ပိတ်ထားတဲ့ ဆိုဒ်တွေ ပြန်ဖွင့်ပေးကြောင်း တရားဝင် ပြောပြီ

Wednesday, September 21, 2011

ဒါမျိုးတွေ မြင်ရတာ နည်းသွားမှာပေါ့

ညစ်ညမ်း ဝက်ဘ်ဆိုဒ်များမှတပါး တခြားဝက်ဘ်ဆိုဒ်များကို ဖွင့်ပေးလိုက်ပါပြီလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနက အင်ဂျင်နီယာချုပ်က အတည်ပြု ပြောကြားလိုက်ကြောင်း Eleven Media Group သတင်းဆိုဒ်မှာ ဖော်ပြထားပါတယ်။

အရင်က ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်အရေအတွက်က ၇ သောင်းဝန်းကျင်ရှိပြီး အခုဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်းကျော်လောက် ရှိတယ်။ ညစ် ညမ်းဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ Porn ၀က်ဘ်ဆိုက် ၂ သောင်းကျော်ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆိုနိုင်ပါတယ်” လို့ အဆိုပါ အင်ချုပ်က ပြောကြောင်း သိရပါတယ်။

ပိတ်ထားခဲ့တဲ့ ဆိုဒ်ပေါင်း ၇ သောင်းဆိုတော့ နည်းနည်း မျက်လုံးပြူးသွားပါတယ်။ အပြာဆိုဒ်ကလည်း ၂ သောင်းဆိုတော့ ဆက်သွယ်ရေးဝန်ထမ်းတွေ အတော် ကြိုးစားပမ်းစား စာရင်းပြုစုနိုင်ပါပေတယ်လို့ ချီကျူးမိပါရဲ့။

အင်တာနက်နှုန်းကတော့ လိပ်က အဘခေါ်ရမယ့် အခြေအနေရှိဆဲပါတဲ့။

ဘာဖြစ်ဖြစ် ပိတ်ထားတဲ့ ဝက်ဘ်ဆိုဒ်တွေ ပြန်ပွင့်တာ နား မျက်စိ ပွင့်ခြင်းတမျိုးပါပဲ။




7 comments :

  1. Anonymous said... :

    အေးဗျာ ဒီလိုဆို အပြာ website တွေ လိုက်ကြည့်ရင် တသက်တာ အချိန် တွေ ကုန်သွား နိုင်တယ်။ thank u.. thank u

  1. Anonymous said... :

    Yes now I can read your blog site directly thanks but now funny thing is anti virus web site NOD 325 is access denied , Mix up..battsna

  1. Anonymous said... :

    Bandwidth should increase for public use. 90 % of internet is used by Gov. only 10 % is use for public.
    So internet speed will fast for public user.

  1. Anonymous said... :

    သူပြောပြမှဘဲ အရင်ကပိတ်ထားတာ အဲဒီလောက်များမှန်းသိရတယ်။ကျွန်တော်တို့တတွေ လူဖြစ်ရှုံးလိုက်တာနော်........

  1. Anonymous said... :

    blogspot.com အကုန်မဖွင့်သေးပါဘူး ။ ပိတ်ထားတာတွေ ထဲမှာ အများကြီးပဲ ။ မြန်မာ ဆိုဒ်တွေ

  1. မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရတယ်ဆိုရင် အရမ်းကောင်းမှာပဲဗျာ...ဆိုဒ်တွေဖွင့်ပေးယုံနဲ့တော့ သိပ်ထူးခြားလာမှာမဟုက်ပါဘူး။နှေးကွေးလွန်းတဲ့ speed တွေကြောင့် ပြည်သူတွေမှာ အခက်တွေ့နေရဆဲပါ။အလွှာနှစ်လွှာဖြစ်နေတဲ့ မြန်မာနိုင်ငံကို တလွှာတည်းဖြစ်အောင် လုပ်နိုင်မယ့် ဘူမိဗေဒပညာရှင်တွေလိုမယ်ထင်တယ်။တလွှာက အစိုးရ၊နောက်တလွှာက ပြည်သူ။ပြည်သူက အမြဲခံဘက်ကျနေတော့ ခက်တယ်ဗျာ....

  1. Anonymous said... :

    bagan net ဘက်က လိုင်းတွေပဲ ဖွင့်ပေးတာပါ MPT ဘက်က အင်တာနက်လိုင်းမှာ အခုထိ This Site is Block By MPT ဆိုတဲ့ စာတမ်း ပေါ်နေတုန်းပါပဲ အပြောနဲ့အလုပ် မညီပါဘူး (From MICT Park)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved