigger picture, think out of the box and open your sleepy eye. We all can learn from this...They are not lazy. How about you? pls shut your mouth and start working.
  1. Anonymous said... :
    he is speaking Palaung,not Chinese,LOL
  1. Anonymous said... :
    ခင်ဗျားတို့ ကျုပ်တို့ အားလုံး ပေါ့ပေါ့ဆဆ ပျော်ပျော်ပါးပါးနေ နေကြလို့ကတော့ သား သမီး မြေး မြစ်တွေ နောင်တချိန်မှာ ဘယ်ဘဝရောက်မယ်ဆိုတာ ညအိပ်ယာဝင်တိုင်း တွေးကြည့်ကြပါ မြန်မာပြည်ကို ကျုပ်တို့ ဘိုးဘွားတွေ ကာကွယ်စောင့်ရှောက်ခဲ့သလို ကျုပ်တို့ တိုင်းပြည်နဲ့လူမျိုးကို အားလုံးညီညွတ်စွာ စောင့်ရှောက် ကာကွယ်ကြပါစို့
  1. Anonymous said... :
    very ashamed to be a burmese in this modern day now we are being chinese slaves if our great kings those defeated chinese major invasions not once but fourth would know i bet they'd be scouting on you and you will lose your heads watch these eff chinese take over the whole burma later on and put our country as their vassal state as what we did to thailand god dam you!
  1. Anonymous said... :
    ဘာလို.ဒိတ၇ုတ်တွေ တ၇ားမ၀င် ၀င်လာတာကို မဖမ်းဘဲ လွတ်ထားကြတာလဲ ....တကယ်ဆို လူဝင်မှု.ဌာနက ဖမ်း .ထောင်ချ ဒါဏ်၇ိုက်ပြိး ထိုင်းနယ်စပ်မှာ မြန်မာတွေကို လုပ်သလို tipper တွေပေါ်ကနေ တ၇ုတ်ပြည်ဘက်ပြန်ပို. ၇မယ် လူဝင်မှု.ကြီးကြပ်ေ၇း ဌာန က၀န်ကြိးနဲ.
    တိုင်းပြည်ကို ဒိလို ခွေးဝင်ပေါက်က၀င်ချင်သလို ၀င် ထွက်ချင်သလို ထွက်နေတာကို ကြည်.နေ၇င် အဲဒိဌာန ငါတို.တိုင်းပြည်.မှာ ဖွဲ.စ၇ာ မလိုတော.ဘူး
  1. Anonymous said... :
    သူလဲစီပွားရှာရတာပါ အဲလိုတဘက်သက်တော.မပြ့ာပါနဲ. ကျွန်တော်တို.မြန်မာတွေလဲတခြားနိုင်ငံတွေမှာ အဲလိုလုပ်ရရင်ကော ခင်ဗျားတို.စာနာကြပါ တရုတ်တွေထဲမှာလဲ ဆင်းရဲတဲ.သူတွေနဲ. စိတ်ထားကောင်းတဲ.သူတွေအများကြီးပါ
  1. Anonymous said... :
    ဒါးဒါး
    တရုတ်ကဖိ သျှမ်းကအစ် ရှိသည်ု့ဗမာ အနောက်မှာ ကရင်အော် ဗမာလှဲ ရှမ်းမျက်စိ ပြဲ တဲ့ မောင်ကောင်းရေ။ ကျနော်ကြားဖူးတာနော်
  1. Anonymous said... :
    တိုင်းရင်းသားပြည်သူတွေ၊ခရီးသွားကြည့်ပါ၊
    စစ်လိုက်တဲ့မှတ်ပုံတင်။ဘယ်သွားသွားပါ။
    မန္တလေး၊မေမြို့တက်ရင်တောင်စစ်တယ်။
    အကြောင်းမရှိအကြောင်းရှာပြီးငွေကလည်းတောင်းသေး။
    ပညာတော့ပါတယ်။အာပါတ်လွတ်အောင်အချိုရည်ဘူးလက်ဆောင်ပေးတယ်။
    အခုဒီတရုပ်ရန်ကုန်ဘယ်လိုလုပ်ရောက်လာပါလိမ်.
  1. Anonymous said... :
    ကျနော်က ရန်ကုန်ကနေ ကော့သောင်းကို အရေးကြီးကိစ္စနဲ့ ခရီးသွားရပါတယ်။ ရန်ကုန်ကနေ မော်လမြိုင်အထိ ဘာမှ ပြဿနာ မရှိပေမယ့် မော်လမြိုင်လွန်တာနဲ့ လ၀ကနဲ့ လူကုန်ကူးတားဆီးရေး ဆိုတဲ့အဖွဲ့တွေ တောက်လျှောက်လာစစ်တယ်။ မှတ်ပုံတင်တစောင်ကို ၅၀၀ ကနေ ၁၀၀၀ အထိ ပေးဆောင်ပြီး ခရီးသွားရတယ်။ ပိုဆိုးလာတဲ့နေရာက ထားဝယ်အ၀င်မှာပါ။ မှတ်ပုံတင်နယ်ခြားကို ၅၀၀၀ ကောင်းကောင်းမတောင်းဘူး။ ဟိန်းဟောက်ခြောက်လှန့်ပြီး တောင်းတယ်။ ပေးတဲ့လူတွေပေးတယ်။ ကျနော်ကတော့မပေးဘူး။ စကားတော်တော်များ လိုက်တယ်။ မှတ်ပုံတင် ထားခဲ့လိုက်တယ်။ တိုင်းရဲစခန်းကို သွားအမှုဖွင့်တယ်။ မှတ်တမ်းရေးပေးပါ့မယ်ဆိုပြီး ရေးပေးတယ်။ ထားဝယ်မှာ သုံးရက်ကြာတယ်။ တိုင်းရုံးက ထောက်ခံစာ ရေးပေးလိုက်တယ်။ ကော့သောင်းရောက်တော့ လူကုန်ကူးတားဆီးရေးအဖွဲ့ ရဲတွေက ကျနော့် ထောက်ခံစာကို လုံးခြေ လွှတ်ပစ်လိုက်ပြီး မင်း ရန်ကုန်ပြန်ရမယ်၊ ကော့သောင်းမ၀င်ရဘူးဆိုပြီး သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးမှာ သွားချုပ်ထားတယ်။ မင်းတို့ ထွက်ချင်ရင် မှတ်ပုံတင်တစောင်ကို ၇ သောင်း ဆိုပြီး လာပြောတယ်။ ကောင်မလေးတွေကိုတော့ မှတ်ပုံတင် တစောင် ငါးသောင်းနဲ့ တည့်ပြီး လာထုတ်သွားတယ်။ ခဏနေတော့မှ ကျနော့်သူငယ်ချင်း ရောက်လာလို့ ကျနော်ထွက်ရတယ်။ ခရီးသွားတွေ စိတ်ချမ်းသာမလား။ မှတ်ပုံတင်က မြန်မာပြည်မှာ သုံးမရဘူးလား။ တဖက်နိုင်ငံခိုးထွက်မဲ့သူတွေ ဘယ်နေရာကနေ တားသင့်သလဲ။ အသုံးမ၀င်တဲ့ ဒီမှတ်ပုံတင် ဘာလို့ ထုတ်ပေးနေမလဲ။ အခုလို လာဘ်စားပြီး ရိုင်းပြတဲ့ ၀န်ထမ်းတွေကို ဘယ်လိုအရေးယူမလဲ။ သမ္မတကြီးနဲ့ တိုင်းမှူးကြီးသိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
    ခရီးသည်တဦး
  1. Anonymous said... :
    May be china's spy...
  1. Anonymous said... :
    Dear all,
    think twice before you say, Why Burmese people left for other countries? And work in neighboring countries, the same thing Chinese people come to work as a street sellers to find money and jobs they can do business. Burmese people doing another job as a slave.
    The main thing is do not speak much, revolution to finish this stupid govt to solve all the problems.
    If you brave enough and love your people, love your country.
    Fight to finish the military regime.
    If not be ready to sell yourself, neighboring countries are waiting whatever you have.
  1. Anonymous said... :
    အထက်က ပုဂ္ဂိုလ်တယောက် ဆိုသွားခဲ့သလို လူသား ၀ါဒအရ စာနာတယ်ဆိုတဲ့အဆိုကို လက်ခံပါတယ်၊ နိုင်ငံတ ခုဖြစ်တည်မှုအရတော့ မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယ လို လူဦးရေများတဲ့နိုင်ငံတွေအကြားမှာနေရတာပါ။ စာနာစိတ်နဲ့ သာ အ၀င်ခံလိုက်မယ်၊ အရေးမယူဘူးဆိုရင် တလဟောထိုး တရုတ်ဆင်းရဲသားလူလှိုင်းကြီးဟာ ရေလှိုင်းလို ၀င်လာပါလိမ့်မယ်။ ထိုင်းနိုင်ငံ မလေးရှားနိုင်ငံလည်း တရားမ၀င်လာတဲ့ မြန်မာတွေကို အရေးယူပါတယ်၊ ဒါဟာ ဥပဒေပါပဲ၊ မတရားသဖြင့်မနှိပ်စက်ရင် ပြီးတာပါပဲ
  1. Anonymous said... :
    Chinese Govt is no different to Burma. Probably Burma is more liveable than Yunan, China. LOL
    So not a surprise to see such people. He will eventually learn Burmese. By the way, our sisters & brothers in Thailand do not speak Thai initially. Again, our sisters & brothers in Malaysia do not speak Malay initially.
  1. Anonymous said... :
    တရုပ်ထောက်လှမ်းရေးတွေလဲဖြစ်နိုင်ပါတယ်၊ ၁၉၉၀ ၀န်းကျင်တုန်းက ဘာမှ မဟုတ်အပ်တဲ့ တရုပ်ဗုဒဘာသာ ဘုရားကျောင်းတွေ ရန်ကုန်အနှံ တိုင်းပြည်အနှံ ပေါ်လာပြီး ၃ နှစ်အတွင်း အစိုးရကို ဘယ်လို ပေါင်းရမလဲ မြန်မာပြည်ထဲ ဘယ်လို စိမ့်ဝင်ရမလဲ သိသွားကြတယ်လေ၊ လူသားချင်း စာနာပေမယ့် အရာရာကိုတော့ သတိရှိကြတာကောင်းပါတယ်
  1. Anonymous said... :
    တရုပ်ပြည်ကလွှတ်လိုက်တဲ့တရုတ်ဂျိမ်းစဘွန်းကောမဖြစ်နိုင်ဘူးလား...မဟာဗျုဟာကျတဲ့မြန်မာပြည်ကိုလွှမ်းမိုးရန်အတွက်မြန်မာအစိုး၇ကိုတော့ရာနှုန်းပြည့်ချုပ်ကိုင်ပီးပါပီ.။
    မြန်မာပြည်သူပြည်သားတွေကိုလည်းရာနှုန်းပြည့်ချုပ်ကိုင်နိုင်ရန်စီပွားရေး၊လူမှုရေး၊ဘာသာရေး၊ပညာရေး၊ယဉ်ကျေးမှုးမှအစအဘက်ဘက်ကထိန်းချုပ်နိုင်ရန်စေလွှတ်ထားတဲ့အများကြီးထဲကတယောက်ဖြစ်နိုင်ပါတယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved