မှတ်ပုံတင် မတင်နဲ့ ပြည်တော်ပြန် မှတ်ချက်

Thursday, September 22, 2011

(ဓာတ်ပုံ - ရန်ကုန်တိုင်းမ်)

(ရန်ကုန်တိုင်းမ် ဂျာနယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ တပတ်အတွင်း တွေ့ဆုံမေးမြန်းထားတာ ဖတ်ရပါတယ်။ အဲဒီအထဲက စိတ်ဝင်စားစရာ နှစ်ချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ဖို့ အစီအစဉ် ရှိမရှိ” နဲ့ “ပြန်တော်ပြန်မယ့်သူတွေအတွက် မှတ်ချက်” ပါ။)

ရန်ကုန်တိုင်းမ် - ဒီမေးခွန်းကလည်း အားလုံးသိချင်တဲ့မေးခွန်းပါပဲ။ မကြာခင်မှာ ကြားဖြတ်ရွေးကောက်ပွဲလည်း ရှိပါတယ်။ နောက်ငါးနှစ်မှာလည်း ရွေးကောက်ပွဲရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာထက် တရားဝင်ပါတီအဖြစ်နဲ့ အနာဂတ်မှာ ရပ်တည်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်ထားတာ စဉ်းစားထားတာရှိလား သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် - အန်တီတို့ပါတီကို စပြီးထူထောင်ကတည်းက တရားဝင်နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လှုပ်ရှားချင်လို့ ထူထောင်ထားတာပါ။ ဒါကဒီမိုကရေစီရဲ့လိုအပ်ချက်တစ်ခုပါ။ အခုခေတ်ဒီမိုကရေစီမှာ နိုင်ငံရေးပါတီမရှိလို့ မဖြစ်ဘူး။ တချို့က ပါတီနိုင်ငံရေးကို ရှုံ့ချတာတွေရှိတယ်။ အခုခေတ်မှာပါတီနိုင်ငံရေးပဲရှိတယ်။ ခေါမခေတ်ကလို အားလုံးတစ်နေရာမှာစုဆိုပြီး ဒီမိုကရေစီအစိုးရပုံစံနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ အခုခေတ်ဒီမိုကရေစီဆိုတာ ပါတီ ပေါ်မှာအခြေခံတယ်။ ဒါကြောင့်အန်တီတို့ပါတီကို တရားဝင်ပါတီထူထောင်ခဲ့တယ်။ အန်တီတို့လည်း ၁၉၉၀ခုနှစ်တုန်းက ရွေးကောက်ပွဲဝင်ခဲ့တယ်။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲရှိတိုင်းလည်း ဒီမိုကရေစီမဟုတ်ဘူး။

ရွေးကောက်ပွဲရှိမှ ဒီမိုကရေစီမဟုတ်ဘူး။ သို့သော်ငြားလည်း ဒီမိုကရေစီရဲ့လိုအပ်ချက်တစ်ခုက ဒီမိုကရေစီဆန်တဲ့ ရွေးကောက်ပွဲတစ်ခုကို ဦးတည်တယ်။ အန်တီတို့အနေနဲ့ တရားဝင်နိုင်ငံရေးအဖွဲ့အစည်းအဖြစ်နဲ့ရပ်တည်ရေးဆိုတာ လည်း အယုံအကြည်ရှိတယ်။ ဒီလိုတရားဝင်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ ရွေးကောက်ပွဲမှာပါဝင်ရေးဆိုတာလည်း အယုံအကြည်ရှိတယ်။ ဒါပေမယ့်လည်းအခြေအနေတွေအရ စည်းမျဉ်းစည်းကမ်းတွေအရ ဘယ်အချိန်မှာ လုပ်သင့် မလုပ်သင့်ဆိုတာ ချင့်ချိန်ရပါမယ်။ ဒါကြောင့် ၂၀၁၀တုန်းကပါတီကို အန်တီတို့မှတ်ပုံမတင်ခဲ့တာပါ။

ရန်ကုန်တိုင်းမ် - အန်တီအဖြေနဲ့ဆက်စပ်ပြီး ကျွန်တော် မေးချင်တာက အဲဒီအတွက် အလားအလာကောင်းတွေ ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် - အလားအလာကောင်းတွေဖြစ်အောင် လုပ်ယူရပါမယ်။ ရှိတယ်မရှိဘူးဆိုတာပြောဖို့အချိန်စောပါသေးတယ်။ အစကတည်းက ဒီလိုရည်ရွယ်ချက်ရှိတဲ့အတွက် အဖွဲ့ချုပ်ကိုမပျက်မစီးမပြိုကွဲအောင်ထိန်းသိမ်းခဲ့ တာပါ။ ပြည်သူလူထုထောက်ခံတဲ့အဖွဲ့အစည်းတစ်ခုဟာ တစ်ချိန်တစ်ချိန်မဟုတ် တရားဝင်အဖွဲ့အစည်းဖြစ်ကို ဖြစ်သင့်တယ်လို့ အန်တီတို့ ယုံကြည်ပါတယ်။

ရန်ကုန်တိုင်းမ် - တနင်္ဂနွေနေ့က သီးလေးသီးအဖွဲ့ပြန်လာတော့ သူတို့ဆီက ထိုင်းနိုင်ငံမှာရော မဲဆောက်ဘက်မှာရော ပြန်လာမယ့်မြန်မာတွေ ပြင်နေကြပါတယ်လို့ ကြားရပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ဖိတ်ခေါ်ထားတယ်ဆိုတော့ အဲဒီအပေါ်မှာ အန်တီဘယ်လိုမြင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် - ဒါကတော့ သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ်ပိုင်ခွင့်လည်းရှိပါတယ်။ ကမ်းလှမ်းချက်ကို ယုံကြည်လို့လက်ခံတယ်ဆိုရင် သူတို့အနေနဲ့ပြန်လာလို့ရပါတယ်။ အန်တီအနေနဲ့ ဘယ်သူ့ကိုပြန်လာရမယ်။ ဘယ်သူ့ကို ပြန်လာရမယ်လို့မပြောပါဘူး။ လူတိုင်း လူတိုင်းမှာ ကိုယ့်ဆုံးဖြတ်ချက်အတွက် တာဝန် ယူချင်စိတ်ရှိရပါမယ်။ ကိုယ့်ဘ၀အတွက်တာဝန်ယူစိတ်ရှိရပါမယ်။ တာဝန်သိစိတ်လည်းရှိရပါမယ်။ ဟိုလူက ပြောလို့ပါ။ ဒီလူက ပြောလို့ပါဆိုရင် ဒါ အန်တီလက်မခံဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်တယ်ဆိုရင် ရလာတဲ့အကျိုးဆက်ကို ကိုယ်ပဲရင်ဆိုင်ရမယ်။ ခံရမယ်။ တာဝန်ယူရမယ်။





4 comments :

  1. Anonymous said... :

    သတင်းထောက်တွေအနေနဲ့ သတင်းတွေကိုရော ပုံမှန်ဖတ်ရဲ့လား မသိဘူး..။ ဒီမေးခွန်းတွေက အန်တီစု ခဏခဏ ဖြေနေရတဲ့ မေးခွန်းတွေ.။ ဒါကိုဘဲ တစ်ခါ ထပ်မေးနေတယ်..။ သူများမေးထားတာတွေလည်း အရင်လိုက်လေ့လာပါအုံး..။ ဒါကိုဘဲ ခဏခဏ ဖြေနေရတော့ ဖြေရတဲ့သူလည်း အချိန်ကုန်၊ ပင်ပန်းတယ်..။

  1. Anonymous said... :

    ရန်ကုန်တိုင်းမ် - တနင်္ဂနွေနေ့က သီးလေးသီးအဖွဲ့ပြန်လာတော့ သူတို့ဆီက ထိုင်းနိုင်ငံမှာရော မဲဆောက်ဘက်မှာရော ပြန်လာမယ့်မြန်မာတွေ ပြင်နေကြပါတယ်လို့ ကြားရပါတယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ဖိတ်ခေါ်ထားတယ်ဆိုတော့ အဲဒီအပေါ်မှာ အန်တီဘယ်လိုမြင်ပါသလဲ။

    ဒေါ်အောင်ဆန်းစုကြည် - ဒါကတော့ သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ်ပိုင်ခွင့်လည်းရှိပါတယ်။ ကမ်းလှမ်းချက်ကို ယုံကြည်လို့လက်ခံတယ်ဆိုရင် သူတို့အနေနဲ့ပြန်လာလို့ရပါတယ်။ အန်တီအနေနဲ့ ဘယ်သူ့ကိုပြန်လာရမယ်။ ဘယ်သူ့ကို ပြန်လာရမယ်လို့မပြောပါဘူး။ လူတိုင်း လူတိုင်းမှာ ကိုယ့်ဆုံးဖြတ်ချက်အတွက် တာဝန် ယူချင်စိတ်ရှိရပါမယ်။ ကိုယ့်ဘ၀အတွက်တာဝန်ယူစိတ်ရှိရပါမယ်။ တာဝန်သိစိတ်လည်းရှိရပါမယ်။ ဟိုလူက ပြောလို့ပါ။ ဒီလူက ပြောလို့ပါဆိုရင် ဒါ အန်တီလက်မခံဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်တယ်ဆိုရင် ရလာတဲ့အကျိုးဆက်ကို ကိုယ်ပဲရင်ဆိုင်ရမယ်။ ခံရမယ်။ တာဝန်ယူရမယ်။


    မှန်လိုက်တာအမေရေ။

  1. Anonymous said... :

    နယ်စပ်ရောက်နေတဲ့ လူငယ်တွေအပေါ် ဘယ်လိုသဘောထားပါသလဲ။

    ကျမတို့ အဖွဲ့ချုပ်ရဲ့သဘောထားကို ကြေညာထားပြီးသားပါ။ ကျမတို့ ပြောပါတယ်။ ကျောင်းသားလူငယ်တွေနယ်စပ်ရောက်သွားတာဟာ ၁၉၈၈ အတွင်းက အရေးအခင်းတွေကို အင်မတန်မှ ယုတ်ယုတ်မာမာ၊ ရက်ရက်စက်စက် လုပ်လိုက်လို့ပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို ကျောင်းသားလူငယ်များနယ်ခြားရောက်သွားရတာဟာ မဆလစနစ်နဲ့ အာဏာရှင်စနစ်ရဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကျောင်းသားလူငယ်တွေကို ဘယ်တော့မှမပစ်ပယ်ဘူးဆိုတာကို ကျမတို့ပြောထားပြီးသားပါ။ ဒီကျောင်းသားလူငယ်တွေဟာ ကျမတို့ အဖွဲ့ချုပ်က ဘယ်တော့မှ မပစ်ပယ်ပါဘူး။ ကျမတို့ဟာ တရားဝင်လမ်းကြောင်းကနေ လှုပ်ရှားနေပေမယ့်လည်။ ဒီကျောင်းသားလူငယ်များဟာ မိမိတို့ခံယူချက်၊ယုံကြည်ချက်အရ မိမိတို့နည်းနဲ့ မိမိတို့ဟန် လှုပ်ရှားနေတာ ကျမတို့နဲ့ ဒီမိုကရေစီရဲဘောချင်း အတူတူချင်းပဲဆိုပြီးတော့ ဘယ်တော့မှ မပစ်ပယ်ဘူးဆိုတာ ပြောထားပြီးသားဖြစ်ပါတယ်။

    ၁၉၈၉ခုနှစ် ၊ ဧပြီလ (၂၇)ရက်နေ့၊ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့၌ လူထုစည်းဝေးပွဲတွင် ကချင်လူငယ်တစ်ဦးမေးမြန်းသည့် မေးခွန်းအား ဖြေကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏စကားဖြစ်ပါသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ တစ်နှစ်အတွင်း ပြောဆိုခဲ့သည့် စကားဖြစ်ပါသည်။ ၂၃ နှစ်ကြာလေသော်အခါ မြန်မာတိုင်းစ်တွင်ပြောဆိုသွားခဲ့သောစကားနှင့် ဆင်ခြင်ဖို့နှင့်ဝေဖန်ဖို့ဖြစ်ပါသည်။

  1. ချင်းမိုင်ဘိုးဘိုးကြီး said... :

    လွမ်းလောက်စရာတော့ဘာမှမရှိပါဘူး
    တလကိုကျပ်ငွေ ၃သိန်းနီးပါတန်လုံးချင်းခြံဝန်းနဲ့နေ၊ ကိုယ်ပိုင်ကားဝယ်စီး၊အလှမွေးခွေးငါးကောင်မွေး၊ နေ့စဉ်အိမ်မှာကျိတ်ဝိုင်း(ဖဲဝိုင်း)ထောင် .. အဲ့ဒါတွေနဲ့တောင်မှ ပြည်ပမှာအဆင်မပြေသေးဘူးလားကိုကိုဂေါ်ဇီလာရယ်သမိုင်းတွေရှိတယ်နော်လူမျက်လုံးတွေအကန်းတွေမဟုတ်ဘူးကြည့်ပြောကိုယ့်လူကြည့်ပြောတချိန်ကျရင်ရှင်းရမယ် ပြင်သာထား။ ဘာမှလုပ်စားစရာမရှိတော့လို့NEDကိုပရိုပိုဇယ်တင်ပြီး အပေါ်ကြေးမြိုးမြိုးမျက်မျက်မတရားစားလိုက်တာNED ကသိသွားပြီးပရောဂျက်ထပ်မချပေးလို့ကျနော် ပြည်တော်ပြန်ပါတယ်လို့ ဘာလို့များ သတ္တိရှိရှိ ဝန်မခံရဲတာလဲ ကိုဂေါ်ဇီလာရယ် ၊ ခင်ဗျားသမိုင်း မလှတော့တာ အားလုံးအသိပါ

    စိတ်မကောင်းပါဘူး တပွင့်ကြွေပေမယ့် နှစ်ပွင့်ဝေလို့မရတော့ပါဘူးတဲ့ NED ကလဲ ကိုဂေါ်ကြီးလုပ်စားသွားတာ သိသွားပါပြီတဲ့ ( ကိုယ်ပြောတဲ့စကားကိုယ်တာဝန်ယူရဲသူ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved