လွှတ်တော်မှာ ဗြောင်လုပ်ရမယ် တဲ့

Wednesday, September 7, 2011

(ဓာတ်ပုံ - AP)

လွှတ်တော်အတွင်း ဆန္ဒမဲပေးရာမှာ စက်ခလုတ်နဲ့ လျှို့ဝှက် မဲပေးစနစ် မသုံးတော့ပဲ ဗြောင်မဲပဲတဲ့ စနစ်ကို သုံးတော့မယ်လို့ သိရပါတယ်။

အဲဒီလို စနစ်ပြောင်းပေးဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ဆုံးဖြတ်လိုက်တာလို့ Eleven Media Group ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ရေးထားပါတယ်။

“ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဗြောင်စနစ်ဖြင့် ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့် ဆန္ဒပြုခွင့်များရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်အတွင်း ဗြောင်ဆန္ဒမဲပေးသည့်အခါ မည်သူတဦးတယာက်ကိုမျှ ကြောက်စရာ၊ ရွံ့စရာမလိုဘဲ မိမိယုံကြည်သည့်အတိုင်း မိမိဆန္ဒကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်နိုင်” တယ်လို့ ဆိုပါတယ်။

ကြံ့ဖွံ့တွေ ကြီးစိုးပြီး အနိုင်ပိုင်းထားတဲ့ လွှတ်တော်မှာ ဗြောင်စနစ်နဲ့ ခပ်ပြောင်ပြောင်ပဲ သွားကြမယ့် သဘောပါ။

10 comments :

  1. Anonymous said... :

    ဗြောင်လိမ်ဗြောင်စား လွှတ်တော်မှာ ဗြောင်မဲ ပေးတယ်ဆိုတာ ဗြောင်ကျကျ မဲလိမ်မဲခိုးစနစ်ကို ကျင့်သုံးပြီး တက်လာတဲ့ စစ်တပ်နောက်ခံလွှတ်တော် ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတာ ကမ္ဘာကို ဗြောင်လိမ်နေတာပါ။ အာဏာကို ဗြောင်ကျကျ မတရားအနိုင်ကျင့် ယူထားတာပါ။ လယ်ယာတွေကို ဗြောင်ကျကျ ရမ်းကားစွာ သိမ်းယူထားတယ်။ ဗြောင်လိမ်ဗြောင်စား စီးပွားရေးသမားတွေ အခွင့်အရေးသမားတွေနဲ့ ကျင်းပနေတဲ့ လွှတ်တော်ဆိုတာ ဗမာပြည်သူတွေ ကမ္ဘာ့ပြည်သူကောင်းကောင်းကြီးသိပါတယ်။ ဗြောင်မိုက်ရိုင်းနေတဲ့ ကလိမ်ကကျစ် စစ်အစိုး ဆိုတာ ဒီလိုပါပဲ။ သတ္တိ ရှိရင် မီဒီယာတွေကို အတိုက်အခံကို ဗြောင် ဖွင့် ပေးရဲလား။ ဗြောင်လိမ်ဗြောင်စား လွှတ်တော်၊ ဗြောင်လိမ်ဗြောင်စား စစ်တပ်နောက်ခံ အစိုးရ၊ ဗြောင်ကျကျ ကျဆုံးမှာ မလွဲပါ။ ဗမာပြည်သား။

  1. ကေကေအို said... :

    ဗြောင်လုပ်နေတာ ကြာပေါ့ ဧရာဝတီရယ်။ ကြောက်နေစရာ မလိုဘူးလို့တောင် အာမဘန္တေခံလို့၊ စကားမစပ် ဧရာဝတီက ဒီဓါတ်ပုံလေး တော်တော်ကြိုက်နေပုံရတယ်၊

  1. aaa said... :

    အစိမ်းရောင်အုပ်စုတွေကတော့(စစ်တပ်၊ကြံ့ဖွတ်တွေတေ့
    အရုပ်ကြီးတွေနဲ့လုံးဝကို ၁၀၀% တူသွားပြီးပေါ့။
    အရင်တုန်းကကိုကန့်ကွက်ရင်လူမသိ၊အခုတော့၊
    လခေါင်းဆောင်သဘောတူရင် အားလုံးတူ၊
    ခေါင်းဆောင်ကန့်ကွက်ရင်အားလုံးကန့်ကွက်။
    ၁၀၀ % အပြည့်။ခေါင်းဆောင်အီးအီးစားရင်လည်း
    ၁၀၀ % ။

  1. Anonymous said... :

    ဗြောင်ပဲဟေ့ ဒို့က ထူးအိမ်သင်မကြိုက်ဘူး
    ဘာလို့လဲဆိုတော့ အခြောက်လိုခြင်ထောင်ထဲ ညှောင်နာနာအသံကြီးနဲ့ မိန်းမသီချင်းတွေ ကော်ပီတွေဆိုလွန်းပြီး ကိုယ်ပိုင်မဖန်တီးနိုင်လို့

  1. Anonymous said... :

    လွတ်တော်တွင်းဗြောင်မဲပေးစနစ်ကျင့်သုံးရင် ပြည်သူအကျိုးလိုလားတဲ့ကိုယ်စားလှယ်လား ဘို့တစ်ဘို့တည်းသမားတွေလားဆိုတာပြည်သူတွေခွဲခြားသိရတာပေါ့။

  1. Anonymous said... :

    it is not that simple as what you guys are thinking and saying. wait and see the consequences.

  1. Anonymous said... :

    its not as simple as what you guys are saying.

  1. KYAW ZIN said... :

    Ha Ha so that no one dares to say No pot. They r afraid of USDP Rep giving Nay Vote

  1. ထူးအိမ်သင်မကြိုက်တာနဲ့များ လာပြောနေသေးတယ်..
    မင်းကရော ဂစ်တာကြိုးဘယ်နှစ်ချောင်းရှိတယ်ဆိုတာသိ လို့လား...အလကားကောင်..လူများကို ကွမ်းစားသလို လိုက်ဝေဖန်နေတယ်...မင်းအဆင့်နဲ့ တက်မလာနဲ့...

  1. Anonymous said... :

    မင်းဖာသာမင်း ထူးအိမ်သင် မကြိုက်တာ ထား .. ဆုံးပါးသွားပြီးတဲ့ .. သူတယောက် ကို ဒီလို ပုတ်ခတ် ပြောတာ ကတော့ ..အောက်ကျတဲ့ မင်း အဆင့်တန်း နဲ့ မင်းပေါ့ .. ဒါပေမဲ့ လူတွေကြား ထဲ မ၀င်သင့်ဘူး ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved