ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး

Friday, September 9, 2011


စစ်အာဏာရှင်တယောက်၏ အာဏာယစ်မူးပြီး စည်းစိမ်ကြွယ်ဝချမ်းသာစွာ စံစားနေပုံဖြစ်ပါသည်။

လူတိုင်းအပေါ် စားရ၀ါးရမှ နေရာပေးသော၊ ရာထူးပေးသော၊ အရည်အချင်းကိုမကြည့် ငွေတွင်းကိုသာ ကြည့်သော ဗိုလ်ရှုပ်တယောက် ဖြစ်ပါသည်။

တချို့သော တိုင်းမှူးများနှင့် ဗိုလ်ချုပ်ကြီးများမှာ တာဝန်ကျသော ၂ နှစ် ၃ နှစ်ခန့်တွင်သာ သက်ဆိုင်ရာတိုင်းဒေသကြီး တခုတည်း၌ မြေကွက်ရယူ ပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ခွင့် ရရှိခဲ့သည်။ သို့သော် ဗိုလ်မြ၀ါးတယောက်မှာမူ တပြည်လုံးရှိ အမြောက်တပ်ဖွဲ့များမှ တပ်ရင်း၊ တပ်မနေရာများကို ကြိုက်ဈေးရမှ ရာထူး နေရာပေးကာ လေလံမြင့်မှ ရာထူး တိုးမြှင့်စေခြင်း၊ နေရာကောင်းများသို့ ပြောင်းရွှေ့စေခြင်းများဖြင့် လေလံကြေး မြင့်မားစွာ ခွဲတမ်းနှင့် နေရာယူ ရောင်းစားခဲ့သည်မှာ ဆယ်စုနှစ်တခုပင် စွန်းနေပြီ ဖြစ်ပါသည်။

အနေကြာပြီး နေရာမကောင်းသော်လည်း အသေသာခံလိုက်ပါ။ တော်ရုံကြေးနှင့် မတိုး၍ စစ်အာဏာရှင်ပီပီ အရည်အချင်းရှိသော သူများကို အမြဲတစေနှိပ်ကွပ်လျက် ချောင်းထိုးထားခြင်းကို ခံရပါသည်။ ခြေလျင်၊ တိုင်း တပ်မများတွင် အနေကြာလျှင် ပေးပြောင်းသော်လည်း မြ၀ါးမှာ ထုံးစံမရှိပါ။

တိုင်းမှူးများနှင့် ဗိုလ်ချုပ်ကြီးများမှာ မြေကိစ္စ အနည်းငယ်ဖြင့် အနားယူရခြင်း၊ အပြစ်ပေးခြင်း ခံရသော်လည်း
မြ၀ါးမှာမူ ပန်းပန်လျက်ရှိပါသည်။

ရန်ကုန်မြို့တွင် အိမ် ၆ လုံး၊ နေပြည်တော်တွင် family house အပါအ၀င် ၆ လုံး၊ အောင်ပန်းမြို့တွင် အိမ် ၁၃ လုံးနှင့် အခြားမြို့များတွင်လည်း များစွာ …။ ရာဘာခင်းများ သောင်းချီကာ ...။

တပည့်များမှာလည်း စစ်အာဏာရှင် ဗိုလ်မြ၀င်း၏ဒဏ် မခံနိုင်၍ အရပ်ဖက်ထွက်၊ အငြိမ်းစားယူ၊ နိုင်ငံရေး ခိုလှုံသွားခြင်းများရှိကာမူ ရယ်မောလျက်ပင် ရှိနေပါသည်။ တပ်မတော်တွင် အသက်ပြည့်သွားသော်လည်း တပ်ဖွဲ့၏ စစ်ခေါင်းဆောင်၊ အကြံပေးအဖြစ် ဆက်လက် တာဝန်ယူ ထမ်းဆောင်နေဦးမည်ဟု ကြွေးကြော်နေသည်မှာလည်း အံသြစရာကောင်းသော အချက်တခု ဖြစ်ပါသည်။

စစ်ခေါင်းရှောင်ကြီးများမှ မျက်စိမှိတ်၊ နားပိတ်နေခြင်းအပေါ် ဘာယတြာကောင်းနေသလဲလို့ သံသယ၀င်ကာ ထူးခြား အံသြ မှင်သက်လျက်ရှိကြပါကြောင်း။


31 comments :

  1. ကေကေအို said... :

    ဒါလေးများ၊ ဒါလေးများ
    လာပြီး ပြောနေရတယ် ........

  1. Anonymous said... :

    အမြောက်တပ်ဖွဲ့ကဆိုတော့ အမြှောက်ကောင်းလို့ဖြစ်မှာပေါ့ ..

  1. နတ်ကတော် မြ၀င်းတယောက် ဖိဖားတဲ့နေရာမှာ သူ့အဖေချိုကုပ်တွေနဲ့ နင်လားငါလားပါပဲ။ သူ့အိမ်မှာ လက်အောက်ငယ်သားတွေနဲ့တွေ့တဲ့အခါ ကြမ်းပြင်မှာပဲ ထိုင်ခိုင်းလေ့ရှိပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ကကမ (ကာကွယ်ရေးဝန်ကြီးဌာန အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး) က G3, G2, G1 တွေကလဲ သခင်အားရကျွန်ပါးဝဆိုတဲ့အတိုင်းပဲ မြ၀င်းအကြိုက် အရာရှိအချင်းချင်းကို ဖိနှိပ်တဲ့နေရာတွေမှာ သူမတူအောင် ထူးချွန်ကြပါပေတယ်။ ကကမကို တာဝန်နဲ့လာရတဲ့ အရာရှိတွေ G3 ရုံးခန်းမှာတောင် ထိုင်ခွင့်မရှိဘူး.။ မယုံဘူးဆိုရင် ကကမမှာ လက်ရှိ၊ အရင်တာဝန်ထမ်းဆောင်နေတဲ့ မာမီမြ၀င်းရဲ့ တပည့်တွေရဲ့နာမည်နဲ့တကွ ပြောပြမယ်။။။

  1. Bo Jauk Jack said... :

    mommy mya win .. love ur comment =) ..

    lote par own ja .. names lay tway .. ahtaut ahtar po pyai sone tar pop ....

  1.ှဗိုလ်မြ၀င်းသတင်းလေးတွေထပ်ပို့ပေးပါ

  1. Anonymous said... :

    ကောင်း

  1. ရဲ said... :

    သတင်းလေးကအရမ်းကောင်း

  1. wpa said... :

    သတင်းလေးကအရမ်းကောင်းတယ်။ဗိုလ်ချုပ်မြ၀င်းနောက်တခုရှိသေးတယ်။သူ.လက်အောက်ကတပ်မှူးတစ်ယောက်ကို
    သူ.ဆီပိုက်ဆံသိန်းတစ်ရာအကြွေးပြန်တောင်းလို.တပ်ကထုတ်ပစ်လိုက်တယ်လို.ကြားလိုက်တယ်ဗျ။

  1. Anonymous said... :

    သူကြီးကအဲလိုကြီးလား

  1. Anonymous said... :

    သူပိုင်ဆိုင်မှု..ရဲ့ဆယ်ပုံတစ်ပုံတောင်မှ...
    သတင်းမရ..လိုက်ပါလား...
    ဧရာဝတီ..ဘလောက်ခ့်...တင်ထားတာ
    နဲ့...ဗိုလ်မြ၀င်းကြီး...လက်ရှိပိုင်ဆိုင်မှု..က..
    ကောင်းကင်..နဲ့မြေကြီး..ပါ...
    ထပ်စုံစမ်းပေးပါဦး......
ုkkm

  1. Anonymous said... :

    မာမီမြဝင်း ခင်ဗျား ...
    အဲဒီ ဗိုလ်ချုပ်မြဝင်း ရဲ့လက်ရှိနဲ့ ယခင်က G1,G2 အဆင့်ရှိတဲ့ သူတွေရဲ့ နာမည်တွေကို ဖော်ထုတ်ပေးပါဦး။

  1. Anonymous said... :

    ဒို့ဗိုလ်ချုပ်ကိုအဲသလိုမပြောနဲ့။ဒို့ဗိုလ်ချုပ်ကအဲသလိုမဟုတ်ဘူ
    ရိုးသားတယ်ကွ။

  1. ငါ့သူငယ်ချင်းမြ၀င်းကဒီလိုမဟုတ်ဘူး။သူက၆လ
    နဲ့ဗိုလ်ချုပ်တင်တာ။

  1. ဗိုလ်ချုပ်မြ၀င်ကရူပါmanဘဲ။မင်းသားလုပ်ရင်အခုနာမည်ကြီးမင်းသားတွေဖြစ်တဲ့နေတိုး၊လွင်မိုးတို့ရှုံးလောက်တယ်။

  1. KK said... :

    ဧရာဝတီရေသူ့ဇနီးဒေါ်သန်းသန်းဝင်းပုံလေးရောတင်ပေးပါအုံး

  1. ဗိုလ်ချုပ်မြဝင်းကရူပါ man ဘဲ။မင်းသားလုပ်ရင်နေတီုးရှုံးမယ်။

  1. aungcho said... :

    ဗိုလ်ချုပ်မြ၀င်းကဧရာဝတီတိုင်းကျောင်းကုန်းဇာတိသား။သူ့ဇနီးဒေါ်သန်းဝင်းနဲ့တနယ်ထဲ။

  1. Anonymous said... :

ူဒီလူ့အကြောင်းကို သိတဲ့လူနည်းတယ်။ အမြောက်တပ်ဖွဲ့ ဓါးမြ ဂိုဏ်ခေါင်းဆောင် ပါ။ ဓားမြဆိုလို့ တခြားလူကို တိုက်တာမဟုတ်ဘူး။ အမြောက်တပ်ဖွဲ့ သား အချင်းချင်း လက်အောက်ငယ်သားဆီက ခေါင်းပုံဖြတ်တာ။ သူမကျေနပ်ရင် ဗိုလ်မှုးကြီး အဆင့်လည်း ကလေးလို လူပုံလည်မှာ ဂျွမ်းထိုးခိုင်းတယ်။ သူ့ရဲ့ အရည်အချင်းက "အာ" ကောင်းတယ်။ ယုံအောင်ပြောတတ်တယ်။ လူကြီးတွေကို မြေပုံထောက်ပြီး စာရွက်ပေါ်မှာ စီမံကိန်းတွေ နဲ့ စနစ်တကျ လိမ်တတ်တယ်။"ကျ"သွားအောင်ပြောတတ်တယ်။ သူ့အကျိုးစီးပွါးအတွက် လိုအပ်တဲ့သူဆိုရင် ဖူးဖူးမှုတ် ပြီး ဖင်မူးတောင်းထောင်နေအောင် ကန်တော့တယ်။ အဲဒီ့သူဘဲ သူ့အကျိုးစီးပွါးအတွက် မလိုတော့ဘူးဆိုရင် ခြေရာတိုင်းလို့ ရပြီဆိုရင် ချက်ချင်း မကောင်းတုတ်တယ်။ သူများမကောင်းကြောင်းကို အကောင်းပြောသလိုလိုနဲ့ လှလှပပ ချောက်တွန်းတတ်တယ်။ အယင် အမြောက်တပ်ဖွဲ့ ညွှန်မှုး ဗိုလ်ချုပ်ကြည်ဝင်းကို သူဘယ်လိုဆက်ဆံသွားတယ်ဆိုတာ မှီတဲ့သူတိုင်းသိကြတယ်။ သူအိမ်တွေ တော်တော်များများ ရှိတာလည်း အမှန်ဘဲ။ အဲဒီအိမ်တွေ ဆောက်ဖို့ တပ်ရင်းတွေက တပ်ရင်မှုးတွေကို သစ်၊ ငွေ ၊ ရွှေ စသည်ဖြင့် နည်းမျိုးစုံနဲ့ ညှစ်တယ်။ ယောင်္ကျားကိုပေးပြီးလို့ ပြီးပြီတော့မထင်နဲ့ အိမ်ကျရင် မိန်းမက ထပ်တောင်းတယ်။ မပေးလို့ကတော့ အမြောက်တပ်မှာ ထွက်ချင်စိတ် ပေါက်သွားအောင်လုပ်တယ်။သူဖားရမဲ့သူဆို သူက အကွက်စေ့အောင်ဖားတယ်။ သူဖားရမဲ့သူအိမ်ကိုများ ဖုန်းဆက်ပြီဆိုရင် မနေ့တနေ့ကမှ စကားတတ်တဲ့ ကလေးကိုပါ ဖုန်းပြောတာ။ တစ်ခါပြောရင် ၁ နာရီခွဲ ၂ နာရီကြာတယ်။ မယုံမရှိပါနဲ့။ အားလုံးကို ထောင့်စေ့အောင်ဖားပြီးပြီ ဆိုရင် လက်ဆောင်ကိုလည်း ထောင့်စေ့အောင်ကို ပေးတတ်တာ။ အမြောက်တပ်လည်း အခုတော့ပညာရပ်ပိုင်းဆိုင်ရာ တော်တော်နိမ့်ကျနေပြီ။ သူကို့ဖားတဲ့သူတွေ နေရာပေးတော့ ပညာသည်လိုင်းမှာ များသောအားဖြင့် ပညာရပ်ပိုင်းဆိုင်ရာ တော်တဲ့သူက သိပ်ဖားလေ့မရှိဘူး။ သူ့ကိုဖားတဲ့သူ တော်တော်များများက အမြောက်နဲ့ပါတ်သတ်ရင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတဲ့လူတွေ။ စစ်ဆင်ရေးမှာ အဲလူတွေက ဘာမှ သုံးမရဘူး။ အခု မြန်မာပြည်မှာ တိုက်ပွဲ တစ်ခုခု ကြီးကြီးမားမားဖြစ်ကြည့်။ အယင်တုန်းကလိုတော့ အမြောက်တပ်ဖွဲ့ စွမ်းရည်တွေ သွားမယုံလိုက်နဲ့။ ကိုယ့်ခေါင်းပေါ် ပြန်ကျလာမယ်။ ဘာမှ အရည်အသွေးမရှိတော့ဘူး။ ပေါ်ပင်တွေ လုပ်နေတာ။ ဖားတဲ့သူတွေ နေရာပေးနေတာ။ အခုလက်ရှိ အမြောက်တပ်ဖွဲ့အကြောင်း တကယ်အတွင်းကျကျသိရင် စာဖတ်သူတွေ အော့နှလုံးနာသွားလိမ့်မယ်။ သူ့အကြောင်းဆက်ရေးနေရင် တစ်နေ့လုံးဘာအလုပ်မှ လုပ်ရမှာမဟုတ်ဘူး။ သိပ်များလွန်းလို့။ ဒီလိုလူမျိုးတွေ တပ်မတော်မှာ မထားသင့်တော့ပါဘူး။ သူ့လက်အောက်က ပညာရပ်ပိုင်းဆိုင်ရာ တော်တဲ့ ဒုညွှန်မှုး ဗိုလ်မှုးကြီး အေးသော် ကိုလည်းကန်ထုတ်လိုက်တယ်။ တကယ်တော်တဲ့ ဗိုလ်မှုးကြီး သက်ဦးလိုလူကိုလည်း ကောင်းကောင်းနှိပ်ကွက်ထားတယ်။ ကျွန်တော်က အမြောက်တပ်က မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သူငယ်ချင်းတွေ ရင်ဖွင့်လွန်းတာရယ် ၊ ကျွန်တော့် ဆရာသမားနဲ့ နေစဉ် သူ့အကြောင်း လေ့လာခွင့်ရတာရယ်ကြောင့် တော်တော်လေးတော့ သိနေတယ်။ ဒါတောင် မရေးသင့်တာတွေ မရေးဘဲ တခြားသောသူတွေပါနစ်နာမှာစိုးလို့ ချန်ထားခဲ့တာပါ။ တပ်မတော်မှာ ဗိုလ်ချုပ်တင်ငွေလို လူမျိုး ဖြုတ်တယ်ဆိုရင် ၊ သူ့လိုလူမျိုး ထောင်ပါ ချသင့်တယ်။ သူ့ကြောင့် နစ်နာခဲ့ရတဲ့ မိသားစု ဘ၀တွေ အများကြီး။ နစ်နာခဲ့ရတဲ့ အရည်အချင်းရှိ စစ်သည် အရာရှိတွေ များနေပါပြီ။ ဒီလိုလူမျိုးကို လက်အောက်က အသေးစိတ်ရေးပြီး ဖော်ထုတ်သင့်ပါပြီ။ အခုလို အပေါ်ယံလေး ရေးပြီး ဘာမှ ထိထိမိမိ မရှိတဲ့ စာမျိုးနဲ့တော့ မလုံလောက်ပါဘူးလို့ အကြံပေးလိုက်ချင်ပါတယ်။

  1. Thein said... :

ှဗိုလ်ချုပ်သာအေးက ပိုဆိုးတယ်။ သာအေးစာမရေးဘူး ဆိုပြီး လက်အောက်ခံဝန်ထမ်းတွေကို အသေနိုပ်တာ။ လဘ်စားတဲ့သူတွေကို အရေးယူမယ်၊ ဆောက်လုပ်ရေးကကောင်တွေ သူခိုးတွေဆိုပြီး ကုမ္မဏီတွေက ပေးတဲ့ ရွှေချောင်းတွေယူထားတာ စစ်ကိုင်းတိုင်းမှာ တိုက်ခန်းထဲ အပြည့်ဘဲ။ အဲလိုသူတပါးမညှာတာတဲ့ ကောင်မျိုးတွေမှ ဗမာကောင်တွေအသေကြောက်တာ

  1. Anonymous said... :

    ma hote twe ma pyaw nae

  1. aa said... :

    များကလေ၊သူများကလေ၊အဲလေကျုပ်ဘာခိုးလို့လဲဗျ၊
    ဗိုလ်ချုပ်တယောက်ဖြစ်ပြီးတနေ့တခါမခိုးရင်နူမှာစိုးလို့
    ဒါစတိလောက်ခိုးတာပါ။
    ကျုပ်တို့တနေ့တခါခိုးတဲ့စတိလောက်ကခင်ဗျား
    တို့တသက်မမြင်ဘူးလောက်တဲ့ပမာဏဖြစ်နေတာတော့
    ဘယ်တတ်နိုင်မလဲ။

  1. w thaw said... :

    ဒီဗိုလ်ယုတ်ကြီး အကြောင်း ကို ဆက်လက်ဖော်ထုတ်ပေးကြပါဦး။

  1. Anonymous said... :

    20.10.2011 ၇က်မှာသူ့သမီးအငယ် weeding
    ရန်ကုန် ဆီဒိုးနား မှာလုပ်ရန်စိုင်းပြင်းနေတယ်။
    အမြောက်တပ်တွေအားလုံးမရှိတဲ့အထဲကတနင့်တပိုး
    လက်ဖွဲ့ ပေးရဖို့စိတ်ညစ်နေကြပြီ။ လက်ဖွဲ့ ကို checklist နဲ့စစ်မှာလေ။နည်းသွားရင်၊မပေးမိရင်
    သေမယ့်သာပြင်ပေတော့။

  1. Anonymous said... :

    ကျွန်တော်ကတော့အမြောက်တပ်ကအရာရှိတစ်ဦးပါ ကျွန်တ်ာတို့ညွှန်မှူးတော့ ဒီသတင်းကိုဖတ်ပြီးပင်စင်ယူခါနီး ဖင်ကျိန်းနေလေရဲ့ ကျွန်တော်တို့ရင်ဖွင့်ချင်တာတွေနဲ့ထပ်တူကျလို့ အားရလိုက်တာဗျာ သူ့အချိုးတိုင်းလာမယ့်သူ့တပည့်တွေပဲ အမြောက်တပ်မှာကြီးပွားကြမှာပါပဲ သူ့အကြောင်းမကြာခဏတင်ပေးပါဦး အဲဒါမှသူ့ရဲ့ကြောင်သူတော်ကြွက်သူခိုးဇာတ်လမ်းတွေ ဘူးပေါ်သလိုပေါ်မှာ ဒီသတင်းကထိရောက်မှုရှိပါတယ်
    ခုလဲပင်စင်ယူခါနီ ခါတော်မီ သူ့သမီးကမင်္ဂလာဆောင်ဦးမယ်ဆိုပဲ အမြောက်တပ်ကတပ်မှူးတွေတော့ ခေါင်းကျိန်းနေလေရဲ့ ကိုယ်ပိုင်ကြိုးစားမှုကြောင့်ရလာတဲ့ရာထူးတွေကိုလဲ သူပေးထားတဲ့ရာထူးတွေတဲ့ အံ့လဲအံ့လောက်ပါရဲ့ဗျာ

  1. Anonymous said... :

    အမြောက်တပ်ကအကြောင်းတွေပြောချင်လွန်းလို.ပါ။အခု ခင်ဗျားတို. ပြောနေကြတဲ. မြ၀ါးသမီးအငယ်မ အောက်တိုဘာ(၂၀) မှာ မင်္ဂလာဆောင်မယ် ပြောပါတယ်။အကြီးမဆောင်တုန်းကလည်း
    တပ်ရင်းတစ်ရင်း (၂) သိန်း၊ တပ်မတစ်ခု (၅) သိန်း ကနေ (၁၀) သိန်းထိ ပေးခဲ.ရပါတယ်။ အခု အငယ်မကိုလည်း တပ်ရင်းမှူး (၂) သိန်း ၊ ဗျူဟာမှူး (၃) သိန်း ၊ တပ်မတစ်ခု ကို (၁၀) သိန်းနှုန်း
    အပြိုင်ကြေးခေါ် နေပါတယ်။ မြ၀ါး(မြ၀င်း) က ပင်စင်သွားတော.မှာမို. လက်လွှဲယူမဲ.တပ်မမှူး တွေက လည်း သူရ နှိုးနှိုး၊ ကိုယ်ရ နှိုးနှိုး နဲ.ပဲ ဖိကောက်နေကြပါတယ်။ ဘောနပ်ကြီး ၊ သထုံ ၊
    အောင်ပန်း ၊ အုပ်တွင်း တပ်မတွေက တပ်ရင်းမှူး ကတော်တွေက မလာမနေရဆိုဘဲ။ မိတ္တီလာက တပည်.ကြီး ဇော်ဝင်း နဲ. မရှမ်းမ ကတော. အစအဆုံးအကုန်ခံ ကြမယ်ဆိုဘဲ ။
    အကြီးမတုန်းကလည်း ပွဲတက်ဝတ်ဆုံချိတ်တွေကို တစ်ယောက်တစ်သိန်းနီးပါးဝယ်ပြီး ပွဲတက်ခဲ.ရတယ်။ ဒီတစ်ခါတော. Silk Style က ပိုးနဲ.ပွဲတက်ကြရမှာတဲ.။ တစုံ (၂) သိန်း နီးပါးပေးရပါတယ်။
    တပ်ရင်းမှူး ကတော်တွေက တစ်လတစ်ခါ လူသစ် (၂)သိန်း ၊(၃) သိန်း နဲ. စုရ ၊အကောက်အခံ ကများနေမို.လို. ဒုက္ခရောက်နေကြရပါတယ်။ ဒါပေမဲ.မြ၀ါး ကတော. မျက်ဖြူစိုက်လေ
    ဆရာကြိုက်လေပါပဲ ။ မြ၀ါးကို ဒီအတိုင်းပဲကြည်.နေကြတော.မှာလားဗျာ ။မ.စ.ခ (၉၀၉) က ဗိုလ်မှူးချုပ်သက်လွင် ကလည်း ခွဲမှူးတုန်းက မိုလေ၀သတိုင်းထွာရေး ၊တပ်ရင်းမှူးကြတော. ရန်ကုန်
    (၅၀၃)မှာ မြေကို အ၀ိစိ ထိတူးရောင်းပြီး ဖားခဲ.လို.အခု အမြောက်တစ်ချက်မှမပစ်ဖူးဘဲ တပ်မမှူး ဖြစ်နေပါပြီ ။ ကျွန်တော် သူများမကောင်းပြောတာမဟုတ်ပါဘူး ၊ အမြောက်က တစ်ကယ်တော် တဲ.
    ဒုညွှန်မှူး လိုလူမျိုးနဲ.ယှဉ် ကြည်.ပါ၊ ဖွဲ.နဲ. ဇကွဲပါ ။အခုလည်း ဗိုလ်မှူးချုပ်သက်လွင် ကတပ်တွေကအခွန်တွေကောက် ၊တပ်စစ် လာတော. အပုံလိုက်ပေးနဲ. တစ်နေ. နှစ်ခါဖုန်းဆက် ဖားပြီး
    ညွှန်ကြားရေးမှူး(ဓါးပြခေါင်းဆောင်) လက်သစ်ဖြစ်မယ်.သူဆိုပြီ ကြုံးဝါးနေပါတယ် ။ ပြီးတော. သူက မင်္ဂလာဆောင်အတွက်လက်အောက်ခံ တပ်ရင်းများကို (၁၀) ရက်နေ.ထက်နောက်မကြဘဲ
    ဆက်ကြေး တစ်ရင်းတစ်ရင်းကို (၃) သိန်းကောက်ပြီး ယစ်ပူဇော်ဖို.လုပ်နေပါတယ်။ဒါကြောင်. အထက်အောက် မှာ ရှိကြ တဲ. လူသူတော်ကောင်း ၊ နတ်သူတော် ကောင်းများ
    အမြောက်တပ်ကြီးကိုစောင်.ရှောက် ကြပါရန် အကြောင်းကြားပေးကြပါဦးလို.။

  1. Anonymous said... :

    အခု ဖိတ်စာတွေတောင်ပို့နေပြီကြားရပါတယ်
    မခံချင်စိတ်ရှိတဲ့သူဆို လက်ဖွဲ့ခြင်းသီးခံပါဆိုပြီးထည့်မှာဘဲ
    ပေးစရာမလိုဘူးပြောပြီး မပေးနိုင်တဲ့သူနှိပ်ကွက်နေရင်
    ကြောက်တာနဲ့ပေးနေကြရမှာပါဘဲ
    ကိုယ့်လိပ်ပြာနဲ့ ပုံရိပ်လေးကောင်းအောင်တော့လုပ်ဖို့
    လိုနေပါပြီ

  1. Anonymous said... :

    အခုဒီသတင်းတွေကိုဖတ်ပြီး သူ့သမီးမင်္ဂလာဆောင် မှာ ရွှေနဲ့ငွေသား လက်မဖွဲ့ရဆိုပဲ အင်း တိုက်တို့ ကားတို့ပဲလက်ခံတော့မယ်တူပါရဲ့ လက်မဖွဲ့ရဆိုပြီး ဘာလို့အပြတ်မပြောတာလဲဆိုတာ ဖြစ်နိုင်ရင် တို့ဗိုလ်ချုပ်ကိုမေးလိုက်ချင်ရဲ့ ကိုယ့်ကိုယ်ကို ကလိထိုး တစ်ဆယ်ဖိုးလောက်သာရီချင်တော့တယ်ဗျာ

  1. Anonymous said... :

    အပေါ်နှစ်ခုကျော်က anonymous တစ်ဦးရေ ရေးထားတဲ့ကော်မန့်ကကောင်း ပေမယ့် ရင်ဖွင့်ချင်ဇောအားကြီးနေလို့လားမသိဘူး ဗိုလ်မှူးချုပ် သက်လွင်က မစခ(904)မိုးညှင်း မှာလေဗျာ ခင်ဗျားပြောတာတွေက အဲဒီတစ်ခု မှာလွဲသွားတော့ တော်တော်ကြည့်ရဆိုးလို့ပါ ခင်ဗျားပေးထားတဲ့ကော်မန့်ထဲကဟာတွေ အမှန်တွေမှန်း ကျွန်တော်တို့က အချင်းချင်းမို့ သိပေမယ့် သူ့ကိုမဟုတ် တရုတ်တွေပြော နေသလိုဖြစ်နေလို့

  1. Anonymous said... :

    မင်္ဂလာနှစ်သစ်မှာ ချစ်သော အမြောက်တပ်သားအပေါင်း မင်္ဂလာရှိ ကြပါစေ။မြ၀ါး ကတော.၀ါးပြီးရင်း ၀ါးဆိုသလို နှစ်သစ်မှာစားပြီးဝါးပြီး သိမ်းကြုံး ယူဦးမှာပါ။ ဒီတော. ကျွန်တော်တို.တွေ မင်္ဂလာရှိဖို.က မြ၀ါးမရှိမှဖြစ်မှာပါ။ ကျွန်တော် ကတော.NewYear ညမှာဆုတောင်း ချင်တာကတော. မြ၀ါးကြီးမြန်မြန်ပြုတ်ဖို.ပါဘဲ။သူကတော.နောက် တစ်နှစ်တောင် နေချင်တယ်ဆိုဘဲ။နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ. စိတ်သဘောထားမှန်ကန်တဲ. director အသစ်တစ်ယောက်ရပါစလို.ဆုတာင်းပေးလိုက်ပါတယ်။

  1. Always Gunners Group said... :

    ဗိုလ်ချုပ်မြ၀င်း(မြ၀ါး)အတွက် အမိန်.ပြန်တမ်း
    ဗိုလ်ချုပ်မြ၀င်း(ခ)ဗိုလ်မြ၀ါးသည် ၉. ၁. ၁၀၁၂ နေ.မှစရ်ျ အမြောက်တပ်ဖွဲ.တွင် သေဆုံးသွားခဲ.ပြီဖြစ်သည်။သင်သည်တပ်ဖွဲ.တွင်တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း အထက်လူကြီးကို ဖော်လံဖား ၊ တန်းတူကို ကတုံးကတိုက် ချောက်တွန်း ၊ အောက်လူကို လှေကားထစ်လိုနင်းကာ ညွှန်ကြားရေးမှူး ရာထူးအထိ မတန်တရာတက်လှမ်းခဲ.သူဖြစ်သည်။ သင်.လက်ထက်တွင် ငါတို.အမြောက်တပ်ဖွဲ.သည် စိတ်ဓါတ် မှစရ်ျ အဖက်ဖက် တွင် ယို.ယွင်း ပျက်ဆီးခဲ.ရသည်မှာ ဆယ်စုနှစ် တစ်စု ကြာမြင်.ခဲ.ပြီဖြစ်သည်။သင်သည် သင်.ကိုနေရာပေးသူ ၊ မြေတောင်မြှောက်ပေးခဲ.သူများ ဖြစ်သည်. ဗိုလ်ချုပ်ကြည်ဝင်း ၊ ဗိုလ်ချုပ် ခင်ညွှန်. အစရှိသည်. လူကြီးများက်ု လည်း ရိုင်းပြစွာဆက်ဆံ ခဲ.သည်။ဗိုလ်မှူးကြီးမြင်.ရှိန် ကဲ.သို.သော (စီနီယာ)များ ကိုလည်း(ဟန်းကတိုင်း) တောထဲပို.ပြီး သက်ပြည်. အထိနေစေကာ ပင်စင်ယူစေခဲ.သည်။စီနီယာများကို တောထဲတွင်ထားပြီးမနေ.တစ်နေ.ကမှ ဗိုလ်မှူးဖြစ်သောသူတွေကို(ရန်ကုန်၊ နေပြည်တော် ၊ မိတ္တီလာ ၊သိမ်ဇရက်)မြို.ကြီးများပေါ် ခေါ်ထားခဲ.သည်။ထိုခေတ္တ တပ်ရင်းမှူး များထံမှ တလ (၅) သိန်း မှ (၁၀) သိန်းထိ ဆက်ကြေးကောက်ယူကာ ကိုယ်ပိုင်တိုက် (၁၆)လုံးထိ ဆောင်ယူ ခဲ.သည်။ အမြောက်တပ်ဖွဲ.မှ အငြိမ်းစားယူ (အပြင်ရောက် ရှိနေသော) အရာရှိကြီး များကိုလည်း သင်.လက်ထက်တွင် မည်.သည်.တပ်ကိုမျှ အ၀င်မခံ တပ်ဖွဲ. နေ.လည်းမဖိတ်ဘဲ ပြစ်ပယ်ခဲ.ရာ ငါတို.မှာ သီးခြား ပြင်ပ တွင် တပ်ဖွဲ.နေ.ကျင်းပပြီး တွေ.ဆုံခဲ.ကြရသည်။ ယခု သင်လည်းဒီဘ၀ကို ရောက်၇ှိပြီ ဖြစ်လို. ဘာမျက်နာနဲ.ငါတို. တပ်ဖွဲ.၀င်ဟောင်းတွေ ကြားထဲလာ မလဲ ၊ ယခု ဘာမျက်နှာ နဲ.အရှက်မရှိ အမြောက်တပ်ဖွဲ. တွေကြားထဲ သွားမလဲသိချင်လှသည်။ Once A Gunner Always A Gunner ထဲတွင်သင်မပါ။သင်သည် always a destroyer ဖြစ်သည်.အတွက် အမြောက်တပ်ဖွဲ.မှသင်အား အပြီးတိုင်ထုတ်ပယ်လိုက်သည်။ သင်လိုရာသို.သွားနိုင်ပြီ မောင်မြ၀င်း။
    ပုံ
    Always gunners အဖွဲ.

  1. aungban said... :

    သွေးစုတ်ဖုတ်ကောင်မြ၀င်း တစ်စခန်းပြန်ထနေပြီ မိတ်ဆွေတို.ေ၇ အခုမြ၀င်းက အောင်ပန်းမှာ ခြေကုပ်ချပြီး ပါတီဝင်ဖို.ကြိုးစားနေတယ် သူဝင်မဲ.ပါတီကလဲ ကြံခိုင်ေ၇းအသင်းကပါဘဲ မိတ်ဆွေတို.ကိုတစ်ခုလောက်မေးကြည်.ချင်တယ် တပ်ကထွက်ပြီး အငြိမ်းစားယူပြီး၇င် တပ်က ကား စစ်ဗိုလ်ကြီး တပ်သား ၇ဲမေတို.ကို ခေါ်ပြီး ခိုင်းလို.၇လား အိမ်မှာလာပြီး စောာင့်ခိုင်းလို.၇လား ကားမောင်းခိုင်းလို.၇လား တမျိုးတော့မထင်နဲ.နော မသိလို. အမတ၃၅၅တပ်ကတော. မြ၀င်း၇ဲ. ခိုင်းဖတ်ဖြစ်နေတယ် တပ်ကဆီလဲသုံးတယ် ကားလဲ ယူသုံးတယ် သူမှာကားလေးစီး၇ှိပါတယ် သူကား၇ှိတာဘဲယူသုံးပေါ့ဗျာ သူသာအဲလိုသုံးတာ ခိုင်းတာ ယူတာတွေကို ပြုလုပ်လို.၇၇င် တပ်ကထွက်ပြီး အငြိမ်းစားယူသွားတဲ. စစ်မူထမ်းဟောင်းတိုင်းအသုံးပြုလို.၇၇မှာပေါ့မဟုတ်ဘူးလား ကျွန်တော်တို.နိုင်ငံက ဒီမိုကေ၇စီနိုင်ငံဆို ဒါကတော. ဒါကတော. မှားနေတယ်နဲ.တူပါတယ် ဒီလိုဘဲနေပါလိပ်မယ် သန်းေ၇ွှလဲအတူတူဘဲလားမသိဘူး သူတို.ကစိတ်တူကိုယ်တူအကြံတူ တပ်တွင်းသွေးစုတ်ဖုတ်ကောင်ညီနောင်ဘဲ အတူတူဘဲနေပါလိမ့်မယ် မိတ်ဆွေတို.ေ၇ စဉ်းစားပေးကြပါဦး နောက်ထပ်၇ှိသေးတယ် ကလောမြို.နယ်မှာေ၇ွးကောက်ပွဲမှာ သူပါမယ်လို.လဲ ကြားတာနဲ.အကြံတူကြံခိုင်ေ၇းကကပ်တော.တာဘဲ သူကအခုမဲအတွက်ကြိုးပမ်းနေတယ်လေ ဘယ်လိုကြိုးစားလဲကျွန်တော်သိသလောက် ပြောပြမယ် ကျေး၇ွာတွေ မြို.တွေကို ပိုက်ဆံပေးချီးမယ် 1ကျပ်တိုးနဲ. တဲ.၇ွာတွေကိုလဲ သူကအပိုင်ကိုင်ထားတယ်လေ ကျွန်တော်တို.ဖက်၇ွာမှာ၇ှိတဲ့ ၇ွာသူ၇ွာသားတွေက တစ်နေ.ကုန်အလုပ်ဘဲ လုပ်နေကြတဲ့ သူတွေလေ ၇ွာမှာသူကြီးဆို၇င်တ၇ွာလုံးကကြောက်ကြတယ်လေ အခုလဲအတူတူဘဲ မြ၀ါးက သူကြီးတွေကို ကပ်ထားတယ် ၇ွာကသူကြီးဆို မြို.ကလူကြီးဆိုဖင်တုန်အောင်ကြောက်တာ သူတို.ကဥပဒေကိုသိပ်နားမလည်ဘူး နဲနဲအလမ်းဝေးတယ် လူကြီးပြောတာဥပဒေလို.မှတ်ကြတယ် အခု၇ွာတွေမှာ မေးကြည်.ပါ မင်းတို.ဘယ်ဖက်ကမဲပေးမှာလဲ ကျွန်တော်တို.ကတော့မသိဘူး ၇ွာသူကြီးကတော့ပြောထားတယ် ဘယ်ပါတီဝင်ဘဲလာလာ ခြင်္သေတံဆိပ်ကလွဲပြီး ကျန်တဲ့တံဆိပ်မဲမပေး၇ဘူး ပေးတဲ.သူ၇ှိတဲ့၇ွာကိုမီးဖြတ်မယ်မထောက်ပံ့ဘူး လို.ပြောတယ် ကျွန်တော်တို.၇ွာကလူတွေက ထမင်းစား၇ဖို. ကောင်းကောင်းနေ၇ဖို.ဘဲသိတာလေ ဒါကြောင့်သူကြီးပြောတဲ.အတိုင်းဘဲ ခြင်္သေကိုမဲပေးကြလိပ်မယ် လို.သူကပြောတော့ ကျွန်တော်တွေးလိုက်တယ် မဲပေးအောင်ဒီလိုလုပ်၇တာလား မိတ်ဆွေတို.ကော ဒါဟာစစ်မှန်တဲ.ေ၇ွးကောက်ပွဲ ဖြစ်စေနိုင်လားဗျာ စဉ်းစားပေးပါဦး ကျွန်တော်တို.ကလောမြို.နယ်မှာ ကြံခိုင်ေ၇းပါတီသာ နိုင်သွား၇င်တော့ ကလောမြို.နယ်သူမြို.နယ်သားတွေကတော့ တစ်နေ.ကိုသွေးတစ်ဇွန်းစီလျော.တော.မယ် သက်ဆိုင်၇ာကိုပြောပေးကြပါဦး ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved