
သူက အကူအညီပေးရေးအဖွဲ့အစည်းတွေ၊ အစိုးရကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့ပါတယ်
မြန်မာပြည် ၂ ရက်ကြာခရီးစဉ်အပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာတော့
"မြန်မာပြည်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရေးကို တိုးချဲ့လုပ်ကိုင်ဖို့အတွက် အာဏာပိုင်တို့က လိုလိုလားလား ရှိနေသည်" လို့ ဖော်ပြထားကြောင်း
AFP သတင်းတပုဒ်မှာရေးထားပါတယ်။
လူသားချင်း စာနာမှုဆိုင်ရာ ကူညီမှုလုပ်ငန်းပိုင်းမှာ ကျွမ်းကျင်သူတွေ မြန်မာပြည်ရဲ့ လိုအပ်နေတဲ့ ဒေသတွေကို ၀င်ရောက်လေ့လာ လုပ်ကိုင်ခွင့် မကြာခင် ရဖို့လည်း သူ မျှော်လင့်ပါတယ် တဲ့။
ဖတ်ရတဲ့ သတင်းတွေကတော့ ဟန်ကျနေတာပဲ။
ကြားရတဲ့ သတင်းတွေကတော့ ဟန်မကျဘူး။ ဟိုတလောက ကချင်ဒေသဒုက္ခသည်တွေကို မကူညီကြဘူးလားလို့ ရန်ကုန်အခြေစိုက် အဖွဲ့တခုကို မေးတော့
အကူအညီကို တိုက်ရိုက်ပေးလို့မရပါ၊ ကချင်ပြည်နယ်အစိုးရကို ဖြတ်ရမယ် လို့ ဆိုပါတယ်။
သောက်ကျင့်တွေ မပြင်ကြသေးဘူးပေါ့။
ဧရာဝတီ ပြောသလို ဖတ်ရတဲ့ သတင်းတွေကတော့ ဟန်ကျနေတာပဲ။ လိုအပ်နေတဲ့ ဒေသတွေကတော့ တိုင်းပြည်တစ်ခုလုံး ဖြစ်နေမှာပါ။ အကူအညီပေးချင်တာတောင် တိုက်ရိုက်ပေးလို့ မရဘူးနော်။ ကြားက ပွဲစားတွေရှိနေသေးတာ။