KIA ခေါင်းဆောင် ဒဏ်ရာရဟု မြန်မာ့အလင်း ရေးသား

Tuesday, September 6, 2011

.




အစည်းအဝေးမှာ ပစ်ခတ်မှု ဖြစ်လို့ KIA ခေါင်းဆောင်တယောက် ဒဏ်ရာရတယ်လို့ ဒီနေ့ သတင်းစာမှာ ရေးထားပါတယ်။

ဘာနဲ့ ပစ်ကြတာလဲ???
သားရေကွင်းနဲ့ ပစ်တာတော့ မဖြစ်နိုင်ဘူး။
ဘာကြောင့်လဲ ဆိုတော့ တယောက် သေဆုံးတယ်လို့ ဖော်ပြထားလို့ပါ။





.

8 comments :

  1. ကေကေအို said... :

    ဘာနဲ့ ပစ်ကြတာလဲ၊
    သားရေကွင်းနဲ့ ပစ်တာတော့ မဖြစ်နိုင်ဘူး၊
    မနောက်ပါနဲ့ ဦးလေးရယ်၊ ကိုကျော်ဆန်းခမျာ ဒီလို သတင်းမျိုးလေး ထည့်ပြီး လှည့်စားနေရရှာတာပါ။

  1. မောင်ကောင်း said... :

    ဘယ်တော့မှမရိုးတဲ့ အာဏာရှင်စစ်အစိုးရ ရဲ့ အအောင်မြင်ဆုံးသော မဟာဗျူဟာ တော့ "စ" ပါပြီ ဝိုးတိုးဝါးတားမှုံတေတေ လုပ်နေရင်တော့ အကွဲအပြဲကနေ "စ" တာပဲ ကရင့်တော်လှန်ရေးကြီးလဲ ဂလိုပဲ ကွဲပြဲသွားရတာပါပဲ KIA အနေနဲ့ သတင်းမှန်ထုတ်ပြီး အခြေအနေမှန်ကိုချက်ခြင်းရှင်းလင်းဖို့ လိုမယ်ထင်ပါတယ်ဗျာ။

  1. Anonymous said... :

    ဒီသတင်းကို ဦးကျော်ဆန်းကိုယ်တိုင် လိုင်ဇာမှာ သတင်းသွားမေးခဲ့တယ်ဆိုရင်တော့ ယုံချင်ပါတယ်။

  1. Anonymous said... :

    မြန်မာ့အမှောင်သတင်းစာမှ အမဲသတင်းများလို့ပဲ ပြောရတော့မှာပဲ

  1. Anonymous said... :

    ကျွန်တော်ကတော့ ဒီသတင်းကိုယုံကြည်တယ်။ ဘယ်နေရာ၊ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် သဘောတူသူနဲ့မတူသူ၊ ကောင်းတဲ့သူနဲ့မကောင်းတဲ့သူ ဆိုပြီးရှိနေမှာပဲလေ။ ဒီသတင်းကိုမှ မမှန်ဘူးထင်ရင် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ဗိုလ်ကျနေတယ် ဆိုတာလည်း မဟုတ်ဘူးပေါ့။ လူဆိုတာ တစ်ဘက်တည်းရပ်ပြီး မကြည့်သင့်ဘူးလို့ထင် ပါတယ်။

  1. Anonymous said... :

    ကိုကျော်ဆန်း သတင်းလိမ်တာ လိုပါသေးတယ်။
    အစည်အဝေးမှာ လက်နက်မကိုင်တော့တဲ့ စစ်မှူ့ထမ်းဟောင်း နှင့် အပြန်အလှန် ပစ်ခတ်ကြတယ်တဲ့။

  1. Anonymous said... :

    တဖက်က သတင်းကိုယုံရင် ကျန်တဖက်က သတင်းကိုလဲယုံရမယ် ဆိုတဲ့ စဉ်းစားပုံဟာ အသိညဏ်ပညာရှိတဲ့ စဉ်းစားတွေးခေါ်ပုံမဟုတ်ပါ။
    အများလေးစားယုံကြည်တဲ့ ပညာညဏ်ရှသူများကို
    ချဉ်းကပ် လေ့လာဆွေးနွေးကြည့်သင့်ပါတယ်။

  1. Anonymous said... :

    မြန်မာပြည်ကသတင်းကိုတော့ အကျင့်ပါနေလို့
    သိပ်မယုံချင်တော့ဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved