hot news ဂျာနယ် ထဲက ဦးခင်ညွန့်

Thursday, January 19, 2012

ယခုတပတ်ထုတ် hot news ဂျာနယ်မှာ hot တာတွေ တွေ့ရမှာပါ။


ဒီတပုဒ်မှာတော့ ဦးခင်ညွန့်ရဲ့ ပြောဆိုချက်တွေကို တွေ့ရမှာပါ


24 comments :

  1. Anonymous said... :

    His language and its tone show no sincerity at all. His talk is strongly based on or aimed at personality cult. For example, my followers, as I etc. Another thing interesting here is why the journalist needed to sit on the floor? Why didn't he encourage her to sit on the sofa?
    The Burmese people at large must also avoid believing in personality cult. This tradition of personal worhip tends to develop a dictatorship. Why not anyone until now does not ask his apology for what he and his team had done in the past? Yes, the people can forgive him, but only when he made a public apology. He must seek forgiveness from the victims whom he had abused both mentally and physically if he is really for peace. So far, no sign of this has been seen.

  1. Anonymous said... :

    no sense
    is it important to know what he do?
    do you believe that he can take the peace for the myanmar?
    i can't consider why the media announce the news abt this old fox
    he's no more than a very very cunning fox

  1. Anonymous said... :

    ဘဘ မမ. အော်. ဘဘ. မမ

  1. Anonymous said... :

    မျက်လုံးပိတ်
    သံပြိုင်ဆဲလည်း
    အုပ်စုဆိုတဲ့စကားအရ အများဆန္ဒတော့ ဖြစ်မယ်။

    ဒါပေမဲ့…
    ရိုင်းစိုင်းကြတာလား
    ကိုင်းရှိုင်းကြတာလား
    တို့ နိုင်ငံရေးမှာ
    ထိလို့မရတဲ့ ဘုရားတွေရယ်
    ညှိလို့မရတဲ့ ငဖားတွေရယ် များတယ်။
    (ကောင်းကင်ကို)

    http://kaungkinko.blogspot.com/2012/01/blog-post_19.html

  1. Anonymous said... :

    Putting his face and his words in the media .......ONLY JUST worsened the situation .

    More anger.
    More outcry.
    More bitterness.
    All pain from old scars ' come back '. All ' flash back ' Only by seeing his face and his voice.

    and more inclined to retaliate.

    It will be safe if he stays very quiet and reclusive.

  1. Anonymous said... :

    ကိုယ်သာဂျာနယ်သတင်းထောက်ဆိုရင် ဒီလိုခေါင်းစဉ်းတပ်မယ်.
    ‘ အူကြောင်ကျားတွေလေးစားတဲ့လူယုတ်မာအပ်ပလာခင်ညွန့်လွတ်လာပြီ’ လို့။

  1. Anonymous said... :

    That is ridiculous news.

  1. Anonymous said... :

    အိမ်း အောင်း ဒူ ဝေ ဒူ ဝေ သွား ဟုန် .... ဟုန်...

    အပယ် လေး ဘုံ ငရဲသား တွေ ဆို တာ.. မေတ္တာပို့  အမျှ ဝေ လို့  မ ကျွတ် မ လွတ် ကြ ဘူး လို့  ကြား ဘူး တယ် နော်............

  1. kyawkb said... :

    ဇာဂနာ တို့တောင်အဲဒီလိုထိုင်ခဲ့ ကြရသလား မသိဘူး။

  1. Anonymous said... :

    လောလောလတ်လတ်ကြီးဘဲရှိသေးတယ်.လူတွေမေ့ကုန်ပြီ.ဒီလိုလူမျိုးကို..နောင်ကလေးတွေအမှတ်မှားကုန်တော့မယ်..ဒီလိုပုံစံမျိုးဆိုရင်တော့..ရှေ့တိုင်ပြည်ရေးမလွယ်ဘူး..စာရိတ္တပိုင်းပြောတာ..လုပ်ချင်တာလုပ်မယ်..တောင်းပန်စရာမလိုဘူး..ပုံစံမျိုး..ဘာစီးပွားရေးမှမရှိပါဘူးတဲ့..ပန်းရောင်းစားတာပါတဲ့..ဘာမှစုဆောင်းရှယ်ရာမရှိပါဘူးတဲ့..ခုစတော့မယ်အလူအတန်း..အကောင်းစားနေရာထိုင်ခင်း..မြင်ကွင်းကိုကရှင်း၂ကြီး..မြေကြီးလက်ခတ်မလွဲဘဲ..တခုခုကိုအားစယူနေပြီ..အဆိုးမြင်မဟုတ်ပါ..ရိုးရိုးလေးဘဲတချက်ခင်ဗျားတို့သတိထားကြည့်..

  1. Anonymous said... :

    PLs, Don't put his face at your journel..

    I vomitting after I saw his face..

  1. ကြယ်ပြာ said... :

    ဦးခင်ညွန့်ကို ခွင့်လွှတ်ခြင်း၊ မလွှတ်ခြင်းကို အပြစ်မဆိုပါဘူး။ ခွင့်လွှတ်နိုင်တဲ့သူက လွှတ်မယ်၊ မလွှတ်နိုင်တဲ့သူက ဆက်မုန်းခွင့်ရှိတယ်။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပဲ။ ဒါပေမယ့် ကျွန်မတို့တွေ သတိမပြတ်ဖို့တော့လိုမယ်။ သူ့ကို တခမ်းတနားပုံတွေ နဲ့ ဒီလိုသတင်းတွေ တက်လာတာကို ကျွန်မရင်ထဲမရှင်းဘူး။ သူဟာ ဂျာနယ်တွေထဲပါလောက်အောင် စလီဘရစ်တီတစ်ယောက်လဲမဟုတ်သလို၊ လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ယောက်လဲ မဟုတ်တော့ဘူး။ သူပြောသလိုတကယ်နိုင်ငံရေး မလုပ်တော့ပါဘူးဆိုတာ တကယ်လား? ကျွန်မသူ့ကို တကယ်ကို မယုံကြည်ဘူး။ သူ့စကားတွေထဲမှာ "ငါ" တွေသိပ်များတာ ဖတ်ရတော့ ပိုကြောက်တယ်။ မြန်မာနိုင်ငံ စုတ်ပြတ်သတ်သွားအောင် မောင်းနှင်တဲ့ထဲမှာ သူလဲ အဓိက နေရာကပါခဲ့သူတစ်ယောက်ပဲဆိုတာ မမေ့ကြဖို့တော့လိုမယ်ထင်တယ်။

  1. Phocho said... :

    တစ်ယောက်နဲ့တစ်ယောက် အာဃာတထားမူ့တွေ...ရန်ကိုရန်ခြင်းတုန့်ပြန်ချင်တဲ့သူတွေ...မေတ္တာတရားခေါင်းပါးပြီး.. ဒေါသစိတ်တွေနဲ့ ပြည့်လျှံနေတဲ့သူတွေအားလုံး ဗြဟ္မဝိဟာရဟုဆိုအပ်သော သူတော်ကောင်းတရားများ ပိုမို၇င့်သန်လာစေ၇န်... ဧရာဝတီအဖွဲ့တော်သားများနှင့်တကွ တခြားမီဒီအဖွဲ့အားလုံးတို့မှ ဝိုင်းဝန်းသိခံ၍ ဆောင်ရွက်ပေးကြပါရန်မေတ္တာရပ်ခံပါသည်.

  1. Ko Zaw Gyi said... :

    Daw Ma Ma ,

    Please Read This.Then Don't write anyhow and Call Khin Nyunt is Gentleman.





    ကြယ်ဆိုတာ ကိုယ်ပိုင်အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတုကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။ စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားတဲ့ ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း၊ ကျမတို့ တိုင်းပြည်မှာ ရှိတဲ့ လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက် တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ်တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေ တယ်။ ဒါကြောင့် ကျမက ကြယ်တွေကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။

    ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသားဖြစ်တဲ့ ဓာတ်ပုံတပုံ အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ ဓာတ်ပုံက သေနတ်မှန် ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူ လေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကို မမြင်ဖူးတဲ့လူ မရှိပါဘူး။ မြင်တဲ့ လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြပါတယ်။ အဲဒီ ဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူ နည်းမယ်လို့လည်း ကျမထင်ပါတယ်။

    ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။ ဒေါက်တာစောလွင် ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မကလည်း ဆရာဝန် ပါပဲ။ ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းက ကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်း လည်း ဆရာဝန် တယောက်ပါပဲ။ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။

    ဒေါက်တာ မင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာ ဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လို ကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက် တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်း သိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်း ကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။

  1. Ko Zaw Gyi said... :

    (မြန်မာပြည်ကို လူညွန့်တုံးအောင် လုပ်ခဲ့တဲ့ ဗိုလ်ခင်ညွန့် ရဲ့ လုပ်ရပ်တွေထဲ သမိုင်းဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ပြန်လည် တင်ဆက်လိုက်ပါတယ်။)

    ကြယ်ဆိုတာ ကိုယ်ပိုင်အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတုကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။ စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားတဲ့ ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း၊ ကျမတို့ တိုင်းပြည်မှာ ရှိတဲ့ လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက် တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ်တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေ တယ်။ ဒါကြောင့် ကျမက ကြယ်တွေကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။

    ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသားဖြစ်တဲ့ ဓာတ်ပုံတပုံ အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ ဓာတ်ပုံက သေနတ်မှန် ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူ လေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကို မမြင်ဖူးတဲ့လူ မရှိပါဘူး။ မြင်တဲ့ လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြပါတယ်။ အဲဒီ ဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူ နည်းမယ်လို့လည်း ကျမထင်ပါတယ်။

  1. Ko Zaw Gyi said... :

    ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။ ဒေါက်တာစောလွင် ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မကလည်း ဆရာဝန် ပါပဲ။ ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းက ကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်း လည်း ဆရာဝန် တယောက်ပါပဲ။ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။

    ဒေါက်တာ မင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာ ဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လို ကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက် တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်း သိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်း ကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။

  1. Ko Zaw Gyi said... :

    တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေ ချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွားနိုင် တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်းကြားခဲ့ ပါတယ်၊ ဒေါက်တာ စောလွင် ရောက်လာတော့ ဒေါက်တာမင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေးက ဆေး တလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ် မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှူရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

    ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်း က ဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေး ရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်း သိန်း တို့ကပဲ ကုသပေးခဲ့ပါတယ်။

  1. Ko Zaw Gyi said... :

    ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲ နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒေါက် တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင် နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီးတဦးကို အကြောင်း ကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်။ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွားတာတဲ့။ ဒေါက် တာ စောလွင် တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာ ၀န်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်ကတော့ ထွက်ပြေးခဲ့ရပါ တယ်။

    ဒေါက်တာ စောလွင် ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမ မျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမ ကူလုပ်ပေးခဲ့ပါတယ်။ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမ ယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသပေးခဲ့တာ ကျမရှေ့တင်ပါ။ ၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့ အဖေ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင် ပြန်ရောက်လာခဲ့ပါတယ်။

  1. Ko Zaw Gyi said... :

    ဘာမှ ထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက် ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်။ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေ မယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်။ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ် မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီး ရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုက လေး ကို ပြန်လာခဲ့ပါတယ်။

    ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်းရေးမှူးက ခေါ်လို့ သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်း ရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ရပါတယ်။ အဲဒီနောက် ဒေါက်တာစောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။ အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာစောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်။ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာ မပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။

    အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စော လွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲ ကြိုးချ သတ်သေနေခဲ့ပါတယ်။

  1. Ko Zaw Gyi said... :

    ဆရာ သေဆုံးရခြင်းအတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်း တဦးပါ။ ကျမတို့ ဗမာပြည်မှာ ကြယ်တွေကြွေနေပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘတွေရဲ့ ခံစား ချက်က ဘယ်လောက်များ နာကျင်နေမလဲ။ ကျမတို့ရဲ့ အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာ လဲ……။ ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။

  1. Anonymous said... :

    ဂျာနယ်များအနေဖြင့် နောင်လာနောင်သားများ သင်ခန်းစာယူလွဲမှားစေနိုင်သော သတင်းမျိုးကို မထည့်သင့်ပါ။
    ထို့အပြင် နောင်အချိန်တွင် အငြင်းပွားဖွယ် သမိုင်းကြောင်းလည်း ဖြစ်လာနိုင်ပါသည်။
    သူလိုလူတယောက်လွတ်လာခြင်းနှင့် ပက်သက်ရ်ျ ယခုလောက် အရေးတယူရှိရန်မလိုပါ။
    သူသည် တိုင်းပြည်ဧ။် သူရဲကောင်း မဟုတ်ပါ။ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော စစ်အာဏာရှင်တဦးသာ ဖြစ်ပါသည်။
    အားကျအတုယူဖွယ်လုပ်ဆောင်ချက် တစ်ခုမျှ မရှိပါ။
    ရာစုနှစ်တစ်ခုအတွင်း ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပုဂ္ဂိုလ်မျိုး တစ်ဦးသာပေါ်ပေါက်ခဲ့ပြီး ၊ ဗိုလ်နေဝင်းလိုလူမျိုး များစွာပေါ်ပေါက်ခဲ့ခြင်းမှာ ဝမ်းနည်းစရာဖြစ်ပါသည်။
    လွတ်လပ်ရေးအတွက် မိမိအသက်ပင် အဆုံးအရှူံးခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းအားမလေးစားဘဲ
    ဗိုလ်နေဝင်း ကတော့ဖြင့် ရဲဘော်သုံးကျိပ်ဝင်ဖြစ်ခဲ့လို့ လေးစားပါသည် ဆိုသလို
    တလွဲဆံပင်ကောင်းမနေကြပါနဲ့ လို့ပြောပါရစေ။ ေ
    ကာက်ကျစ်ခြင်း ၊ ရက်စက်ခြင်း ၊ ယုတ်မာခြင်း ဆိုတဲ့
    ဝိသေသများပိုင်ရှင် ဗိုလ်ခင်ညွန့်ပါ။
    မြန်မာလူငယ်များ ငရမန်ကန်းကို ယုံမိတဲ့ စောလူးမင်းလက်သစ်များ
    မဖြစ်ကြပါစေနဲ့။ ရိုးကြပါ မအကြပါနဲ့။ သမိုင်းကိုသိကြပါ။
    ဗိုလ်ခင်ညွန့်က အစိုးရကိုတော့ စိတ်နဲ့တောင် မပြစ်မှားဘူးဆိုဘဲ။
    ရဟန်းသံဃာတော်တွေ ၊ အဖိုးကြီးအဖွားကြီးတွေ နဲ့ သူ့သားသမီးမြေးအရွယ် ကျောင်းသား ကျောင်းသူတွေအပေါ်ကြတော့
    စိတ်တင် မဟုတ်ဘူး လက်တွေ ၊ ခြေထောက်တွေ ၊ သေနတ်ဒင်တွေ နဲ့
    လေ့လာထားသမျှ ကမ္ဘာကျော် စစ်အာဏာရှင်တို့ရဲ့ နှိပ်စက်နည်းတွေနဲ့ ပြစ်မှားလိုက်တာ
    သေတဲ့လူသေ ၊ ဒုက္ခိတဖြစ်တဲ့လူဖြစ် ၊ အခုထိ ထောင်နန်းစံနေရတဲ့သူတွေ အများကြီးကျန်သေးတယ်။
    ဒေါ်မမရဲ့ သားသမီး ၊ ဒါမှမဟုတ် ဆွေမျိုးသားချင်းများ အဲ့ဒီလို ခံစားရမယ်ဆိုရင်
    အခုလို ဒူးတုပ်ထိုင် အင်တာဗျူးပြီး ဒီဆောင်းပါးမျိုး ရေးနိုင်ပါဦးမလား။
    ပညာရှိများဟာ သူယုတ်မာချီးမွမ်းမှာ အကြောက်ဆုံးဘဲတဲ့။
    ဒေါ်မမကတော့ ဗိုလ်ခင်ညွန့်ချီးမွမ်းလိုက်လို့ တော်တော်ပျော်ပြီး ရေးလိုက်တဲ့ ဆောင်းပါးနဲ့ ဓာတ်ပုံကိုမြင်ရတာ
    အမေကျော် ဒွေးတော်လွမ်း ဆိုသလို ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ရယူခြင်းမရှိဘဲ ပေးဆပ်ခြင်းများစွာဖြင့် ထောင်နန်းစံပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံ့အရေးဆောင်ရွက်သူများအစား ၊ လာဘ်စားမှုနဲ့နေအိမ်အကျယ်ချုပ်ကျပြီး ပြန်လွတ်လာတဲ့ဗိုလ်ခင်ညွန့်ကို စိတ်ဝင်စားပြီးရေးထားတဲ့ ဒီဆောင်းပါးကိုဖတ်ရတာနဲ့တင်
    ဒေါ်မမတို့ Hot News Journal ရဲ့ ခံယူချက် နဲ့ ရပ်တည်ချက် ကိုမြင်လိုက်ရပါတယ်။ ဗိုလ်ခင်ညွန့်ကို အရမ်းလေးစားကြည်ညိုတဲ့ ဒေါ်မမရဲ့ ရင်တွင်းခံစားချက်တွေကိုဖတ်ရတော
့ ဒေါ်မမမှာ သားသမီးများရှိသလားလို့တောင် တွေးမိပါရဲ့ ။ စစ်အာဏာရှင်လက်သစ်များတော့
    မွေးထုတ်မပေးလိုက်ပါနဲ့လို့ တောင်းပန်ပါစေ။
    အပေါင်းအသင်းတို့ခင်ဗျား မြန်မာပြည်သူပြည်သားများကို လွဲမှားသော အယူအဆ အတွေးအခေါ်များပေးသော
    Hot News Journal ကို သပိတ်မှောက်ကြပါစို့။ြ
    မန်မာ ပြည်သူပြည်သားများအတွက် အဆိပ်အတောက်ဖြစ်စေသော Hot News Journal အား
    ဝယ်ယူအားပေးခြင်း မပြုကြရန် နှိုးဆော်ကြပါဆို့ခင်ဗျား။

  1. Anonymous said... :

    Owner of Khin Maung Than's daughter's journal shows history of abhored journal in Burma.

  1. ThuWaNa Thar said... :

    Thanks Ko Zaw Gyi ......

    that is what I am referring to ' to get psychologist support , counseling support to those who came back from our cruel prison system, from jungles, and for those who had encountered 'severe stress states' - post traumatic stress disorders.

    One moron came a few days ago here in this blog and personally attacked my entry . Anyway Let me continue. It looks much like Dr. Saw Lwin had ' severe mental trauma' that led to suicide.( Provided it is not homicide and make-up suicide). I do not know about him though.

    Min Thein graduated in 85. There are lots of doctors in Yangon and Mandalay . Professors, Surgeons, child specialist.. etc in Yangon . his class mates. We met each other sometimes in 89. All it was stated in this blog by others are ' true' generally.

    The point is ' Military Intelligence ' cruelty that was led by Khin Nyunt. That is the point. This is the nearest example that we are familiar to . There must be more, I am sure.

    There are always two groups ' in favour of ' and ' against ' . Who judges finally ? The Magistrate, that is, legal teams. and Public judgement.

    In stead of saying ' Khwint Loot Lite Par ' etc. .........What about this idea?

    Can any news group put ' general public surveys ' like 'Yes Or No ' questions based on

    $ Should Khin Nyunt should be investigated for atrocities in his era after 88 crisis ? Yes OR NO

    $ Who do you think the most responsible persons of cruelty after 88 crisis. then
    A . Saw Maung
    B. Khin Nyunt
    C . Thein Sein ( I am sure, he is not - but put his name in the list )
    D. Than Shwe

    ask in order of ' degrees of involvements 'by measures ( % Or in progress bars Or ) The extent of involvement to be expressed in ' % or some other indicators )

    Do it then. If we truly have ' freedom of democracy and freedom of journalism and media etc )

    ask for public vote. Just ' preliminary survey ' . that is call research. Advertise for 10 days on two news web sites. To get fair and square - both inside and outside Myanmar.
    After that - some more research activity to be done.

    Such kind of crime investigation is NOT NECESSARILY TO BE done by Myanmar people ....But also by ' United Nations and others ' .

    Do u all people know why this government started changing ? It is because of changes in other parts of world. .. And West has turn their interest into Asia .

    And also 25% of military staff in Parliament is in fact ' to prevent them' from ' trial' . As if the decision to be made , it has to get approval from Parliament and those 25% are going to vote ' against ' this proposal. For their ' future safety' .

    They do not trust anyone who will take the admin office. any party. any person. They like to run away until they die with natural causes. They don't want to get trialed for their wrong doing.

    Well ! who will make decision ? I am not . You will not. Public will make . So . it is VITAL TO CREATE THE OPPORTUNITY ..to materialize this.

    I am sure it will happen. Especially for This Ex General Khin Nyunt. What he did was really appalling.

    Irrawaddy, if you are the real News Group - please go ahead to do this survey. And tell to others News Group as well.

    It is our conscientious duty for our country and our future after we die. This is the history that can not be erased. Should not be erased.

  1. Anonymous said... :

    ဖတ်ရတာ စိတ်မကောင်းလိုက်တာ Ko Zaw Gyi

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved