"အဖွဲ့အစည်းတော်တော်များများက လုပ်စားနေကြတာ"

Wednesday, September 14, 2011



....







မကြာသေးမီ ရက်ပိုင်းအတွင်း ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော သီးလေးသီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ လူရွှင်တော် ဂေါ်ဇီလာနှင့် The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

အခု ပြန်လာတုန်းက ဘယ်လိုမျိုး စိုးရိမ်ပူပန်မှုတွေ ရှိခဲ့လဲ။

ကျွန်တော်တို့ မစိုးရိမ်ဘူး။ ဘာဖြစ်လို့ မစိုးရိမ်လဲဆိုတော့ ကျွန်တော်တို့ ပြည်ပကို ထွက်သွားပြီး

အငြိမ့်နဲ့အနုပညာအလုပ်ပဲ လုပ်ကြတာ။ ကျွန်တော်တို့ ပြက်လုံးတွေက ပုဂိုလ်ရေးမပါဘူး။

အငြှိုးအတေး မပါဘူး၊ နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ခံစားချက်တွေကို တင်ပြပေးတာ။

ဒါလေးတွေကတော့ ဒီလိုဖြစ်နေတယ်၊ ဒါလေးတွေကတော့ လိုအပ်နေပါတယ်၊ ဒါလေးတွေကိုတော့

ဖြည့်ဆည်းပေးပါဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဖမ်းမှာ ဆီးမှာစိုးတဲ့

ပူပန်မှုမျိုး မရှိခဲ့ပါဘူး။

ပြည်ပမှာ အနုပညာအလုပ်ကို လုပ်တဲ့အခါ ဘယ်လိုအခက်အခဲမျိုးတွေ တွေ့ခဲလဲ။



ပြည်ပမှာ အငြိမ့်ကဖို့အတွက်ကတော့ အခက်အခဲရှိတယ်။ ပထမအခက်အခဲက ဗီဇာအခက်အခဲ။

ဒုတိယအခက်အခဲက ပရိသတ်အများကြီး လာကြည့်ချင်ပေမယ့် ကောလာဟလ သတင်းတွေကြောင့်

လာကြည့်ဖို့ စိတ်ကူးထားတဲ့ ပရိသတ်ထဲက တစ်ဝက်လောက်ပဲ တကယ်လာကြည့်ဖြစ်တာ။

တတိယအခက်အခဲက အဖွဲ့အစည်းတွေက လာပြီးမိတ်ဆက်တယ်။ ပြီးတော့ သူတို့အောက် သွတ်သွင်းဖို့

ကြိုးစားတယ်။ ကျွန်တော်တို့ ဒါမျိုးကိုတော့ လက်မခံခဲ့ဘူး။ အနုပညာသမား အနုပညာအလုပ်ကိုပဲလုပ်တယ်။

ဘယ်အဖွဲ့အစည်းရဲ့ သြဇာလက်အောက်ခံအဖြစ် အရောက်မခံနိုင်ပါဘူး။

ဘယ်လိုအဖွဲ့အစည်းမျိုးတွေဆိုတာ ပြောပြလို့ရမလား။



အဖွဲ့အစည်းတွေဆိုတာ မျိုးစုံပါပဲ။ တကယ်တမ်းပြောရရင် ဘာတွေမှန်းကို မသိတာ။ နိုင်ငံရေး၊

လူမှုရေး အဖွဲ့အစည်းတွေ ။ အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်းက ပိုများတယ်။ ကျွန်တော်တို့ ဘယ်

အဖွဲ့အစည်းနဲ့မှ မပူးပေါင်းခဲ့ဘူး။ ကျွန်တော်တို့ လက်လဲမခံဘူး။ ကျွန်တော်တို့အမြင်မှာ ပြည်သူလူထု

အတွက် အကျိုးရှိမယ်၊ အများအတွက် အကျိုးရှိမယ်ဆိုရင်တော့ ဘယ်သူနဲ့မဆို ပူးပေါင်းမှာပါ။

အဖွဲ့အစည်းတစ်ခုရဲ့ အသုံးအချခံတော့ အဖြစ်မခံနိုင်ဘူး။ အဲဒါတွေကိုတော့ တော်တော်လေး ရှောင်

တိမ်းခဲ့ရတယ်။

ဘာ့ကြောင့် လက်မခံရလဲဆိုတာ ထင်သာမြင်သာရှိအောင် ရှင်းပြပါလား။



ကျွန်တော့်အနေနဲ့ပြောရရင် အဖွဲ့အစည်းတော်တော်များများက လုပ်စားနေကြတာ။

တိုင်းပြည်ဒီမိုကရေစီရအောင် လုပ်ပေးမယ်ဆိုပြီး လုပ်စားနေကြတာ။ အကျိုးရှိစေတဲ့ ကိစ္စ

သိပ်မလုပ်ဘဲ မအပ်စပ်တဲ့ ကမ်ပိန်းတွေလုပ်ပြီး အလှူရှင်တွေဆီက ပိုက်ဆံတွေယူပြီး

ပြည်ပမှာ သုံးဖြုန်းကြပေါ့ဗျာ။ နိုင်ငံရေးလုပ်တဲ့နေရာမှာ အားလုံးက ကိုယ့်နိုင်ငံ တကယ်

တိုးတက်စေချင်တဲ့ သူတွေချည်းပဲ။ တကယ်တိုးတက်စေချင်တယ်ဆိုရင် အရာမရောက်တဲ့

အလုပ်တွေကို မလုပ်စေချင်ဘူး။ ထင်ပေါ်ကျော်ကြားအောင် မဟုတ်တာတွေ လုပ်နေကြတာ

အခု နိုင်ငံရေးလုပ်တာ နှစ် နှစ်ဆယ်ကျော်နေပြီ ဘာမှလဲ ထိရောက်မှုမရှိဘူး။

ပြည်ပမှာ ကျန်နေရစ်ခဲ့တဲ့ သီးလေးသီး အဖွဲ့ဝင်တချို့က ဦးဇာဂနာလွှတ်ပေးမှ

ပြန်လာမယ်ကြားတယ်။



ကျွန်တော်တို့အားလုံး နောက်ဆုံးတွေ့တဲ့အချိန်မှာ သဘောတူညီချက်က ဘာလဲဆိုတော့

ကျွန်တော်တို့ အရင်ပြန်မယ်၊ သူတို့က ကျန်ရှိတဲ့အလုပ်လေးတွေ ပြတ်ပြီးရင်

ပြန်လာခဲ့မယ်။ ပြန်ရောက်ရင်တော့ သီးလေးသီးအဖွဲ့ ပြန်ကမယ်ဆိုပြီး သဘောတူခဲ့ပါတယ်။

ဦးဇာဂနာ မိသားစုနဲ့ရော သွားတွေ့ပြီးပြီလား။



လောလောဆယ်မှာတော့ သွားမတွေ့ဖြစ်သေးပါဘူး။

သွားတော့တွေ့မှာပါ။

အခု ပြန်လာဖို့အတွက် ဦးဇာဂနာမိသားစုကနေတစ်ဆင့် ဦးဇာဂနာဆီက ထင်မြင်ချက်

တောင်းခံခဲ့တာမျိုး ရှိပါသလား။



အမှန်တိုင်းပြောရရင် ဦးဇာဂနာမိသားစုကို မဆက်သွယ်ခဲ့ပါဘူး။

မဆက်သွယ်ခဲ့တဲ့အတွက် သူတို့ ဘယ်လိုမှတ်ချက်ပေးမလဲ မသိပါဘူး။

ဦးဇာဂနာအနေနဲ့ ပြန်လာတဲ့ သီးလေးသီးအဖွဲ့ကို ဘာပြောချင်တယ် ထင်ပါသလဲ။



သူလည်း အနုပညာသမားပါ။ သူက သူများနိုင်ငံသွားတာ မကြိုက်ဘူး။

ကျွန်တော်တို့က သုံးနိုင်ငံဆိုပြီး ခရီးရှည်သွားတာ၊ သူက ပြီးသွားရင်

ပြန်လာခဲ့လို့ ပြောထားတာ။ ကျွန်တော်တို့ အစ်ကိုဆရာအနေနဲ့

ကြိုဆိုမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ပြန်လာတဲ့ကိစ္စကို သူ့အနေနဲ့

အတိုက်အခံလုပ်မယ်လို့ မထင်ပါဘူး။



ကျန်ရှိသည့် သီးလေးသီး အဖွဲ့ဝင် အင်တာဗျူးများကို ဆက်လက်ဖော်ပြပေးသွားပါမည်။



....

34 comments :

  1. Anonymous said... :

    ဦးဖိုးစိန်ကြီး နဲ့ကျောင်းသားသပိတ်ကို သွားသတိရသေးမိတော့

  1. Sniper said... :

    အလကားပါကွာ..
    ကိုယ့်ဟာကို ပြန်လာချင် ပြန်လာတာမဟုတ်ဘူး
    အပြင်က လူတွေကို အကြောင်းမဲ့ အပုပ်ချနေတာ။
    ဒီလို အစိုးရအကြိုက်စကားလေးလည်း ပြောပေးမှ သူ့အတွက် အိမ်အပြန် မျက်နှာပန်း လှမှာကိုး...
    "သောက်ရေးမပါ...ဂေါ်ဇီလာ" လို့တောင် ပြောရမလို ဖြစ်နေပြီ။

  1. Anonymous said... :

    အဖွဲ့အစည်းတွေဆိုတာ မျိုးစုံပါပဲ။ တကယ်တမ်းပြောရရင် ဘာတွေမှန်းကို မသိတာ။ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေ ။ အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်းက ပိုများတယ်။ အဲဒီလို ဖြေလိုက်တည်းက ဂေါ်ဇီလာတယောက် ရမ်းနေပြီ ဆိုတာ သိသာတယ်။ တကယ်ဘဲ သွတ်သွင်း ခံရတယ်ဆိုရင် သူပြောနိုင်ရမယ်လေ..ရမ်းတန်းပြောလို့ မရဘူး။ သူကိုယ်တိုင် သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့် အဖွဲ့ထဲကနေ ကန်ထုတ်ခံရလို့ ဖရိုဖရဲ ဖြစ်ခဲ့တာကော အခက်ခဲတခုအနေနဲ့ မပြောဘူးလား...။ သေချာတာတော့ ဂေါ်ဇီလာတယောက် အရောင်ပြောင်းသွားတဲ့ ပုတ်သင်ညို ဘ၀ကို ရောက်သွားပြီ။ ပြန်တာတောင် သူ့ဆရာသမား ဖြစ်တဲ့ ကိုဇာဂနာတို့ မိသားစုကို အရင်ဆုံး အဆက်အသွယ် မလုပ်ခဲ့ဘူးဆိုမှတော့... မြင်ယောင်သေးတယ်..အလျှောက်မကောင်းရင်တော့ အထောင်းမသက်သာဘူးသာ မှတ်တော့..။

  1. Anonymous said... :

    ဒီလိုအချိန်မှာ ဒီလိုမျိုးလုပ်ကြတဲ့သူတွေ ပြောကြတာကတော့ သိပ်မဆန်းပါဘူး ... ဟိုးအရင်ကလည်း ဒီလိုမျိုးလုပ်ဖူး ပြောဖူးခဲ့ကြတဲ့သူတွေ ရှိတာကိုး ...... ဒါမှလည်း အဘဆိုတဲ့ သူတို့ဆီကနေ စိတ်သိပ်မကွက်ဘဲ ခွင့်လွှတ်လို့ သက်သာရာ သက်သာကြောင်း ဖြစ်တော့မှာပေါ့ .......
    ဟုတ်တယ်မဟုတ်လား ဂေါ်ဇီလာရေ ..... ဒီခရီးသွားရင် ဒီကားစီးရတော့မှာပေါ့ .......
    မသိလို့ မှားခဲ့မိတယ်ပေါ့လေ .... တခုတော့ရှိတယ် ကျေးဇူးတရားကို ကျေးစွတ်ခဲ့ရင်တော့ သိပ်မကောင်းဘူး ...... အထူးသဖြင့် အနုပညာသမားတွေ အနေနဲ့ .....
    ဘာပဲဖြစ်ဖြစ် တချိန်ကျရင် သူ့ဘာသာသူ အမှားအမှန် ပေါ်လာမှာပဲ ..... အဲဒီအချိန်ကျမှ နောင်တဆိုတဲ့ နောင်မှတတဲ့ အဖြစ်မျိုး မရောက်ပါစေနဲ့ .......

  1. Anonymous said... :

    ...ကျွန်တော့်အနေနဲ့ပြောရရင် အဖွဲ့အစည်းတော်တော်များများက လုပ်စားနေကြတာ။

    တိုင်းပြည်ဒီမိုကရေစီရအောင် လုပ်ပေးမယ်ဆိုပြီး လုပ်စားနေကြတာ။ အကျိုးရှိစေတဲ့ ကိစ္စ

    သိပ်မလုပ်ဘဲ မအပ်စပ်တဲ့ ကမ်ပိန်းတွေလုပ်ပြီး အလှူရှင်တွေဆီက ပိုက်ဆံတွေယူပြီး

    ပြည်ပမှာ သုံးဖြုန်းကြပေါ့ဗျာ။....


    ဟားဟားဟား....အေးပေါ့ကွာ...မင်းတို့ ဘာပဲပြောပြော မင်းတို့ ကို နားလည်ပေးပါတယ်...အဲဒီလိုမှမပြောရင် မင်းတို့ တတွေ့ သေဖို့ သာ ပြင်ထားပေတော့.. မဟုတ်ဘူးလား..

  1. Anonymous said... :

    တကယ်ပဲ အဖွဲ့အစည်းတော်တော်များများလုပ်စားနေကြတာပဲလေ သူပြောတာမှန်တာပေါ့

  1. Nyo said... :

    ဂေါ်ဇီလာအနေနဲ့ ပြည်ပမှာသူတွေ့မြင်နားလည်ခဲ့တာကို သူ့အမြင်အတိုင်း အသေအချာပြောသွားတာပဲလို့ သဘောပေါက်ပါတယ်။ ပြည်ပမှာ ဘယ်အဖွဲ့အစည်းကများ နိုင်ငံရေးကို ခုတုံးလုပ်ပြီး လုပ်မစားပဲ နေကြလို့တုန်း။ ပြည်ပအဖွဲ့အစည်းတွေက ဘာပွဲပဲဖိတ်ဖိတ်၊ ဖိတ်လို့သွားလိုက်ပြီဆိုရင် (သူတို့လုပ်တာကို သဘောကျသည်ဖြစ်စေ-မကျသည်ဖြစ်စေ) လုပ်တဲ့အဖွဲ့ရဲ့ (အင်အားပြအနေနဲ့)အသုံးချခံ ဖြစ်ဖြစ်သွားတာပါပဲ။

  1. Anonymous said... :

    ဘယ်လိုတွေလဲဗျာ .... ဟိုရောက်တော့ တမျိုး မြန်မာပြည် ပြန်ရောက်တော့ တမျိုး အမျိုးမျိုးနဲ့ ဒီစကားကို အခုမှ ဘာလို့ ပြောထွက်တာလဲ ဆိုတာ စဉ်းစားစရာပါပဲဗျာ ...

  1. Anonymous said... :

    သီးလေးသီးအဖွဲ့သားများ နိုင်ငံခြားမှာ အခက်အခဲ ကြုံရတယ်လို့ ကြားရပါတယ်၊ ကျန်ခဲ့တဲ့ သီးလေးသီး အဖွဲ့ဝင်တွေအတွက် ဘယ်လိုများ ရှေ့ဆက်မလဲ ဘာများ ကူညီနိုင်မလဲဆိုတာ သိချင်လို့ ... လိပ်စားလေးများ ရှိရင် ပေးကြပါဦး

  1. Anonymous said... :

    တိုင်းပြည်အတွက် ဒီမိုကရေစီရေး အတွက် ဘာမှမလုပ်ပေးဘဲ မသိကျိုးကျွန်ပြု၊ အမျိုးသားရေးနားမလည်ပဲ ကိုယ့်ထမင်းကိုယ်စား၊ စနစ်ဆိုးကြီးထဲမှာ လည်သလို လုပ်စားနေတဲ့ လူတွေ ထက် စာရင် တခုခု လုပ်ပေးပြီး စားရသူများကို လေးစားမိပါကြောင်း........။ JJ

  1. Anonymous said... :

    အပြင်မှာ အနုပညာ သမားတွေ အများကြီးပါ၊ နိုင်ငံရေး ခံယူချက် မရှိဘဲနဲ့ အပြင်မှာ ပိုပြီး စားသာမလားဆိုပြီး ထွက်လာတဲ့ သူဘဲ ဒီလိုဘဲ ပြောမှာပေါ့၊ သိပ်မစိုးရိမ်ပါနဲ့ ဂေါ်ဇီလာ၊ မင်းက တောက်တဲ့ လောက်တောင် အဆိပ်မရှိတာ အစိုးရက သိပြီးသားပါ၊ တခုတော့ရှိတယ် (ဦး)ဇာဂနာ နံမည်နဲ့တော့ သိပ်လုပ်မစားနဲ့ကွာ၊ ခဏခဏ ပြောရင် မင်းပါးစပ်က ချီးစော်နံလာလိမ့်မယ်။ ကိုယ့်ဘာသာ အရက်လေးသောက်၊ မင်းသမီးလေးနဲ့ ခိုးစား၊ အဆင်ပြေသလိုလေး နေပေါ့၊ ဟုတ်လား။ ကြံဖွံ့ပွဲတွေပါတွေမှာတော့ မင်းတို့ကို ခေါ်ကခိုင်းမှာပါ။

  1. Anonymous said... :

    ၁။ ၂။ ၃။ သူတို.ခါးကုန်းသွားကြပြီ။

  1. Anonymous said... :

    You are right. Gaw Zi Lar.

  1. Anonymous said... :

    ပြောတာတွေ ဟုတ်တယ်ဟေ့ ပြေတာကတော့ တော်တော်မှန် လုပ်စားတာတွေ များတယ် မယုံရင် ကိုယ်တိုင် လာကြည့် ။ ဖုန်းနံပါတ် ထဲ့ပေးလိုက်အုံးမယ် တကယ်ဟုတ်တယ် လုပ်စားနေကြတာ ။

  1. Anonymous said... :

    လောက ကြီးထဲ မှာ ယုန် နှင့် အတူပြေး ခွေးနှင့် အတူလိုက် ... ဆိပ်လဇိ .. အဲလို သာ လုပ် ... စားသာသကွဲ့ ..ဂေါဇိလာ ရဲ့

  1. Anonymous said... :

    သီးလေးသီးရဲ့ ပြည်ပက လုပ်စားတွေအကြောင်း ပျက်လုံးလေးတွေ နားထောင်ရဦးတော့မှာပေါ့... (မကြာမီ... မျှော်..)

  1. Anonymous said... :

    ဘယ်သူမှ မကောင်းဘူးကွ
    ဘယ်သူ့ကိုမှ မယုံဘူး
    ကောင်းတဲ့ကောင်က ဘယ်သူလဲ ?
    ပုတ်တောင်းကြီးက ကြီးယုံတင်မကဘူး အက်ကွဲနေပြီ
    အဲ့ဒီလိုပဲ မြန်မြန်ကွဲတာနဲ့ ၊ မြန်မြန်မကွဲတာပဲ ရှိတယ်
    အားလုံး အတူတူပဲ။

  1. Anonymous said... :

    ဂေါ်ဇီလာပြောတာ မှန်ပါသည်။ လုပ်စားနေကြတယ်ဆိုတာ။ သို့သော် လုပ်စားနေတဲ့ အဖွဲ့အစည်းတွေကတော့ ကျွန်တော်တို့ လုပ်စားနေကြပါ သည်ဟု ပြောလိမ့်မည်မထင်ပါ။

  1. Anonymous said... :

    အစကထဲကအညှာမခိုင်ရင်၊သီးပင်မသီးသင့်ပါကြောင်း၊နောက်ဆိုရင်သီးလေးအသံကြားရင်တောင်လှည့်ကြည့်တော့မှာမဟုတ်ပါကြောင်း....

  1. မောင်ကောင်း said... :

    မောင်ကောင်းတယောက် သူများအကြောင်းမပြောလိုပါဘူး သို့ပေသော်ငြားလဲပဲ မပြောမပြီးမတီးမမြည်ပေါ့ဗျာ၊ ဂေါ်ဇီလာဆိုသူလူရွှင်တော်တဦးပြောလာတဲ့ (၁) ပြည်ပအဖွဲ့အစည်းတွေလုပ်စားနေကြတယ်ဆိုတာရယ်၊(၂)ကျွန်တော်တို့ဘယ်အဖွဲ့အစည်းနဲ့မှမပူးပေါင်းခဲ့ဘူး။ကျွန်တော်တို့ လက်လဲမခံဘူး။ ဆိုတဲ့စကား ၂ခွန်း အပေါ်မှာ တာဝန်ယူရဲတဲ့သတ္တိရှိရပါမယ်၊ ပြည်ပအဖွဲ့အစည်းတွေ လုပ်စားသည်မစားသည် မောင်ကောင်းမသိပါ၊ စိတ်လဲမဝင်စားပါ၊ သို့သော် ဂေါ်ဇီလာဆိုသောသူသည် "တပွင့်ကြွေရင် ၂ပွင့်ဝေမယ်" ဆိုတဲ့ဇတ်လမ်းဗွီဒီယိုရယ် လူ့အခွင့်အရေးပညာပေးဆိုသော ဇတ်လမ်းဗွီဒီယိုရယ်ကိုတော့ ပြည်ပအလှူရှင်အဖွဲ့အစည်းကြီးတခုကို ကိုယ်တိုင်ပရိုပိုဇယ်တင်ပြီး မဲဆောက်တွင်ရိုက်ကူးကာ ရိုက်ကူးရက်ပေါင်းကိုအမှန်တကယ်မတင်ပြပဲပိုတင်ပြီးအိပ်ထဲထည့်သွားတာလုပ်စားသွားတာ၊မဲဆောက်တွင်လိုအပ်သောဇတ်ပို့သရုပ်ဆောင်များကိုအမှန်ပေးရတဲ့ငွေထက် ၂ဆကျော်ပိုတင်ပြီးအိပ်ထဲထည့်သွားတာတချက်၊ ယင်းကဲ့သို့တိုက်ရိုက်ပရိုပိုဇယ်မတင်မီက DVB ဒီမိုကရက်တင်မြန်မာ့အသံတွင်အပတ်စဉ်ဇတ်လမ်းတိုများကိုတပုဒ်လျှင်မည်ရွေ့မည်မျှဖြင့်ညှိနှိုင်းကာDVB နှင့်ပူးပေါင်းတင်ဆက်(အကျိုးအမြတ်ရယူကာ)ခဲ့သည်ကတချက်၊ထို၂ချက်ကို ဂေါ်ဇီလာဆိုသူ ကောင်းကောင်းသိပါလိမ့်မယ်လို့ မောင်ကောင်းတင်ပြပါရစေ၊အခြားကိုယ်ရေကိုယ်တာကိစ္စတွေအဖွဲ့တွင်းပြဿနာတွေကို မောင်ကောင်းမပြောလိုပါမပြောသင့်ပါ၊သိုသော် ပြည်ပတွင်ရပ်တည်ဖို့ခက်ခဲလာသည်အကြောင်းပြချက်ဖြင့် ပြည်တော်ပြန်တာကိုနားလည်ပေးလို့ရပါသော်လဲသခင်အားရကျွန်ဒဏ်ဝ ကဲ့သို့ လက်ရှိဗိုလ်ချွတ်အစိုးရကိုဖေါ်လံဖားပြီး အနေအစားချောင်စေရန်အလို့ငှာ ပြည်ပတွင်ရှိနေသောပတ်သက်ခဲ့သော ကျေးဇူးမကင်းရာမကင်းရှိခဲ့သော လူအဖွဲ့အစည်းပုဂ္ဂိုလ်များကိုထိခိုက်ပြောဆို ခြင်းများမလုပ်သင့်ပါကြောင်း ။( ပြည်ပမှာအနေအစားဆင်းရဲကျပ်တည်းလို့ ရပ်တည်ဖို့မလွယ်လို့ဆိုတဲ့အကြောင်းပြချက်ကို ပြောတိုင်းပြောတိုင်းအချုပ်အနှောင်ခံနေရတဲ့ဒုက္ခဆင်းရဲကျပ်တည်းရင်ဆိုင်နေရတဲ့ကိုသူရမျက်နှာကို ပြေးမြင်သင့်ပါကြောင်း မောင်ကောင်းထပ်လောင်းပြောဆိုပါရစေ။ )

  1. mya said... :

    ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိတဲ့လူ ပါလား

  1. ချင်းမိုင်သား said... :

    တလကိုကျပ်ငွေ ၃သိန်းနီးပါတန်လုံးချင်းခြံဝန်းနဲ့နေ၊ ကိုယ်ပိုင်ကားဝယ်စီး၊ အလှမွေးခွေးငါးကောင်မွေး၊ နေ့စဉ်အိမ်မှာကျိတ်ဝိုင်း(ဖဲဝိုင်း)ထောင် .. အဲ့ဒါတွေနဲ့တောင်မှ ပြည်ပမှာအဆင်မပြေသေးဘူးလား ကိုကိုဂေါ်ဇီလာရယ် သမိုင်းတွေရှိတယ်နော် လူမျက်လုံးတွေအကန်းတွေမဟုတ်ဘူး ကြည့်ပြောကိုယ့်လူ ကြည့်ပြော တချိန်ကျရင်ရှင်းရမယ် ပြင်သာထား

  1. Anonymous said... :

    မှန်လိုက်ထာဂေါ်ဇီလာရယ်
    မှန်တာတွေပြောတော့နာကုန်
    ကြပြီ ရှက်တာပေါ့နော်သူတို့က

  1. Anonymous said... :

    နအဖ လေသံနဲ့ တစ်ထပ်တည်း ထွက်အောင် ပြောနိုင်တဲ့ ဂေါ်ဇီလာ ဖြစ်သွားပြီး။ ဂေါ်ဇီလာ ပြောတဲ့ လေသံမျိုးကို နအဖ၊ နဝတ ထောက်လှမ်းရေးတွေက လူထုကြားမှာ အတော်လေးဝါဒဖြန့် ခဲ့ရတာ။ အတိုက်အခံတွေ ဆိုတာ ဘယ်လို၊ ဒေါ်အောင်ဆန်စုကြည်ဆိုတာ ကုလားနဲ့ ရထားတာ စသည်ဖြင့် လူထု အယုံအကြည်မဲ့အောင် ကြိုးစားပြီး လူထုကြားမှာ လုပ်ခဲ့ရတာ။ ပြည်ပမှာ ရှိတဲ့ ပရိတ်သတ်ကြားမှာ လာနေသွားတယ်။ ပြည်ပ အဖွဲအစည်းတွေ မှာ တစ်မျိုးမျိုးနဲ့ ဆက်နွယ်ပြီး ရပ်တည်သွားတယ်။ ပြီးတော့ အားလုံးက လုပ်စားနေကြသူတွေလို့ ပြောတယ်။ အားလုံးလုပ်စားနေသူတွေ လို့  သိမ်းကျူံးပြီး ပြောတာတော့ အတော်ကို မှားနေပါပြီး။ တရားလွန်ပြော သွားတာပါ။ ပြည်ပမှာ နိုင်ငံရေး အဖွဲအစည်းတွေ တော်လှန်ရေး အဖွဲအစည်းတွေ ရှိတယ်။ လူမှု့ ကူညီစောင့်ရှောက်ရေး အဖွဲအစည်းတွေရှိတယ်။ မီဒီယာ အသိုင်းအဝိုင်း တွေရှိတယ်။ အားလုံးကို သိမ်းကျူံးပြီး ပုတ်သင်ညို အရောင်ပြောင်းသလို အများကို စော်ကားမော်ကားပြောသွားတဲ့ အင်တာဗျူးတစ်ခုက ဂေါ်ဇီလာရဲ့ အရည်အသွေး စိတ်နေသဘောထားကို ပေါ်လွှင်စေခဲ့တယ်။ ဘယ်လို လူတန်းစား ဆိုတာ အခုမျက်ဝါးထင်ထင်တွေကြရပြီး။ လူတစ်ချို့ လုပ်စားနေတယ်ဆိုတာ မှန်ချင် မှန်နိုင်တယ်။ လူအားလုံး လုပ်စားနေတယ် ပြောတာတော့ သဘာဝမကျဘူး။ ဂေါ်ဇီလာပြောသလို ပြည်ပမှာ လုပ်စားနေတယ်ဆိုတဲ့ သူတွေဟာ စစ်ယူနီဖောင်းဝတ်ပြီး ခိုးဆိုးလုယှက် ဓါးပြတိုက် ရွာမီးရှို့ နိုင်ငံပိုင်သယံဇတတွေကိုရောင်းစား နေတဲ့ စစ်ဗိုလ်ချူပ်တွေထက်စာရင် အဆပေါင်းများစွာ သာပါသေးတယ်ဗျာ။ စင်ပေါ်တက် ပြီး ပျက်လုံးထုတ်ရုံလောက်နဲ့တော့ အနုပညာရှင် တစ်ယောက်ပါ ဆိုရင်တော့ သာမန် အနုပညာရှင် လူတွေကို အချိန်ဖြုန်းတဲ့ ဝေလေလေ အနုပညာရှင် အဆင့်သာဖြစ်လိမ့်မယ်။ ကျွန်တော်တို့ က အနုပညာရှင် သက်သက်ပါ ဆိုတာ တာဝန်မဲ့တဲ့ အနုပညာရှင်ဖြစ်သွားမယ်ထင်တယ်။

  1. Anonymous said... :

    ပြည်ပ နိုင်ငံတွေကို ခရီးထွက် ဇာတ်သွားကတာ မင်းတို့ ဘဘကြီး သံရုံးတွေက အကူအညီပေးခဲ့လို့ ထင်တယ်။ ၄ နှစ်တောင် မကြာလိုက်ပါဘူး။ ဂေါ်ဇီလာ ကနေ ဂေါ်ဇီပြာလား ဖြစ်သွားပြီး။

  1. Anonymous said... :

    ပြည်ပမှာ အများပြည်သူအတွက် ထိရောက်တဲ့ အကျိုးရှိတဲ့ အလုပ်ကို မလုပ်နိုင်လို့ ပြန်သွားတာပါ။ လုပ်စားစရာ နေရာ မရှိ အရည်အချင်မရှိလို့  ပြန်သွားတာဖြစ်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ မရှိတာရောပါမှာပါ။ အဖွဲ့ အစည်းတွေ ရှိတဲ့ နေရာမှာ နေသွားပြီး အဖွဲ့ အစည်းတွေ မကောင်းကြောင်း ပြောသွားတာ အတော်ကို အံ့သြော်လောက်ပါတယ်။

  1. Anonymous said... :

    ဆရာသမား ကိုဇာဂနာရေ အခုတော့ အခုတော့ ခံနိုင်ရည်မရှိတဲ့ အနုပညာရှင် ဂေါ်ဇီလာကြီး တစ်ယောက်တော့ အဖတ်ဆယ်မရအောင် ဖြစ်သွားပြန်ပြီး။ အရည်အချင်းစစ်လိုက်ရင် အချိန်က ပြောလိုက်ပါပြီး။ ကိုယ်သဘောနဲ့ ကိုယ်လာပြီး ကိုယ်သဘောနဲ ကိုယ်ပြန်သွားတာပါ။ ဒီလိုလူမျိုးကို ဘယ်အဖွဲ့ အစည်းတွေက စည်းရုံးနေတာလဲ။ စစ်အစိုးရ ကြံ့ဖွတ်အစိုးရက ရိုက်တောင် မစစ်ရသေးဘူး။ အဖမ်းမခံရအောင် အပုတ်ချပြမှ ဖြစ်မယ်ဆိုရင် ကြိုပြောခဲ့ပေါ့ဗျာ။

  1. Anonymous said... :

    ပြည်ပကအဖွဲ့အစည်းတွေလုပ်စားကြတယ်ဆိုတာအမှန်ပါပဲ ။ကျွန်တော်ကိုယ်တိုင်မြင်မြင်ကိုယ်တွေ့ပါပဲ။ကိုယ်တိုင်လည်းပါဝင်လုပ်ဆောင်ခဲ့ပေမယ့်တကယ်တော့ စားဖို့ယွးဖို့ပါ.အဖွဲ့အစည်းဖွဲ့ပြီး စက်ရုံကကောင်မလေးတွေကို အမေရိကန်သွားရမယ် ဘာမယ်ညာမယ်ပြောပြီး အချောင်စားတာလည်းမျက်မြင်ပါပဲ.စိတ်မကောင်းစရာတွေအများကြီးတွေ့ခဲ့ပါတယ်။လူတဦးချင်းကတော့လေစားရမယ့်သူတွေရှိပါတယ် ဥပမာ ဦးမန်းငြိမ်းမောင်တို့.ဖထီးမန်းရှာတို့.ဦးညွန့်လွင်တို့.ဦးခွန်မြင့်ထွန်းတို့. ကိုသိန်းဆန်းတို့.ကိုသံခဲတို့.ရု့းအနေနဲ့ ရောင်ခြည်ဦး.တို့ လေးစားပါတယ် တော်ပါတယ် တကယ်ပဲအများကျိုးဆောင်ပါတယ်။ကိုယ့်တွေဆက်ဆံဖူးသမျလူးကြီးလူကောင်းတွေပါ နိုင်ငံအပေါ်ကိုတကယ်ချစ်ခင်သူများပါ။

  1. Anonymous said... :

    ဦးဖိုးစိန်ကြီး နဲ့ကျောင်းသားသပိတ်ကို သွားသတိရသေးမိတော့

ွှအဲဒီအကြောင်းလေးပြောပြပါလားဗျို့။

  1. Anonymous said... :

    ဘာထူးဆန်းလဲ
    မင်းလဲလုပ်စားလို့ဝမှ
    ပြန်လာတဲ့ကောင်ဘဲကွာ
    ဟိုမှာကျန်နေတဲ့သူတွေကိုလုပ်စားနေတယ်လို့ပဲပြောပြော
    မင်းထက်တော့သာတယ်
    စစ်တပ်လက်ကိုင်တုတ်အစိုးရကို
    စိတ်ရောကိုယ်ေ၇ာဆန့်ကျင်နေကြလို့လေ

  1. Anonymous said... :

    အခြေအနေမဟန်လို့ပြန်ချင်တယ်ဆိုရင်လည်းရိုးရိုးတန်း တန်းဘဲပြန်ပါလားဂေါ်ဇီလာရယ်။
    ပြောတဲ့စကားတွေကဗရမ်းဗတာနိုင်လွန်းတယ်။
    ပြည်ပမှာမင်းပထွေးသေလောက်အောင်ကြောက်တဲ့အဖွဲ့ အစည်းတွေရှိပါတယ်။
    ကိုယ်ပျက်ခဲ့တဲ့ပျက်လုံးတွေလည်းကိုယ်နားထောင်ကြည့် ပါအုံး၊လူဆိုတာကိုယ့်သမိုင်းကိုယ်ရေးကြတာဘဲ။
    ဇာကနာဆိုတဲ့စကားလုံးမင်းပါးစပ်ကမထွက်ပါစေနဲ့။
    မတန်တော့ဘူး။

  1. Anonymous said... :

    အမှန်တကယ်နိုင်ငံရေးအကြောင်းပြလုပ်စားနေကြတာကိုယ်တွေ့ပါ တချို့ကိုဆိုလိုခြင်းဖြစ်ပါသည်။

  1. Anonymous said... :

    ဟုတ်တယ်ဗျာ ပြင်ပအဖွဲ့အစည်းအားလုံးကိုတော့ ဆိုတဲ့ စကားလုံးမသုံးသင့်ပါဘူး လူရေလည်တော့မလုပ်နဲ့ ကိုယ်ဖေါ်ထုတ်ခဲ့တဲ့ အနုပညာတန်ဘိုးကို အလကားဖြစ်အောင်မလုပ်ပါနဲ့ အနုပညာဆိုတာ ရိုးသားမှ ရေရှေ ရပ်တည်နိုင်တာပါ။ ပြန်ပြင်ပြောစေချင်တယ်။ အချိန်မနှောင်းသေးပါဘူး။ ဘာဘဲလုပ်လုပ် ရိုးသားမှုဟာ မတိမ်ကောပါဘူး။

  1. Anonymous said... :

    ဂေါ်ဇီလာရယ် မင်းကလုပ်စားနေတဲ့ အဖွဲ့ နဲ့ သွားပေါင်း စားလို့ ဝမှပြန်သွား အဖွဲ့ အစည်းအားလုံးကို ရောပုတ်ချတာတော့ မကောင်းဘူးဗျ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved