တရုတ်သံရုံးရှေ့ ဆန္ဒပြသူကို ထိန်းသိမ်း

Tuesday, September 20, 2011


မြစ်ဆုံဆည်စီမံကိန်းရပ်ဖို့ လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ဆန္ဒပြနေတဲ့သူတွေ (ဓာတ်ပုံ - KNO-UK)

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ရပ်ပါလို့ အင်္ဂလိပ်လိုရေးထားတဲ့ စာတန်းကိုကိုင်ပြီး ဒဂုံမြို့နယ် ခရေပင်လမ်းက တရုတ်သံရုံး ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဌာနရှေ့ တကိုယ်တော်ဆန္ဒပြတဲ့သူကို ရဲက ဖမ်းခေါ်သွားတယ်လို့ သတင်းရပါတယ်။

ကြွေးကြော်အော်ဟစ်တာ တခုမှမလုပ်ပဲ Stop Irrawaddy Dam လို့ရေးထားတဲ့ စာတန်းကိုင်ထားတဲ့သူ့ကို လုံခြုံရေးတာဝန်ကျရဲတွေက စစ်ဆေးလို့ နာမည်မေးတဲ့အခါ ကိုအောင်သိန်းလှ ခေါ် ကျော်ဝင်း လို့ သူ့နာမည်ကို ပြောတဲ့အကြောင်း၊ တောင်ဥက္ကလာပ (၇) ရပ်ကွက်မှာ နေတယ်လို့ ပြောနေတာကို ကြားရတဲ့အကြောင်း မျက်မြင်သက်သေတယောက်က ဧရာဝတီကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်တွေက မြစ်ဆုံဆည်ဆောက်ဖို့ ကန့်ကွက်တဲ့အနေနဲ့ တရုတ်သံရုံးရှေ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေကြောင့် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးရှေ့မှာက လုံခြုံရေး တင်းကြပ်နေလို့ ပြန်ကြားရေးဌာနရှေ့ကို ဒီလို ဆန္ဒလာပြတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို အတည်ပြုဖို့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးကြည့်တော့ ဒီကိစ္စကို သူတို့ ဘာမှမသိတဲ့အကြောင်း တာဝန်ကျရဲအရာရှိတယောက်က ပြောပါတယ်။




4 comments :

  1. Anonymous said... :

    ပထမဆုံးကယ်တင်သူဖြစ်ခဲ့တဲ့အတွက်
    ကိုအောင်သိန်းခေါ် ကိုကျော်ဝင်းရေ....
    ဂုဏ်ယူပါတယ်ဗျာ...

  1. Anonymous said... :

    Brvo, Ko Kyaw Win....

    we should trace this case for the truth..

    Sai Myo Chit

  1. Anonymous said... :

    ဒီလို ဖြစ်မယ်မှန်း သိရဲ့နဲ့ ဒီလိုလုပ်တာ ဘာကြောင့်လဲ။ ကျုပ်တော့ ကိုအောင်သိန်းကို အာဇာနည်လို့ ပြောလို့မရသည့်တိုင်၊ အရမ်းချီးကျူးမိတယ်။ အဲဒီလို လူတွေများများ ရှိဖို့လိုပြီး ကျုပ်လိုလူတွေ မြန်မြန်သေတာဘဲ ကောင်းတယ်။

  1. singer said... :

    RFA မှာတော့ ဆန္ဒပြတဲ့သူက ရနောင်းက ဝင်လာတဲ့ အမေရိကန် နိုင်ငံသားလို့ ပြောတယ် ခင်ဗျ...
    တရားဝင် လမ်းကြောင်းက ဝင်လာပြီး ဆန္ဒပြရင် ဖမ်းချင်မှ ဖမ်းမှာ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved