iPhone 5 (အိုင်ဖုန်း ငါး) အောက်တိုဘာ 15 ထွက်မှာလား....

Monday, September 19, 2011


iPhone အသုံးပြုသူများ စိတ်လှုပ်ရှားစေမှာ ကတော့ အောက်တိုဘာ ၅ ရက်မှာ Apple က အိုင်ဖုန်း ငါး ကို အများပြည်သူများကို မိတ်ဆက်တဲ့ press conference တခုလုပ်မယ်လို့ Pocket Gamer အဖွဲ့က အတိအလင်း သူတို့ရဲ့  ဝက်ဆိုဒ်မှာ ဆိုထားပါတယ်။

ပြင်သစ် ဆက်သွယ်ရေး ကုမ္မဏီတခုရဲ့  CEO ဖြစ်တဲ့ Stephane Richard ကလည်း မိတ်ဆက်ပွဲအပြီး တပတ်အကြာ အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ပြောထားပါတယ်။

အိုင်ဖုန်းအသစ်မှာ ဘာတွေထူးခြားခြားများ ပါလာမှာလဲဆိုတာကို ခန့်မှန်းနေကြတာကတော့ အခု အိုင်းဖုန်း 4 လို ဖန်သားနှင့် ကာဗာ မဟုတ်တော့ဘဲ iPod Touch အသစ်လို အလူမီနီယံ ကာဗာနဲ့ဖြစ်လာမယ်၊ new iOS5 operating system ပါလာမယ်လို့ ယူဆပါတယ်။

Apple ကုမ္ပဏီကြီးကတော့ ဘာမှပြောဆိုခြင်း မရှိသေးပါဘူး။

TG

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved