ကော်ပီမကူးပါနဲ့ ဆိုပေမယ့်

Monday, September 5, 2011

-





လူအများအပြား ၀င်ရောက်ရေးသားတဲ့ မန္တလေးဂေဇက် ဘလော့မှာ လူပြပွဲ အဲ - ကားပြပွဲဓာတ်ပုံတွေ ဒီနေ့ တင်ထားပါတယ်။
အဲဒီမှာ တင်တဲ့အတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေက အများသား။
အနီရောင်ခြယ်တဲ့စည်းကမ်းချက်က ကော်ပီမကူးပါနဲ့ တဲ့။

အနီရောင်ခြယ်လည်း တင်ချင်သူတချို့က ဂရုမစိုက်ပါဘူး၊ တင်ချင်ရင် တင်မှာပါပဲ။

တကယ်တော့ အဲဒီပြပွဲပုံတွေက ဧရာဝတီဘလော့က ပုံတွေပါ။ ကားပြပွဲ ဆိုပြီး တင်ထားတာကို http://www.irrawaddyblog.com/2011/09/blog-post_7485.htmlမှာ ရှုစားနိုင်ပါတယ်။

ကော်ပီမကူးပါနဲ့ ဆိုပေမယ့် မျှဝေလိုစိတ် ပြင်းထန်လို့ ကူးလိုက်ပုံ ရပါတယ်။


-

7 comments :

  1. Anonymous said... :

    သြော် ဧရာဝတီရယ် ခွင့်လွှတ်လိုက်ပါ၊ မသိ နားမလည်သူ မို့လို့ပါ၊ စိုင်းထီးဆိုင် သီချင်းထဲကလို ... ခွှင့်မတောင်းပေမယ့် ရပါတယ် ... ခွှင့်မတောင်းပေမယ့် ရပါတယ် ... ... ခွှင့်မတောင်းပေမယ့် ရပါတယ် ... ရပါတယ် ... ရပါတယ် ...

  1. Anonymous said... :

    မြန်မာနိုင်ငံမှ ရှက်ဖွယ် ကော်ပီအဆိုတော်များ အားမနာလျှာမကျိုးတိုင်း .. နင်းကန်ခွ ဆိုထားသော အနောက်တိုင်း မူရင်းသီချင်းစစ်စစ်များကို အရသာရှိရှိ ခံစားနားဆင်နေပါသည်။

  1. ကေကေအို said... :

    ဧရာဝတီရဲ့ ကော်ပီမကူးပါနဲ့ ဆိုပေမယ့် မျှဝေလိုစိတ် ပြင်းထန်လို့ ကူးလိုက်ပုံ ရပါတယ် ဆိုတဲ့ စကားကို သဘောကျတယ်ဗျာ။

  1. Anonymous said... :

    ဧရာဝတီရယ် ပုံတွေက ပြန့်နေပါတယ် နေရာတော်တော်များများမှာ သူက ဧရာဝတီက ကူးတာလဲ ဖြစ်နိုင်သလို အခြားဆိုဒ်ကလဲ ကူးပြီးတင်နိုင်ပါတယ် ...

  1. aaa said... :

    ယိုသူမရှက်၊မြင်သူရှက်၏တဲ့၊
    ရှက်စရာကောင်းလိုက်တာ။
    အမည်းလေးကောကြွေးလားဟင်၊
    တတို့လောက်။

  1. Anonymous said... :

    ဧရာဝတီက သူ့ဆီက ကူးတာကို ပြောတာ ဟုတ်ဖူးထင်တယ်။ သူဆိုလိုချင်တာက ဟိုဆိုဒ်မှာက အနီနဲ့ ရေးထားတာလေ။ ပြည်ပမြန်မာမီဒီယာတွေကနေ ကူးလာတာ မတင်ပါနဲ့ဆိုတာကို အဓိက ပြောချင်တာ ထင်ပါတယ်။

  1. ကိုတိုး said... :

    ကျွန်တော်ကတော့ ထူးအိမ်သင်မကြိုက်ဖူးဗျာ.. လွှမ်းမိုးနဲ့ တွံတေးစိုးအောင်ပဲ ကြိုက်တယ်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved