ဧရာဝတီမြစ်ကို ဝယ်ချင်လို့ပါဖေဖေ

Wednesday, September 28, 2011


ဖေဖေ..သမီးကျောင်းသွားတော့မယ်.မုန့်ဖိုးပေးပါဦး။ ဒီနေ့တော့ခါတိုင်းထက်ပိုပေးပါနော်။

ဘာဖြစ်လို့လဲသမီးရဲ့ ??

ကျောင်းမှာသူငယ်ချင်းတွေနဲ့ပိုက်ဆံစုနေတာဖေဖေရဲ့ ..

ဟုတ်လား..ဘာအတွက်လဲ?

ဧရာဝတီမြစ်ကိုဝယ်ချင်လို့ပ်ဖေဖေ..။

ဟေ...!!! ဘာလို့ဝယ်ချင်ရတာလဲသမီးက??

သမီးတို့ပုဂံကိုသွားတုန်းကလေ...သီရိပစ္စယျဟိုတယ်ကနေဧရာဝတီမြစ်ကြီးရဲ့ နေဝင်ချိန်ကိုငေးကြည့်နေတာ...သိပ်လှတာပဲ။

အဲဒီဧရာဝတီမြစ်ကြီးရဲ့ ညနေဆည်းဆာအလှကိုထိုင်ကြည့်နေရတာကိုသမီးအရမ်းသဘောကျတယ်။ အဲလောက်လှတဲ့..ဧရာဝတီမြစ်ကြီးပျက်စီးသွားရင် နှမျောစရာကြီးဖေဖေရဲ့ ။ အဲဒါကြောင့်...အဲဒီဧရာဝတီမြစ်ကြီးကိုအပိုင်ဝယ်ထားချင်လို့။

သြော်....၊ အဲဒါပိုက်ဆံနဲ့ဝယ်လို့မရဘူးသမီးရဲ့ ။

အဲဒါဆိုဘာနဲ့ဝယ်ရတာလဲဟင်??

မျိုးချစ်စိတ်နဲ့ဝယ်ရတယ်။

အဲဒါရဖို့ဘယ်လောက်လိုလဲဟင်..??

ဘယ်လောက်မှမလိုပါဘူးသမီးရယ်..။ အဲဒီအတွက်တကယ်လိုအပ်တဲ့ လူနှစ်ဆယ်လောက်ပဲလိုတာပါ။ ။

ထူးနွယ်အိမ် (ဒါရိုက်တာ မောင်မျိုးမင်း - ရင်တွင်းဖြစ်ရဲ့ facebook ကနေ ယူပြီး မျှဝေပါတယ်)

6 comments :

  1. Anonymous said... :

    အဲဒါကြီးက သန်းရွှေကြီးတို့ အကြွှေးနဲ့ဝယ်ထားတယ်လို့ကြားတယ်နော...ဟဲဟဲ..

    ဖါးဖမ်းမယ်ဆိုလား ငါးဖမ်းမယ်ဆိုလားမသိဘူး...

  1. Anonymous said... :

    ဒီ ဧရာဝတီဟာ အလှသက်သက် စီးနေတဲ့ ဧရာဝတီ မဟုတ်ဘူး သမီး.. နိုင်ငံရဲ့ အသက်သွေးကြော.. နောင်သမီးတို့ ခေတ်မှာဆိုရင် ဒီလိုအလှအပတွေနဲ့ လက်ရှိတန်ဖိုးတွေ မလျော့ပါးပဲကို လျှပ်စစ်ထုတ်နိုင်တဲ့ အဖိုးတန်သားကောင်း တစ်ယောက် ဖြစ်လာဦးမှာပါ.. တန်ဖိုးနှစ်ဆတိုးတဲ့ ဧရာဝတီ ဖြစ်မှာမို့ ရာသက်ပန် ထိန်းသိမ်းစောင့်ရှောက်ဖို့ကတော့ နိုင်ငံသားတိုင်း တာဝန်အပြည့် ရှိတာပေါ့ကွာ..

  1. သမီးရေ
    တရုတ်က မဟာဗျူဟာအရ အကြွေးနဲ့ သိမ်းထားတာတဲ့။ အ၀ကြည့်ထားနော်။ နောက်ဆို ဧရာဝတီမြစ်က တီကောင်လောက်ဖြစ်သွားမှာ။

  1. Anonymous said... :

    oh, you can buy the patriotic spirit in Burma if you have enough money.
    Burmese people already sold everything.
    called for actions for so many years, but only the air come from we, Burmese people. Never come out for action.
    Talkative and shame.
    good lick!

  1. Anonymous said... :

    သမီးရေ အဲ့ဒီ ဧရာဝတီကို သမီးတင်မကဘူး ငါတို့တိုင်းသူပြည်သားအားလုံးက အပိုင်ဝယ်ထားချင်တာပေါ့ကွယ်... ငါတို့တစ်တိုင်းပြည်လုံးရဲ့ အသက်သွေးကြောကို တစ်ဦးတစ်ယောက်ကောင်းစားဖို့အတွက်ဆိုရင်တော့ ငါတို့အများပိုင်အဲ့ဒီ ဧရာဝတီကို ငါ့တို့က ပြန်ဝယ်ရမဲ့ပုံဖြစ်နေပြီ ..

  1. Anonymous said... :

    Most Burmese are NATO, no action talk only. I remember that someone said. BTW, I am Burmese too.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved