KIA ခေါ်ဆောင်သွားသည့် အမျိုးသမီး (၄) ဦး နောက်ဆက်တွဲသတင်း

Tuesday, February 14, 2012

ဒီလ ၂ ရက်နေ့မှာ KIA က မြစ်ကြီးနားဒေသခံလူငယ် ၁၂ ဦးကို တပ်သားသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်၊ ဒီလူငယ်တွေထဲက အမျိုးသမီး ၄ ဦး အဓမ္မကျင့်ခံခဲ့ရတယ်လို့ ဒေသခံရွာသားများကို ကိုးကားပြီး NMG ခေါ် သတင်းနှင့်မီဒီယာကွန်ယက် အင်တာနက် စာမျက်နှာ http://www.nmg-news.com/bur/index.php?option=com_content&view=article&id=407&catid=5&Itemid=12 မှာ ရေးသားထားပါတယ်။

“ကျနော်တို့လည်း အဲဒါအခု ရှေ့တန်းကို လှမ်းပြီးမှ စစ်နေတယ်ခင်ဗျ။ သတင်းတွေ ထွက်လာလို့လေ။ တခါတလေမှာ ရှေ့တန်းမှာ အဲလိုမျိုး ဖြစ်တတ်တာမျိုးတွေလည်း ရှိတာပဲ။ အဲဒီတော့ ရဲဘော်တွေ မူးပြီိးတော့ ဖြစ်တာတို့ တခါတလေမှာ စိတ်လိုက် မာန်ပါ လုပ်တာတို့ အမှား အယွင်းတွေ ရှိတတ်ပါတယ်။ ကျနော်တို့လည်း ဒါကို အခု စိစစ်နေတုန်းပါပဲခင်ဗျ။” လို့
KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုကြောင်း သတင်းမှာ တွေ့ရပါတယ်။


38 comments :

  1. Anonymous said... :

    ဘါအမှားလဲ။

    ဒီအမှားက ပြင်လို့မရတဲ့အမှားဆိုတာနားလည်လါး။

    မူးတဲ့ကေါင်ကို ချီးကျွေးကြည့်ပါလါး။

  1. Anonymous said... :

    အမှန်ပြောရမှာက ... ဟုတ်ကဲ့ ကျနော်တို့ ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးနေပါတယ် ... တကယ် ကျူးလွန်ခဲ့တာ သိရင် ထိရောက်စွာ အရေးယူ ဖြေရှင်းသွားမှာပါ ... လို့ ပြောရမှာ ...
    ခုလို ဒါမျိုးတွေက ဖြစ်တတ်ပါတယ်လို့ လက်လွတ်စပယ် ပေါ့ပျက်စွာ မပြောသင့်ဘူး ...
    ဥပမာ အဲဒီလို ပေါ်တာဆွဲ ခေါ်သွား အဓ္ဓမပြုကျင့်ခံရတဲ့ အမျိုးသမီးလေးတွေဟာ ခင်ဗျားသမီး ဒါမှမဟုတ် ဆွေမျိုးသားရင်း မကင်းရာ မကင်းကြောင်း ဖြစ်နေရင် ခင်ဗျား ဒီလိုပဲ ပြောမလား .... ပြောထွက်မလား
    တိုင်းရင်းသားဒေသ နယ်မြေတွေမှာ ဗမာစစ်တပ်က ပေါ်တာဆွဲ အဓ္ဓမပြုကျင့် စသဖြင့် အမြဲကြားနေရတာ အမြဲလဲ ထုတ်ဖေါ်ပြောဆို နေကြတယ် ...
    အခု .... မတရားဖိနှိပ်မှု အနိုင်ကျင့်မှု တွေကို ကာကွယ်နိုင်ဖို့ တော်လှန်ရေး လုပ်တယ်ဆိုတဲ့ ခင်ဗျားတို့ကိုယ်တိုင်လဲ ဒါမျိုးကျူးလွန်တယ် ဆိုတော့ သူတို့နဲ့ အတူတူပဲ ဖြစ်မနေဘူးလား ... ကြားထဲက အပြစ်မဲ့ ပြည်သူတွေ အနိုင်ကျင့်ခံခဲ့ရတယ် ... မြေဇာပင် ဖြစ်နေရတယ် ....
    အဲဒီတော့ အဖြစ်မှန်ကို သေချာစုံစမ်း တကယ်ကျူးလွန်ခဲ့တယ် ဆိုရင် ထိရောက်ပြတ်သားစွာ အရေးယူ ဖြေရှင်းပါ .... ခပ်ပေါ့ပေါ့ မလုပ်ပါနဲ့ မပြောပါနဲ့ .... ခင်ဗျားတို့ နှစ်တွေနဲ့ချီပြီး လုပ်ခဲ့သမျှ တော်လှန်ရေးဟာ သမိုင်းကွေးသွားလိမ့်မယ် ဆိုတာ နားလည်ပါ .......

    မြန်မာနိုင်ငံသားတဦး ....

  1. Anonymous said... :

    စစ်တပ် ကလုပ်မိရင် ပြောလို့ ပြီးမှာ မဟုတ်တော့ ဘူး

  1. Anonymous said... :

    ဟား... မင်းတို့ မှားတော့.. ဒါလေးတော့ ဖြစ်တယ်ပါတယ် လား ကွ..

  1. Anonymous said... :

    ဧရာဝတီရေ .. တစ်ခု လောက် very seriously ပြောပြချင်ပါတယ်။ အဲ့ဒါက အရင်ကတည်းက ပြည်ပမီဒီယာတွေမှာ ဖြစ်နေတဲ့ကိစ္စပါ။ ပြည်ပ မီဒီယာတွေရဲ့ သတင်းတော်တော်များများမှာ ပြည်တွင်းက ပြည်သူတွေ နားလည်ထားတဲ့ အခြေအနေတွေနဲ့ တော်တော်လေး ကင်းကွာတဲ့ အနေအထားတွေ အရင်ကတည်းက ဖြစ်ခဲ့ပါတယ်။

    အဲ့ဒါကလည်း ပြည်ပမီဒီယာတွေနဲ့ ပြည်ပရောက်သူတွေက ပြည်တွင်း community နဲ့ အတော်ကို ထိတွေ့မှုနည်းလာတာကြောင့်လည်း ပါနိုင်ပါတယ်။

    အခု KIA ကိစ္စဆိုရင် ပြည်တွင်းစစ်ဖြစ်တဲ့ ဒေသမှာ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ကေအိုင်အေ ချိုးဖောက်တာက တူတူလောက်ပါပဲ။ တစ်ခါတစ်လေမှာ ကေအိုင်က စစ်အစိုးရထက် အပုံကြီး သာသွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။

    ပြည်တွင်းက မြန်မာစစ်တပ်က အောက်ခြေက တပ်ရင်းမှူး/ တပ်မမှူး။ ဗိုလ်မှုး/ ဗိုလ်ချုပ်တွေနဲ့ နဲနဲ ထိတွေ့ ဆက်ဆံစေလိုပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ရဲ့ professional ဖြစ်တဲ့ ပြောစကားတွေက ကေအိုင်အေ/ ပြည်ပမီဒီယာတွေရဲ့ ပြောကြားချက်တွေထက် အပုံကြီးသာသလို၊ လူသားဆံမှုက ကေအိုင်အေထက် နအဖ/သိန်းစိန်အစိုးရ စစ်သားတွေက ပိုပြီး ရှိတယ်ဆိုတဲ့ အကြောင်း ပြောကြားလိုပါတယ်။

    သတင်းတွေကို တစ်ဖက်သက်ပဲ မရေးစေချင်လို့ပါ။

  1. Anonymous said... :

    ဒီလို အကျင့်ဆိုးမျိုး ဒီကောင်တွေဆီမှာ အခုမှမဟုတ် ကေအိုင်အေ မင်းတို့ ချိုးဖေါက်ထားခဲ့တဲ့ လူ့အခွင့်ရေးသမိုင်း ဘယ်တော့မှမပျောက်သွားဘူး ဆိုတာယုံပါ၊ မင်းတို့တနေ့ရှင်းဖို့သာပြင်ထား၊

  1. Exo Chick said... :

    လူ ဟာ လူ ပါ ဘဲ ဗျာ လူ မှန် ရင် မှား ကြ မှာ ဘဲ အ ရင် တုန်း က လဲ ဒါ မျိုး ကိစ္စ တွေ ရှိ မှာ ပါ ဘဲ ဒီ ထက် ဆိုး တာ တွေ တောင် ရှိ မှာ ပါ မြန် မာ စစ် တပ် ရယ် မှ မ ဟုတ် ပါ ဘူ: လူ ဟာ လူ ပါ ဘဲ နှစ် ဘက် လုံး စီ က အ သံ တွေ ကို ဆက် ကြား ချင် ပါ တယ်

  1. Anonymous said... :

    ကေအိုင်အေ လောကမှာ တခုရှိပါသေးတယ်၊ ဒူကမ္ဘာ က မက်ကလောက်ခြစ် မယ်လို့လာခေါ်ခံရတဲ့ ရဲမေ ကတော့ လက်ဆင့်ကမ်း နောက်ဆုံးရဲဘော်နဲ့သာလမ်းဆုံးခဲ့ရတာချည်းပါ၊

  1. Anonymous said... :

    never true burmese news , who can believe tat .they make media war .like U KYAW SAN ,think first before u say

  1. Anonymous said... :

    ပြီးခဲ့တဲ့နှစ်ဇွန်လကစပြီး ဒီနေ့ထိ ပြန်လည်ဖြစ်ပွားနေတဲ့ ကချင်ပြည်တွင်းစစ်ကာလမှာ ပထမဆုံးကြားရတဲ့ ကေအိုင်အေဘက်က လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ပါ။ ဒုတိယစစ်ဦးစီးချုပ်ကိုယ်တိုင် စစ်ဆေးမယ်လို့ ပြောသွားပါတယ်။ ကချင်ပြည်သူပြည်သားတွေအပေါ် မြန်မာ့တပ်မတော်သားတွေက လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်ဗိုလ်ချုပ်က ဘာပြောခဲ့ဖူးပါသလဲ။ ဒီကိစ္စအမှန်သာဖြစ်ခဲ့ရင် ကေအိုင်အေက ပြင်းပြင်းထန်ထန် အရေးယူပါလိမ့်မယ်။
    ဒီလို လူမှုရေးကိစ္စတွေ တောင်တန်းဒေသတွေမှာ အရင်တုန်းက ဖြစ်ခဲပါတယ်။ လူစုံလာလေ ပြဿနာများလာလေပါပဲ ...

  1. Anonymous said... :

    နောက်ဆုံးတော့ လက်နက်မရှိတဲ့ပြည်သူတွေဘဲခံရတာဘဲစစ်တပ်ကကော KIA ကကောပြောတော့ အကြီးတွေဘဲလုပ်တော့ ကတလွဲ နစ်ဖက်လုံးကွင်းပြောင်2ထဲမှာ သေနက်ချင်းတေ့ပစ်ကျကွာ အဲဒီတော့ မှရွာသူရွာသားတွေသက်သာမှာ

  1. Anonymous said... :

    https://www.youtube.com/watch?v=54-FEmlnXi0&feature=player_embedded

    listen it,watch it, who will pay for this kind of debt? speak out for them too...

  1. ဒါ အေအိုင်အေရဲ့ မူလဇာတိရုပ်ပဲ။ စုဆောင်းရေးဆွဲတဲ့ရဲဘော်တွေက လမ်းမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ နောက်တန်းရောက်လို့ သင်တန်းကျောင်းရောက်ရင် သင်တန်းဆရာ။ သင်တန်းပြီးလို့ ရဲမေဖြစ်သွားရင် ဒူကဘာ။ ဒူကဘာ ကျပြီးရင် ရဲဘော် အဆင့်အဆင့် လက်ဆင့်ကမ်းကြ။ ဒါဟာ ကေအိုင်အေမှာ စုဆောင်းရေးဆွဲခံရတဲ့ အမျိုးသမီးတွေရဲ့ဘ၀ ပဲ။

  1. Anonymous said... :

    ကဲ အမေရိကန်ကိုသွားပီးလူမျိုးရေးတွေရှောက်အော်
    နေတဲ့ ဒေါ်ဘောက်ချာ
    အခုကောခင်ဗျားရဲ့ ကေအိုင်အေတွေကို ဘယ်လိုကာ
    ကွယ်ပီးရှေ့နေလိုက်ပေးအုန်းမှာလဲ ?

  1. mg kuang said... :

    ကေအိုင်အေ အနေနဲ့ ခင်ဗျားတို့ အတင်းအဓမ္မ စုဆောင်းရေးဆွဲထားတဲ့ သူတွေကို အမြန်ဆုံးလွတ်ပေးပါ။
    မုဒိမ်းမှုကျူးလွန်တဲ့ ရဲဘော်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူပါ။ ခင်ဗျားတို့ ကျူးလွန်ထားတဲ့ အဓမ္မအမှုတွေအတွက် ဒီခောတ်ကြီးက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ သိထားကြပါ။

  1. Anonymous said... :

    haha be smart ! who the hell going to believe this shit..

  1. Anonymous said... :

    ပေါ့ပေါ့ပျက်ပျက်ပြောပြီး ပေါ့ပေါ့ပျက်ပျက် နဲ့ ပြီးသွားမယ်လို့ ထင်နေပါသလားကေအိုင်ကေ တပ်ဖွဲ့များခင်ဗျာ... ခင်ဗျားတို့က လူလိုပြန်တော့ စုဆောင်းဆွဲ ပြန်ပြီ... စုဆောင်းရေးဆွဲ ဗုဒ္ဒဘာသာဆိုရင် နေရာမပေးဘဲ ရှေ့တန်းကို တက်ခိုင်း ကချင်တွေကျတော့ နောက်တန်းမှာနေပြီး စုဆောင်းရေးဆွဲလာတဲ့ မိန်းမတွေနဲ့ ငပန်းလုံး နေတဲ့ ခင်ဗျားတို့ ပြောပြောနေတဲ့ တော်လှန်းရေးက အစစ်မဟုတ်ဘဲ အတုဖြစ်နေတယ် ဆိုတာ ပြည်သူတရပ်လုံးက သိပါတယ်.. ခင်ဗျားတို့နဲ့ အစိုးရ စစ်တပ် ဘာမှ မထူးခြားလို့ ဘယ်သူမှ ခင်ဗျားတို့ကချင်စစ်စစ်တောင်မှ ခင်ဗျားတို့ထဲကို မဝင်ချင်ဘူးဆိုတာ ခင်ဗျားတို့ သဘောလောက်တယ်...ခင်ဗျားတို့ တကယ်စစ်မှန်တဲ့ တော်လှန်ရေးလုပ်ခဲ့ရင် စုဆောင်းရေးဆွဲစရာမလိုဘူး သူ့အလိုလို ဝင်လာမယ့်သူ အများကြီး ...ဗိုလ်ချုပ်တို့ခေတ်က တော်လှန်ရေးကို ပြန်ကြည့်ပြီး ငါတို့ တော်လှန်ရေးနဲ့ဘယ်လိုကွာသလဲဆိုတာ ပြန်သုံးသပ်စေချင်တယ်ဗျာ...

  1. Anonymous said... :

    ဟုတ်မဟုတ် စစ်ဆေးနေတယ် ဆိုမှပဲ မင်းတို.က လည်း ဇွတ်ဘဲ။

  1. Anonymous said... :

    တိုက်ပွဲဖြစ်တာ ၉ လရှိပြီ အခုမှ KIA ဘက်ကသတင်းထွက်လာတာ တစ်ခါဘဲရှိသေးတယ်
    ဗမာစစ်တပ်ဘက်ကလုပ်ရင်တော့ မင်းတို့ ကောင်တွေ အသံတိပ်နေတယ် အခုမှ အသံထွက်လာတယ်
    တော်တော်ဟုတ်တယ်
    တကယ်ဟုတ်မဟုတ် စစ်ဆေးနေတယ် ဆို စွတ်ကြီးဘဲ

  1. ဂွမ်မော်ကြီးပြောလိုက်ပါကွာ၊ သူ့သမီးကိုမှားပြီးတော့ ပေါ်တာဆွဲသွားရင်းနဲ့ ကေအိုင်အေရဲဘော်များက၀ိုင်းပြီးအဟားဒယားလုပ်လိုက်ရင်ရော ဒါက မူးရင်ဖြစ်တတ်ပါတယ်လို့ပြောနိုင်ပါအုံးမလားလို့.
    သားသမီးချင်းကိုယ်ချင်းစာကြည့်စေချင်ပါတယ်။
    ပညာမတတ်လို့များလက်လွတ်စပယ်ပြောလိုက်တာလားလို့လျော့လျော့ပေါ့ပေါ့စဉ်းစားပေးရအောင်လဲ ကေအိုင်အေရဲ့ ဦးစီးချုပ်လုပ်ပြီးပြောလိုက်တဲ့စကားက မြန်မာစစ်တပ်က ရဲဘော်တွေလောက်တောင်အဆင့်အတန်းမရှိဘူး စကားပြောရင်တွေးတောကြံဆပြီးမှပြောရတယ်ဆိုတာ သင်ပေးစရာမလိုတော့ဘူးထင်ထားတာမှားသွားပြီ ဂွမ်မော်ကြောင့်ကေအိုင်အေတော့တရားဝင်မဒိန်းတပ်ဖြစ်တော့မယ်။ နဂိုကတည်းကပညာမတတ်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့တပ်ဆိုတော့ အသိလေးနဲ့များထိန်းမလားလို့စောင့်ကြည့်နေတာ တော်တော်ရွံစရာကောင်းလာပြီနော်၊ သတိထားပါ၊ စည်းကမ်းမရှိတဲ့တပ်တော့ကြာကြာခံမယ်မထင်တော့ဘူး၊ တို့ကချင်ပြည်သူတွေရဲ့ဒဏ်ခတ်မှုကို ဂွမ်မော်ကြီး ရင်မမနဲ့သာစောင့်နေပေတော့။

  1. Min Soe Aung said... :

    ဦးဂွမ်မော် ဖြေသွားတာ လက်ခံနိုင်ဖွယ် ရှိပါတယ်။ မြန်မာ့တပ်မတော်ကလည်း ဒါမျိုးအမှု ကျူးလွန်တယ် ဆိုတာ မကြာခဏ ကြားခဲ့၇ပါတယ်။မ်ြန်မာ့တပ်မတော် အ၇ာ၇ှိကြီးတွေကို ဒီလိုသွားမေး၇င် သူတို့  လက်ခံ ဖြေဆိုပါ့မလား။ဖြေဆိုတယ်ဘဲထားအုံး ဦးဂွမ်မော်လောက် ၇ိုး၇ိုးသားသား ဖြေကြမယ် ထင်လား။ ဘူး ခံမှာ မြင်ယောင်တယ်။

  1. Anonymous said... :

    You .Burmese people very delicious for talking what the KIA did wrong...you also should speak out the same as Burmese Army action .. have a look the link ..

    http://burmese.dvb.no/archives/21184

  1. Seng said... :

    “မို့ဗုံတောင်ရဲ့ ဒီဘက်တဖက်က တောင်ကနေ မှန်ဘီလူးနဲ့ လာကြည့်တော့ တွေ့သေးတယ်။ သူတို့တပ်ရဲ့ အပြင်မှာ ရောက်နေတယ်။ သူက ထိုင်လိုက် ထလိုက်နဲ့ လုပ်နေတယ်။ စစ်သားတွေက သူ့ကို ထိကပါး၊ ရိကပါး လာလုပ်နေတယ်။ တချို့က သူ့ကို လာဖက်တယ်၊ အဲလိုမျိုး လုပ်တယ်။ တယောက်ပြီး တယောက်အဲလိုမျိုး လာလုပ်ပြီးတော့ သူ့ကို အထဲပြန်ခေါ်သွားတာ ကျမတို့ တွေ့လိုက်တယ်။ အခု ဒီနေ့ထိ ထွက်မလာတော့ဘူးဆိုတော့ သေသွားပြီလို့ထင်တာ၊ သူ့အတွက် နောက်ဆုံး ဆုတောင်းပွဲ လုပ်ပေးသေးတယ်။ ဒီဇင်ဘာလ ၂၀ လောက်တုန်းက။”

    http://burmese.dvb.no/archives/21184

    If you want to hear more there is thousands of stories ......facts./.... Ok don't make me hate the Burmese people. I don't want to be irrational... I against every violation whoever KIO or Burmese Army.

    But don't just enjoying of KIA's mistake ...ok ...



    မဆွမ်လွတ်ရွယ်ဂျာမှာ တနှစ်အရွယ် သမီးလေး တယောက်ရှိပြီး အဘိုးအဘွားတို့က ထိန်းကျောင်းထားရတယ်။ ဆွေမျိုးတွေက အစိုးရ တပ်ရင်းဆီ သွားရောက် အသနားခံတဲ့အခါ နိုဝင်ဘာ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ တပ်ရင်းမှူးက ပြောပေမယ့်လည်း လွှတ်မပေးတဲ့အတွက် ခင်ပွန်းဖြစ်သူ ဦးမရူလွန်းဒေါင်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တိုင်ကြားခဲ့ပါတယ်။

  1. Anonymous said... :

    ၁၉၆၂ နှစ်ကစပီး ပေါ်ထင်ထင်ရော မပေါ်မထင်ပါ နည်းမျိုးစုံနဲ့ ကေအိုင်အေ ချိုးဖေါက်ခဲ့တဲ့ လူ့အခွင့်အရေးများကို ကိုယ်တွေ့ရော မျက်မြင်ပါ သိရှိသူများ အားလုံး ဒီအချိန်မှာထုတ်ဖေါ်သင့်တယ်၊ လက်စားချေဖို့မဟုတ်ပါ၊ ဟန်ဆောင်ကောင်းတဲ့ ကေအိုအေ တော်လှန်ရေးလုပ်လာတဲ့ သမိုင်းအမှန်ကို တကမ္ဘာလုံးသိစေချင်တာပါ၊

  1. Anonymous said... :

    လက်နက်ကိုင်မှန်သမျှ ဒီလိုချည်းပဲ။ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေဟာ သူတို့ရဲ့ ဘုံရန်သူ နအဖ ကို ဆန့်ကျင်နေသူ ဆိုရင် မုဒိမ်းကျင့်တာကိုတောင် မသိချင်ယောင်ဆောင်ပေး၊ ဝိုင်း ဖုံးဖိပေး လုပ်ကြဦးမှာပါ။ ဒါဟာ နာကျင်ဖွယ်အမှန်တရားတစ်ခုပါ။

    မျှမျှ တတ ဆိုရင် ဝိုင်းပြောကြမယ်...စစ်ခွေး..စသဖြင့် တံဆိပ်ကပ် ဆဲရေးကြမယ်။ ဘယ်နေရာမှာ မဆို ကောင်းသူ ဆိုးသူဆိုတာရှိ စမြဲ ဖြစ်တယ်။ စစ်ပွဲ တစ်ပွဲဖြစ်လာရင် အဲ့ဒီစစ်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ဒေသခံလူထု ခံစားရသလိုမျိုး ကျန်တဲ့လူထုတွေ နားလည်ခံစားမိအောင် ဘက်မလိုက်ဘဲ ကွက်ကွက်ကွင်းကွင်း ဖော်ပြေပေးသင့်တယ်။

    အခုဆိုရင်တော့ဖြင့် ABSDF လူသတ်မှုကိစ္စမှာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေ မလွဲသာလွန်းလို့သာ အနည်းအကျဉ်းဖော်ပြနေကြတာ သိသာလွန်းအားကြီးပါတယ်။

  1. Anonymous said... :

    ကျွန်တော်ကစ commemt ပေးတဲ့ လူအားလုံးအတူတူဘဲ
    ကိုယ့်ဒူးတောင်ကိုယ်မယုံရတဲ့ ခေတ်ကြီးပါဗျာ။ ကျွန်တော် မျက်နှာပြန်သစ်လိုက်အုံးမယ်နော်။

  1. Anonymous said... :

    ပေးထားသည့် မှတ်ချက်များ မကြာမီ တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။

    အချို့ ကော်မန့်များမှာ တခုလုံး ကောင်းသော်လည်း၊ မသက်ဆိုင်သူ တဦးတယောက်၏ ပုဂ္ဂိုလ်ရေးရာကို အထောက်အထားမဲ့ ပုတ်ခတ်ခြင်း၊ မသင့်လျော်သော ဆဲဆိုမှု တလုံး တပါဒကြောင့် ဖျက်လိုက်ရပါသည်။

    တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။




ှုIrrawaddy, Comment တွေကို သေချာစီစစ်ပြီးတင် ပါဗျာ။ ပြောထားတာနဲ့ တစ်ခြားစီဖြစ်နေလိုပါနော်။

  1. Anonymous said... :

    ဘယ်သူပဲလုပ်လုပ် ဒီလိုကိစ္စမျိုးကို လုံးဝဆန့်ကျင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ comment တွေဖတ်ရတော့ ကချင်တွေ(KIA) ကိုတော်တော်မုန်းနေပုံပဲ။ အဲဒါကို ကျွန်တော် နားမလည်ဘူးဗျာ။ ရွာကတိုင်းရင်းသားတွေက ဗမာကို မယုံတာ ကြောက်တာ ဟာ စစ်တပ်ကြောင့် ဆိုတာ ဘယ်လိုမှ ငြင်းမရပါ။ ခင်ဗျားတို့ကိုယ်တိုင် တသက်လုံး စစ်အစိုးရအောက်မှ နေလာသူတွေမို့ ထွေထွေထူးထူးမပြောလိုတော့ပါ။ စစ်တပ်ရဲ့ ရမ်းကားမှုကို တောရော မြို့ပါကြုံဖူးမှာပါ။ အခုဟာက issue ကိုမပြောပဲ KIA ကိုဖိပြီးပြောနေသလားလို့ပါ။ ပြီးတော့ ဦးဂွမ်မော် ကိုယ်တိုင် ဒီကိစ္စကို စစ်ဆေးနေတယ်လို့ ပြောနေတော့ စောင့်ကြည့်ပါအုံးလားဗျာ။ ဧရာဝတီ အနေနဲ့ လည်း ဒီသတင်းကို အဆုံးအထိလိုက်ပေးစေချင်ပါတယ်။ စစ်တပ်က ဘယ်တုန်းကများ အလားတူကိစ္စမျိုးကို လက်ခံဖြေကြား ဝန်ခံတာ ရှိခဲ့လို့လဲဗျာ……..

  1. Anonymous said... :

    ပြတ်ပြတ်သားသား အရေးယူကြပါ။
    "တံစဉ်လောက်တော့---"
    ဆိုတာမျိုး မပြောချင်ဘူး။

  1. Anonymous said... :

    ဘယ်လိုပြောမလဲ။ သာမန်အားဖြင့်တော့ ကချင်တွေကိုမမုန်းပါဘူး.။ ကချင်မှမဟုတ်ဘူး။ဘယ်တိုင်းရင်းသားကိုမှမမုန်းဘူး။ အပြင်မှာတွေ့ရင်လူတိုင်းက ကောင်းကောင်းမွန်မွန်ဘဲ.လူမျိုးရေးစကားတွေလည်းမပြောကြဘူး။ လူလူချင်းဘဲဆိုတဲ့စိတ်မျိုးဘဲရှိကြတာ။ အဲ ဒါပေမဲ့ အင်တာနက်ပေါ်မှာကြတော့ စိတ်တွေကပြောင်းသွားကြတယ်။ နဂိုစိတ်အခံတွေ ပေါ်လာတာနေမှာပေါ့။ လူမျိုးရေးတွေ ရေးလိုက်ကြတာ အလွန်အကျွံဘဲ။ အဲတော့ ဖတ်ရတဲ့ကိုယ်တွေက ကြာလာတော့ ကိုယ်တွေပါမုန်းတီးလာရော...။

  1. Anonymous said... :

    Burmese army you have to pay for this

    http://www.facebook.com/media/set/?set=a.289727441051502.76596.100000427456307&type=1

  1. Anonymous said... :

    Finally all the burmese generals' puppets are talking...huh!?? Thx Irrawaddy for bringing this up right on time when all these puppets wanna bark at KIA. Just a reminder Irrawaddy, pls dont forget whether u wanna b one of them or media without masks.

  1. khin mg oo said... :

    I disagree this news,that is a burmese army officers in Russia made a propaganda to the people.I request to take off this news from your side.S Gum Maw is not the general,,he is only brigadier general.KIA has army rules,even they catch the burmese army soldiers,they never kill them.Better proove this news is right or wrong.


    khinn mg oo.






    i











    i

  1. Anonymous said... :

    Now I know that KIA also have lincense to rape. :-) I want to Join KIA, can anybody tell me how :-)

  1. ရုပ်ဆိုးကြီး သိစေရန်...


    ကေအိုင်အို အဖွဲ့အစည်း သို့ မကြာခင် ဖြစ်တည်လာမည့် ကချင်အစိုးရ ၏ သမိုင်းကြောင်းနှင့် ပြည်သူလူထု ဆက်ဆံရေးကို သေချာ လေ့လာပြီးမှ ဝေဖန် သုံးသပ်ပါ။ ဝေဖန်သုံးသပ်မှုများ အမြဲပြုလုပ်ပေးလျှင်လည်း ကျေးဇူးတင်ပါမည်။ စစ်မှန်ပြီး ပြည်သူလူထုလိုလားသည့် ကချင်အစိုးရ သည် အဝေဖန်ခံနိုင်သည့် အပြင် ပြည်သူ့အသံများကိုလည်း အမြဲနားစွင့်ပြီး ပြုပြင်စရာ ရှိသည်များကို တတ်နိုင်သရွေ့ ပြုပြင်ကာ ပြည်သူ့အကျိုး သယ်ပိုးနေသည်။
    ဒု-စစ်ဦးစီးချုပ် ဂွမ်မော် ဖြေဆိုထားသည့် .. ပြစ်မှု ကျူးလွန်သည့် ကချင်တပ်သားကို စည်းမျဉ်းစည်းကမ်းနှင့် အညီ အရေးယူသွားမည့် အကြောင်းကိုလည်း ဆက်လက် နားစွင့် စုံစမ်းကြည့်ပါ။
    ကချင်လူမျိုးဆိုသည်မှာ လူသားကဲ့သို့ ရှင်သန်ပြီး တာဝန်ယူမှု အတိုင်းအတာလည်း ရှိပါသည်။
    ဧရာဝတီသတင်းဌာနမှလည်း ဆက်လက်စုံစမ်းပြီး တင်ပြပေးစေလိုပါသည်။ သို့လော သို့လော နှင့် ဝေေ၀၀ါးဝါး မထားခဲ့ပါနဲ့။

  1. ရှမ်းညီနောင် said... :

    ကျုပ်တို့ ရှမ်းပြည်မှာ ဗမာ စစ်တပ်က အမြဲပဲ ပေါ်တာဆွဲ၊ မတရား အခွန်တွေကောက်ခံ၊ မုဒိမ်းကျင့် သတ်ဖြတ်တာ အားလုံးအသိပါ။ ရွာတွေကို မီးရှို့ ပြီးရင် SSA လုပ်တယ်လို့ ၀ါဒဖြန့်၊ အခုတော့ ဗုံးကွဲတိုင်း KIA လုပ်တယ်လို့ ၀ါဒဖြန့်နေတာ အားလုံးအသိပါ။
    အန်တီစု လို တိုင်းရင်းသားတွေအပေါ် နားလည်တဲ့ ခေါင်းဆောင်တစ်ယောက် အမြန်ဆုံးပေါ်ထွက်လာပါစေ။

  1. Gam Hpang said... :

    ပြောတိုင်းမယုံနှင့် ကျွေးတိုင်းမစားနှင့်တဲ့
    ငါ့ရဲ့သတင်းမဟုတ်မမှန်ကြောင်းကို လူတွေက အဟုတ်ထင်ပြီးပြောနေကြတာကိုကြည့်ပြီး ပညာတော်တော်ကိုရသွားပါတယ်။ သူတို့ကအဟုတ်ထင်ကြပါတယ်။ ငါ့ခဗျား လူတွေတော်တော်ကိုအသင်းတုပ်နေပေမဲ့ မသိရှာခဲ့ဘူး
    နောက်ဆုံးတော့တစ်ယောက်စကားတစ်ယောက်နားယောက်လာတော့ ငါ့စီပြန်ရောက်လာပါတယ်။
    နောက်ဆုံးတော့သတင်းအမှားတွေကို ဘယ်သူကစပြီးပြောလိုက်တာလဲမသိဘူး ဒါတောင်သတင်းစာထဲမှာတောင်မဟုတ်သေးဘူး သတင်းစာဆိုရင် ပိုတောင်ဆိုးသွားအုံးမယ် တော်ပါသေးရဲ့ ဒါကြောင့် ပြောတိုင်းမယုံနဲ့ ဒီစကားကို မလိုက်နာချင်ဘူး ဆိုရင် ကိုယ့်ဟာကို စဉ်းစားကြည့်ပါ ကိုယ့်ရဲ့အဆင့်အတန်းကိုသိပါလိမ့်မည်။ လူတွေပြောတာကို သက်သေနဲ့တကွပြမှ ယုံတတ်တာကို .............. သက်သေနဲ့တကွမတွေရဘဲ အဟုတ်ကြီးမှတ်ပြီးယုံတဲ့ကောင်က ကိုယ့်ဟာကိုဘဲစဉ်းစားလိုက်ပါတော့ ဘယ်လိုမျိုးလူတန်းစားလဲဆိုတော့

  1. Gam Hpang said... :

    ပြောတိုင်းမယုံနှင့် ကျွေးတိုင်းမစားနှင့်တဲ့
    ငါ့ရဲ့သတင်းမဟုတ်မမှန်ကြောင်းကို လူတွေက အဟုတ်ထင်ပြီးပြောနေကြတာကိုကြည့်ပြီး ပညာတော်တော်ကိုရသွားပါတယ်။ သူတို့ကအဟုတ်ထင်ကြပါတယ်။ ငါ့ခဗျား လူတွေတော်တော်ကိုအသင်းတုပ်နေပေမဲ့ မသိရှာခဲ့ဘူး
    နောက်ဆုံးတော့တစ်ယောက်စကားတစ်ယောက်နားယောက်လာတော့ ငါ့စီပြန်ရောက်လာပါတယ်။
    နောက်ဆုံးတော့သတင်းအမှားတွေကို ဘယ်သူကစပြီးပြောလိုက်တာလဲမသိဘူး ဒါတောင်သတင်းစာထဲမှာတောင်မဟုတ်သေးဘူး သတင်းစာဆိုရင် ပိုတောင်ဆိုးသွားအုံးမယ် တော်ပါသေးရဲ့ ဒါကြောင့် ပြောတိုင်းမယုံနဲ့ ဒီစကားကို မလိုက်နာချင်ဘူး ဆိုရင် ကိုယ့်ဟာကို စဉ်းစားကြည့်ပါ ကိုယ့်ရဲ့အဆင့်အတန်းကိုသိပါလိမ့်မည်။ လူတွေပြောတာကို သက်သေနဲ့တကွပြမှ ယုံတတ်တာကို .............. သက်သေနဲ့တကွမတွေရဘဲ အဟုတ်ကြီးမှတ်ပြီးယုံတဲ့ကောင်က ကိုယ့်ဟာကိုဘဲစဉ်းစားလိုက်ပါတော့ ဘယ်လိုမျိုးလူတန်းစားလဲဆိုတော့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved