မိုင်ချယ်ရီဇာဟောင်း - Chin Person of the Year

Thursday, September 8, 2011

မိုင်ချယ်ရီဇာဟောင်း

၂၀၁၁ ခုနှစ် ချင်းလူထုတွေအတွက် အတုယူစရာ အကောင်းဆုံးပုဂ္ဂိုလ် Chin Person of the Year ဆုကို ချင်းအမျိုးသမီး မိုင်ချယ်ရီဇာဟောင်း ရရှိသွားပါတယ်။ ချင်းပြည်နယ်မှာ လူငယ်တွေ တော်တော်များများ နိုင်ငံခြားကို ထွက်ကုန်ကြလို့ လုပ်အား တန်ဖိုးတွေ ဆုံးရှုံးနေရသလို အသိပညာ၊ နည်းပညာနဲ့ ထီထွင်ကြံဆနိုင်မှုတွေပိုင်းမှာလည်း ဦးနှောက်ယိုစီးခံရသလို ထပ်ဆင့် နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်။ အင်တာဗျူး ဖတ်ချင်ရင်တော့ ဒီကိုသွားပါ

3 comments :

  1. ကေကေအို said... :

    ကျေးဇူးပါ ဧရာဝတီရယ်။
    မိုင်ချယ်ရီဇာဟောင်းလို လူငယ်တွေ အများကြီး ပေါ်ထွက်လာစေချင်ပါတယ်။ ဒီဆုရဖို့အတွက် သူလုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ ပြောပြနေစရာ မလိုပါဘူး။ ကိုကျော်ဆန်းကိုလဲ Media Person of the Year ဆုပေးရင် ကောင်းမလားဘဲ

  1. DAWAITE said... :

    ငါတို့က သူများအထင်ကြီးတာကို ငယ်ငယ်လေးကတည်က မခံယူတတ်ဘူး... ဒါပေမဲ့ ငါတို့အလုပ် ဆက်လုပ်ရမှာဘဲ...

  1. အာလူး said... :

    ဟာသ လာပြောနေတာလား။ ဘယ်သူက သူ့ကို အဲဒီဆု ပေးလို့လဲ။ မှားနေပြီ။ Chin Person of the Year ဆု ရတဲ့သူက ဆလိုင်း ထလာဟေး ပါ။ များကုန်ပြီ။ ဆုပေးတဲ့ အဖွဲ့စည်း ကတော့ မြောက်အမေရိကား ချင်းလူငယ်အဖွဲ့ Chin Youth Organization of North America ပါ။ သူ့ကိုဆုချီးမြှင့်တဲ့ နေရာက အင်ဒီယားနားပလစ် မြို့မှာဖြစ်တယ်။ ချင်းလူငယ် ထောင်နဲ့ချီရောက်လာ ကြတဲ့ ချင်းလူငယ် ကွင်ဖရင့်က ချီးမြှင့်တာပါ။ မချယ်ရီ ဟာလည်း လေးစားစရာကောင်းတဲ့ ချင်းအမျိုးသမီး တဦးပါ။ သတင်းမှားနေတာကို ပြောပြတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved