မြောက်ကိုရီးယားစာ ရန်ကုန်မှာ စားနိုင်ပြီ

Saturday, September 3, 2011

ရန်ကုန်က ပြုံယမ်းကော်ယိုမှာ ဒီလို ဖျော်ဖြေမှုတွေလည်း ပါတယ် (ဓာတ်ပုံ - Yangonow)

မြောက်ကိုရီးယား ဆိုရင် လူတွေက စိတ်ဝင်စားကြတယ်။ အထူသဖြင့် မြန်မာတွေလည်း စိတ်ဝင်စားတာပဲ။ လွန်ခဲ့တဲ့ ၂၈ နှစ်က မြန်မာပြည်မှာလာပြီး တောင်ကိုရီးယား သမ္မတကိုလုပ်ကြံဖို့ ဗုံးခွဲသွားတာကိုး။ ခုခေတ်ဆို စစ်ထဖြစ်ကြမလား မသိဘူး။ ပြောသာပြောတာ စစ်အစိုးရက မြောက်ကိုရီးယားရဲ့ တရားဝင် တောင်းပန်မှု မရဘဲ သူကသွားပြီး အမြီးနှန့်ပြပြီး ပြန်ပေါင်းထုပ်ခဲ့တယ်။ ခုတော့ အဆက်အဆံ ပြန်ကောင်းနေပြီပေါ့။

မြောက်ကိုရီးယားရဲ့ ပထမဆုံး စားသောက်ဆိုင်ကိုတောင် ရန်ကုန်မှာ ဖွင့်လိုက်ပြီ။ “ပြုံယမ်း ကော်ယို” တဲ့။

မြောက်ကိုရီးယားဟာ အဆိုးတကာ့ ထိပ်ခေါင် ကင်မ်ဂျုံအီလ် အုပ်ချုပ်နေတဲ့ နိုင်ငံ၊ ပြည်သူတွေကို အငတ်ထားပြီး စစ်ရေးချဲ့ထွင်နေတဲ့ နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံတွေကို ရန်စပြီး နျူပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံ၊ စိတ်မထင်ရင် မထင်သလို ဆွေစဉ်မျိုးဆက် သတ်တဲ့နိုင်ငံ ဆိုတာ မီဒီယာတွေမှာ ပုံမှန် မြင်နေရတာတွေပါ။

တလောက နော်ဝေ Utoya မှာ အစုလိုက် အပြုံလိုက် လူသတ်မှု ဖြစ်တုန်းက နော်ဝေနိုင်ငံခြားရေး ဝန်ကြီးက ယဉ်ကျေးမှုစုံဝါဒကို လက်မခံနိုင်ရင် မြောက်ကိုရီးယားမှာ သွားနေချေ လို့ မှတ်ချက်ပေးဖူးပါတယ်။

တလောကလည်း ရုပ်ရှင်စီးရီးတခုမှာ ရန်ကုန် မြောက်ကိုရီးယားဗုံးခွဲမှု ဇာတ်ဝင်ခန်း ထည့်ရိုက်တယ်လို့ ကြားဖူးပါတယ်။

ဘာဖြစ်ဖြစ် သိရခက်တဲ့၊ လျှို့ဝှက်တဲ့ မြောက်ကိုရီးယားကတော့ ရန်ကုန်မှာ စားသောက်ဆိုင်ဖွင့်လိုက်ပါပြီ။ မြောက်ကိုရီးယား သံရုံးက နောက်ကွယ်က ဖွင့်တယ်လို့ ဆိုပါတယ်။

စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်ကတည်းက မြောက်ကိုရီးယားက ဒီလို ဖွင့်ချင်နေတာလို့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ ပြောပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားအရေး လေ့လာသူ မစ္စတာ ဘာတေးလ်လစ်တနာကလည်း မြောက်ကိုရီးယား စားသောက်ဆိုင်တွေ အာရှမှာ ဖွင့်လာတာကို ဆောင်းပါး တစ်ပုဒ်ရေးဖူးတာ သတိရမိပါတယ်။

သတင်းအပြည့်အစုံကို ဒီမှာ မြန်မာလိုနဲ့ ဒီမှာ အင်္ဂလိပ်လို ဖတ်ပါ။



4 comments :

  1. Anonymous said... :

    ဦး ဘုန်းကြီး ၁၀ ရက်ဝတ်တာတောင် သမီးအိမ် ဆွမ်းလာခံတုန်း “မနေနိုင်ပါဘူး” ပြောလို့ ဦး သုံးရက်နဲ့ လူထွက်ခဲ့ရတယ်။ သမီး ဦးကို ဘာလို့ အဖြစ်သဲနေရတာလဲ။

  1. Anonymous said... :

    ဇီးကွက်စည်းဘွားရေးစနစ်ဖော်ဆောင်နေတဲ့နိုင်ငံတော်ရဲ့မူဝါဒအရ ထူးကုမ္ပဏီကလည်းပြုံယမ်းမြို့ မှာ နေပြည်တော်ကော်ရည် ဆိုတဲ့နာမည်နဲ့ (စား)သောက်ဆိုင် ဒါမှမဟုတ် အနှိပ်ခန်းသွားဖွင့်သင့်တာပေါ့။ မြင့်မြတ်သောခေါင်းဆောင်ကြီး ကင်မ်ကနိုင်ငံ့တာဝန်တွေကို နေ့ညမအားထမ်းဆောင်နေရလို့ အညောင်းမိနေလို့။ :-p

  1. Anonymous said... :

    ရှေ့အမြင်မှာ စားသောက်ဆိုင်တွေဖွင့်ထားမယ် ။
    နောက်ကွယ်မှာ ဆောင်ကြာမယ်တွေနဲ့လှုပ်ရှားမယ် ။ ရသမျှ စီးပွားရေး နိုင်ငံရေးလူမှုရေးသတင်းတွေရယူမယ် ၊ သူတို့နိုင်ငံပြန်ပို့မယ် ၊ နိုင်ငံတကာက၀င်ထွက်နေတဲ့သူတွေကိုထောက်လှမ်းမယ် ၊ အမည်ခံစားသောက်ဆိုင်ထောက်လှမ်းရေး ။ မြန်မာစစ်အစိုးရကလဲ ဒါမျိုးတွေအများကြီးလုပ်ခဲ့ လုပ်ဆဲပါ . ထောက်လှမ်းရေးကျောထောက်နောက်ခံပြု လက်ဖက်ရည်ဆိုင် ၊ ဘီယာဆိုင် ၊ အနှိပ်ခန်း ၊ ကာရာအိုကေခန်း ၊ -ာ ခန်းကစလို့ ပဲ ။ ဘာမှတော့ အထူးဆန်းကြီးတော့မဟုတ်ပါဘူး ၊

  1. Anonymous said... :

    spy house restaurant ,,, like rush hour movies

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved