စိန်ကျော်ဆန်းရဲ့ ဇာတ်ထုပ်

Saturday, September 10, 2011


ဒီသတင်းအပေါ် အခြေခံပြီး ကိုဟန်လေးက ကာတွန်းရေးထားတာပါ။ သူခါးအောင့်နေတဲ့ကြားက စိတ်ပါလက်ပါနဲ့ ဆွဲနေတာတော့ တွေ့ပါရဲ့။ ရန်ကုန်သား တာတေကလည်း စိန်ဆော်ကြမ်း မဟာသဘင်ကြီး ဆိုပြီး ဂုဏ်ပြုထားလေရဲ့။ ခုတလော ကိုကျော်ဆန်းကိုချည်း နှိပ်သလို ဖြစ်နေတယ်။ သူက မင်းသားကြီးလုပ်နေတော့ ရေးရဆွဲရတာပေါ့ဗျာ။

2 comments :

  1. Anonymous said... :

    ကျော်ဆန်းကိုဘဲ နှိပ်တော့မှာပေါ့..။ အရင်တုန်းက အဖြူအမဲ မသဲကွဲဘူးလေ.။ အခု သူက မည်းတဲ့အထဲ ပါနေပြီ..။ ကျန်တဲ့သူတွေက ကောင်းရာ၊ ကောင်းကြောင်း ပြန်လည်စည်းလုံးဖို့ ပြောနေချိန်မှာ ဒီလူက ကန့်လန်.လုပ်နေတယ်...။ ဒါကြောင့်သူ.ကို ဝန်ကြီးအနေနဲ. ရည်ရွယ်ချက်ရှိရှိ ဆက်ခန်.ထားခဲ့တာပေါ့..။ ဆက်ညာပေးလို.ရအောင်...။ ဒီလောက် လူမုန်းများနေရင် ဒီလူ မကြာပါဘူး...။ ဆက်လုပ်နေလည်း အလကားဘဲ...။ ဘဝမှာ နာမည်ပျက်သွားရင် လုပ်သမျှ အလကားဘဲ..။ ကိုယ်လုပ်သမျှ ဘယ်သူမှ မထောက်ခံတော့ရင် ကျန်တဲ့ သူ့ဘဝကို မျက်နှာငယ်ငယ်နဲ. သိမ်ငယ်စွာ ဖြတ်သန်းရတော့မယ်...။ ရာထူးမရှိတော့တဲ့ အချိန်ကျရင် လူတောတိုးမှာ မဟုတ်တော့ဘူး..။
    သန်းရွှေက အောင်မြင်စွာ ဆုတ်ခွာသွားပေမယ့် သူတို.ကို ကာဘာယူပြီး ထားခဲ့တော့ ကျော်ဆန်းတို့သမိုင်းက ရှေ.လျှောက်လှပမှာ မဟုတ်တော့ဘူး...။
    အများကြားထဲမှာ ကန်.လန်.တိုက်ပြီး နောက်ဆုံးတော့ နာမည်ပျက်၊ လူမုန်းများပြီး ဇာတ်သိမ်းရမှာဘဲ..။ သူကိုယ်တိုင်က ဓါးစာခံ ဖြစ်မှန်းမသိ ဖြစ်နေတာ...။

  1. မောင်ကောင်း said... :

    စိန်ကျော်ဆန်းကတော့ အကျင့်ညင်တွေကို ဘယ်တော့မှပြင်မယ့်ပုံမပေါက်ဘူး သူ့ နဂိုဝသီအရ အရိုးစွဲနေပြီ ဂျောင်ပိတ်ရိုက်လေ ကိုက်လေလုပ်မှာပဲ တခါတလေကျပြန်တော့ ပြည်သူ့မေတ္တာစူးလေလေ သူ့ ဘုန်းကံတက်လေလေဖြစ်နေမှဖြင့် ခက်ရချည်သေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved