မြစ်ဆုံအကြောင်း တရုတ်ထုတ်လွှင့်ချက် ဘာသာပြန်
Tuesday, October 4, 2011
(ဘလော့ဂ်တွေ၊ ဆိုရှယ်ကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ တရုတ်ဘာသာနဲ့ ပြောထားတဲ့Link ဒီရုပ်သံဖိုင်အကြောင်းကို မနိုင်နိုင်းစနေက ဘာသာပြန်ပေးထားတာကို တင်ပေးလိုက်ပါတယ်။)
ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် Phoenix Satellite Television Holdings Limited (ifeng)ရဲ Phoenix Tv(凤凰卫视) သတင်းဌာနကဖြစ်ပါတယ်။ ဒေါသတကြီး ထုတ်ပြန်ကြေညာနေတာ မဟုတ်ပါ။ သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်။
သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ်အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြားပါတယ်။
ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာစဉ်းစားသင့်တဲ့အကြောင်း၊ အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်လမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေက ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ထောက်ခံမှုကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ် ... ဒါဟာ သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်။
မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်။
41 comments :
  1. ဒီသတင်းတွေဆိုစောစော ဖတ်ရမှကြိုက်တယ်ဟေ့
  1. Anonymous said... :
    တရုတ်နိုင်ငံအနေနဲ့ အစကတည်းက လူကြီးလူကောင်းဆန်ခဲ့မယ်ဆိုရင် ဒီလိုအဖြစ်မျိုးနဲ့ မကြုံရဘူးဗျာ။ လေ့လာတွေ့ရှိချက်တွေကို ပြည်သူကို ဘာလို့တရားဝင်ချမပြခဲ့တာလဲ။ အခုပြည်သူတွေက စိုးရိမ်ပူပန်တာကိုကော ခင်ဗျားတို့နားလည်ပေးနိုင်မလား။ နားလည်မပေးနိုင်ရင် တရုတ်ပြည်မှာ ဆောက်ထားတဲ့ ဆည်ကြီးတွေကြောင့် ထိခိုက်နေရတဲ့ ပြည်သူတွေကို သွားမေးကြည့်လိုက်ပါနားလည်နိုင်ပါလိမ့်မယ်။ တရုတ်အနေနဲ့ အာဆီယံဆက်ဆံရေးမှာ အနိုင်ကျင့်၊ လူလယ်လုပ်တာမျိုးရှောင်ပြီး လူကြီးလူကောင်းဆန်သင့်ပါတယ်။ အစက သာဒီလိုလုပ်ခဲ့ရင် ဒီကနေ့ဒီလိုမဖြစ်ဘူး။ အောက်ဈေးနဲ့ ရတုန်းနှိုက်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြင်ကြပါ။ ကမ္ဘာ့စီးပွားရေးအင်အားကြီးဆိုတဲ့ ဂုဏ်ပုဒ်နောက်မှာ ခင်ဗျားတို့ လိပ်ပြာလုံနိုင်ကြပါစေ။ လူသားချင်းလည်းစာနာတတ်ကြပါစေ။ အင်အားနည်းသူကိုလည်း စေတနာဖြူဖြူနဲ့ ကူညီတတ်ကြပါစေ။
  1. Anonymous said... :
    ...မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း.......
    ပြောနေတာက ဘယ်သူလဲ။ သတင်းကြေညာသူလား။ ဘယ်သူ့ကို ကိုယ်စားပြုပြောနေတာလဲ။
  1. Anonymous said... :
    ဒီနေရာမှာ ကျနော့်ထင်မြင်ချက်လေး ပြောချင်ပါတယ်။ တရုတ်က အိမ်နီးချင်းမိတ်ဆွေတဦး ဆုံးရှုံးတာထက် မပိုဘူး လို့ဆိုရင်.. ကျနော်တို့ မြန်မာပြည်သူတွေက ပိုတောင် ၀မ်းသာပါသေးတယ်... ။ တကယ်တော့ တရုတ်နိုင်ငံကနေ ပြည်သူတွေက ဘာအကူအညီမှ ရခဲ့ကြတာမဟုတ်ပဲ တရုတ်ကသာ ကျောက်စိမ်းတွေလာတူး၊ ပတ္တံမြားတွေ လာယူ၊ ရေနံတွေလာဖော်၊ ဓာတ်ငွေ့တွေ သယ်ရုံမျှမကပဲ ရှိသမျှ တရုတ်တွေ မြန်မာပြည်သားတွေ လုပ်နေကြတာတွေ ရပ်တန့်သွားတာပေါ့။
    ကုလသမဂ္ဂမှာလည်း မြန်မာပြည်အရေးမှာ တရုတ်က ၀င်မရှုတ်တော့တဲ့ အတွက် မြန်မာနိုင်ငံလည်း မြန်မြန်ပြောင်းလဲလာပြီး ဖွံ့ဖြိုး တိုးတက်လာမှာပါ။
    တကယ်ကို တရုတ်က မြန်မာနိုင်ငံကို စိတ်ဆိုးသွားပြီး လုံးဝ မဆက်ဆံတော့ရင် ကျနော်ကတော့ ပိုတောင် ကြိုက်သေးတယ်ဗျာ။
  1. Anonymous said... :
    ယခင် စစ်အစိုးရရဲ့ ကိုယ့်ဖို့ပဲကြည့်ပြီးလုပ်သွားတဲ့ ဆိုးမွေတွေကို အခုလက်ရှိ အစိုးရက ခံရတာပါ။ အခုလဲ လူမပြောင်းလဲတဲ့ လက်ရှိအစိုးရက နောက်လာမယ့်အစိုးရကို ဆိုးမွေလက်ဆင့်မကမ်းတော့ဘဲ လုပ်နိုင်သလောက် လုပ်သွားစေချင်တယ်။ မြစ်ဆုံစီမံကိန်းတခုထဲ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ဦးခေါင်းခွံသာရှိပြီး ဦးနှောက်မရှိဘဲ စီမံကိန်းတွေကို သေသေချာချာ မလေ့လာဘဲ သူများလုပ်ချင်တိုင်းလုပ်ဖို့ ခွင့်ပြုလက်မှတ်ရေးထိုး စာချုပ်ချုပ်ခဲ့တဲ့ သူတွေကြောင့် အခုကြုံတွေ့နေရပြီ။ ဒို့နိုင်ငံသားတွေ စုပေါင်းဖြေရှင်းစေချင်တယ်။ တတ်နိုင်တဲ့ဖက်ကပေါ့။
  1. Anonymous said... :
    နိုင်ငံတကာမှာ ရှိတဲ့မြန်မာတွေအားလုံး တရုပ်သံရုံတွေ
    ကိုသွားပြီးကန့်ကွက်ဆန္ဒပြသင့်တယ်..ဒါတွေငြိမ်ခံစရာမ
    ဟုတ်ဘူး..ဒါဟာတရုပ်ရဲ့ ခေတ်သစ် စီးပွါးရေး အင်ပါယာ
    နယ်ချဲ့စစ်ပွဲဘဲ...ဒီအချိန်မှာ အားလုံးစုစည်းရပ်တည်သင့်တယ်..
    မြန်မာ အစိုးရ အဆက်ဆက် အသုံးမကျခဲ့လို့ဖြစ်ရတာ..
    တိုင်ရင်းသားတွေကိုချည်းဖိနှိပ်နေခဲ့ပြီး ပြည်တွင်းစစ်ဖန်တီး
    ခဲ့တယ်..တိုင်းပြည်ချည့်နှဲ့ခဲ့ရတယ်..အင်အားမရှိဖြစ်ခဲ့ရတယ်..
    အခုလိုအချိန် တရုပ်ရန်ကို ကာကွယ်ဖို့ အင်အားမရှိဘူး..
    နိုင်ငံရေးပါဝါ စီးပွါးရေးပါဝါ စစ်ရေးပါဝါဘာမှ မရှိဘူး..
    တရုပ်ကိုဘယ်လို့ရင်ဆိုင်မလဲ...အားလုံးမှာတာဝန်ရှိနေပြီ
  1. Anonymous said... :
    ဘာတဲ့.. နောက်ဆုံးအပိုင်းက ပြောတာကိုတော့ ကြိုက်တယ်ဟေ့.. သတ်တိရှိရင် Chinese sanction against Mm လုပ်လိုက်ပါလား no trade, no import, no export of Chinese Products to/from Myanmar!! ငါတို့က ပိုလို့တောင် ၀မ်းသာအုံးမယ်. သူကပဲ ပြောရတယ်လို့ ရှိသေး။ ဟားဟား.. မန်းတလေးက ဗမာစကားတတ်/မတတ်တရုတ်တွေ ကြီးစိုးလွန်းလို့ မင်းတို့တွေ ငါတို့နဲ့ ခပ်ကွာကွာနေလိုလေလေ ငါတို့က ပိုကြိုက်လေပဲကွ။
  1. Anonymous said... :
    လည်လွန်းတဲ့ဘီးချီးထိတဲ့..ဒီစကားပုံလေးကို တရုတ်လို..ဘာသာပြန်ပေးကြပါအုန်း..ခုတော့ နံလွန်းတဲ့ ခွေးချီးထိတော့မှ..အသံထွက်လာတာ..အလကားနီးနီးရချင်သူတွေ..ခွေးချီးနံ့လည်း..ခံစားကြည့်မှပေါ့..
  1. Anonymous said... :
    Since at the beginning of world wide history, China never ever help people....Just have a look those people who r chinese n live in myanmar!!! U all know how their attitude is so ugly....
  1. Anonymous said... :
    F***KING CHINA IS CHILDISH AND SELFISH.
  1. Anonymous said... :
    thank you very much! later be careful with us, Myanmar. We, Burmese do not need your help, very scared of that kind of fake help :;
  1. Anonymous said... :
    hello China,
    what you talking about?
    Burmese people have ONE WORD ONLY for you.................
    YOU MAY LEAVE NOW.
    by the way.... i like Chino MASSAGE.
    haha
  1. Anonymous said... :
    in history, Burmese people never start settle in China.
    Chinese people only settle in Burma.
    China...you talking a lot blah blah blah....
    Thank you china....
    you may leave nowwwwww before
    we ( Burmese ) people F.....k you.
  1. Anonymous said... :
    လည်မျိုစောင့်ကန်လိုက်လို့  မင်းတို့ ဟူကျင်တောင်း ငယ်ငယ် မော်စီတုံး ခေတ်က ငတ်လို့  ငါတို့  လှူထားတဲ့ ဆန်တွေ အမ်းထွက်လာမယ်...
    ခိုးရာပါပစ္စည်း ရဲက ခိုးထုတ်ခိုးထည်နဲ့ မိတော့ သူ့ ခမျာ အော်ရှာမပေါ့ ဒီတခါ လိုင်းငွေ ပေးလို့ မှ မရတာကိုး ....
  1. Anonymous said... :
    ဒီတရုပ်စုတ် ဂရုစိုက်စရာမလိုဘူး ငါတို့ နိုင်ငံကသရံဇာတတွေ ဈေးပေါပေါနဲ့ ယူနေတာ မင်းတို့ ဘဲနှစ်နာမှာ ငါတို့ က မင်းတို့ မ၀ယ်လဲ ၀ယ်ချင်တဲ့ နိုင်ငံတွေအများကြီး သိပ်ဖင်ခေါင်းကျယ်မနေနဲ့တရုပ်စုတ်
  1. moe said... :
    အော်..အမြဲတမ်းလို လို တစ်ယောက်နဲ့ တစ်ယောက်ဖဲ့တဲ့ ကွန်မင့်တွေရေးနေတတ်ကြတဲ့ငါတို့ ကောင်တွေ...ခုကြည့်စမ်း..အားလုံး တရုတ်ကိုပဲတွယ်ကြတာ...နိုင်ငံအတွက် စည်းလုံးသွားကြတာ.. ဟေ့.အမြတ်ကြီးစားပေါက်ဖော်ရေ...မင်းနဲ့ မိတ်ဆွေမဟုတ်လို့ ကျန်တာတွေအများကြီး(တကယ်ဟုတ်ဘူးနော်)ဆုံရှူံးသွားပါစေ...ဒါနဲ့ ပဲငါတို့ အတွက် တန်နေပါပြီကွာ.................
  1. Anonymous said... :
    ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကို ပြည်သူတွေ backup ပေးကြပါ။ တရုတ်က မြန်မာကိုခြိမ်းခြောက်နေချိန်မှာ အမေရိကန် က မြန်မာနိုင်ငံကို အကူအညီတွေ ပေးပါ။ ဒီအချိန်ဟာ အချိန်ကောင်းပါ။ အမေရိကန်က သာ မြန်မာနိုင်ငံကိုဒီအချိန်ကောင်းမှာ စီးပွားရေး အကူအညီတွေ ပေးမယ်ဆိုရင် မြန်မာအစိုးရအနေနဲ့  ဂုတ်သွေးစုပ် အကျင့်ယုတ် တရုတ်အစိုးရကို သောက်ဂရုမစိုက်ပဲ ပေါ်တင် စုံကန် ရဲ မှာ ပါ။ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကို ပြည်သူတွေ backup ပေးကြပါ။ တရုတ်က မြန်မာကိုခြိမ်းခြောက်နေချိန်မှာ အမေရိကန် က မြန်မာနိုင်ငံကို အကူအညီတွေ ပေးပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်ပြိုင်ပါ။ လွှတ်တော်မှာ NLD ၅၀% စစ်တပ်ကိုယ်စားလှယ် ၂၅% ။ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုင်းပြည်ကို ပူးတွဲဦးဆောင်ပါ။ ဦးသန်းရွေတို့ ကို ပြစ်ဒဏ်မပေးပဲ နေရင် ဦးသန်းရွေတို့ ဘက်က လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖြည်းဖြည်းနဲ့ ယုံကြည်လာမှာ ပါ။ အဓိက က တိုင်းပြည်ကောင်းဖို့ ပဲ။ အရေးကြီးပြီ။ သွေးစည်းကြပါ။ တရုတ်က မြန်မာ ကိုခြိမ်းခြောက်လာ ပါပြီ။ အမေရိကန် က လက်ကမ်းပေးပါ။ ပြည်သူတွေ က ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  ကို backup လုပ်ပေးပါ။
  1. Anonymous said... :
    တရုတ်ကို ဗမာက ဆွေမျိုး ပေါ်က်ဖေါ် လို ချစ်ခင်တယ် ။ ပေါက်ဖေါ်
    ကြီး လို့ခေါ်တယ်။
    ဒါပေမဲ့ ပဲဝက်လောက် အသပြာလေး ကိုင် ရလို့ မန်တက်ပြီး
    တို့ခေါင်းဆောင် တို့ပြည်သူကို တို့တိုင်းရင်းသားတွေကို ထိပါးလာ
    မယ်ဆိုရင်တော့
    အနော်ရထာရဲ့သွေး တို့တပြည်လုံးမှာမွေးကထဲက ပါလာတာကို
    သတိမမေ့နဲ့နော်
  1. Anonymous said... :
    Who cares. Chinese even started honestly with the Burmese Nation in the beginning. We should sue them for their under table contract.
  1. Aung Si said... :
    China should be ashamed of their unethical,low class morality. Junta is not the legitimate government of Burma , they are just a steward of the country temporarily,but they overstay their welcome and done the most stupidest project ever in Burma's history by following what the China wants.Every Burmese,both in Burma and abroad should start boycott the products from China.Don't buy Made In China or try to minimize the amount even if you have no choice.We don't hate Burmese Chinese but we should start aware of the Chinese invasion in northern Burma seriously. We respect you as a neighbor but don't think of that we are not aware of your stupid intention to invade Burma by using human wave again.
  1. ကိုလွင် said... :
    မြန်မာလူမျိုးဆိုတာ နိုင်ငံကိုတစ်ကယ်တမ်း ကာကွယ်ရ တော့မယ်ဆိုရင် သွေးကြောင်တတ်တဲ့ လူမျိုးမဟုတ်ဘူးဆိုတာ တစ်ရုတ်တွေ မေ့နေပြီလား မသိဘူး။ ပြည်တွင်းစစ်အတွက်ကလွဲရင် ဒီကောင်တွေ( တရုတ်)ကို ချမှရတော့ရတော့မယ်ဆိုရင် စစ်ထဲကို ပျော်ပျော်ကြီးဝင်လိုက်မှာ...
  1. Anonymous said... :
    DAMN THE F***ING BLOODY CHINKS.
  1. Anonymous said... :
    အော်ဖြစ်မှဖြစ်ရလေ ကိုတရုတ်ရယ် စစ်အစိုးရလုပ်ချင်တိုင်းလုပ်တာ ကိုဗွီဒိုအာနာနဲ့ ပယ်ချပေး ပြည်သူတွေသတ်တာကိုလဲအားပေး ပြီးတော့ ငါ့ကိုတော့ အကုန်ပေး အဲဒီမှာလက်မှတ်ထိုး ရော့မင်းတို့လဲယူ ဆိုပြီးလုပ်ချင်တိုင်းလုပ်ခဲ့တာ အခုတော့ပြည်သု့ သဘောကိုလေးစားတဲ့ အစိုးရက အမှန်အတိုင်းလုပ်လာတော့ မင်းတို့ဘာဖြစ်သွားတာလဲ မင်းတို့ တိုင်းပြည်အတွက် ငါတို့က လည်စင်းပေးရမှာလား မင်းတို့တိုင်းပြည်မှာ ငါတို့ ဒီလိုလုပ်ရင်မင်းတို့ပြည်သူတွေဘာပြောမလဲကွ တရုတ်ရ
  1. Anonymous said... :
    If you refrained from dealing with the illegitimate governing body in order to avoid the exploit of us, Myanmar, you would not face this kind of unhappiness.
    Please take this lesson and practice in your global economic relations with similar bodies.
  1. Kozaw (Penang) said... :
    တရုတ်လုပ်ပစည်းတွေ မသုံးကြနဲ့ တရုတ် ကို ဘာလုပ်ကွက်မှ မပေးနဲ့တော့ မြန်မာနိုင်ငံထဲမှာ လက်ရှိ ရှိပြီးသား contract တွေလဲ အကုန်ဖျက်ပ လိုက် ဒါမှဒီသောက်ကောင်တွေ လဲသေချင်သွားမယ် ကောင်းကောင်းlesson ရသွားမယ်၊ စစ်တိုက်ရမယ်ဆိုလည်း လာခဲ့
  1. Anonymous said... :
    တကယ်ဘဲ တရုတ်ကစေတနာနဲကူညီတာမှန်ခဲ့ရင် ကျနော်တို့ ဒီလောက် ဆိုးရွားတဲ့အနေအထားထိ မရောက်နိုင်ပါဘူး။
  1. Anonymous said... :
    Phoenix TV (HK)ကသတင်းဝေဖန်ချက်ကဏ္ဍဖြစ်ပါတယ်။Phoenix TV၀ိုင်းတော်သားအယ်ဒီတာတွေရဲ့ အာဘော် ရုပ်သံဌာနအာဘော်လို့ ပဲမှတ်လိုက်ပါ။ Mainland China Beijing အစိုးရအာဘော်မဟုတ်လောက်ပါ။တရားဝင်ဆိုရင် ဆင်ဟွာသတင်းဌာန Xinhua News Agency ကလာမှာပါ။ သင်္ကြန်အမြောက်လို့ ပဲသဘောထားပါ။
  1. Anonymous said... :
    သူတို့ က ဟိုးအရင် ကတည်းက မြန်မာပြည်ရဲ့ သယံဇာတ အပါအဝင် အနှစ်များစွာကို စားသောက်ပြီးခဲ့ ပြီလေ။ တော်လောက်ရောပေါ့။ ဒီလောက်တောင် ပိုက်ဆံတွေဗုန်းဗောလအော ပုံပေးပြီး ငါတို့ သမီးပျို နှလုံးသား သတို့ သမီးကို ငွေနဲ့ သိမ်းပိုက် ဝယ်သလိုမျိုး ထပ်ပြီးဖျက်စီးဖို့ ကြံစည်နေတာ က ထင်ရှားနေတာပဲ။ တစ်နိုင်ငံလုံးကို သိမ်းဖို့ ကြိုးစားနေတာ ထင်ရှားနေတာပဲ။ မြန်မာမှန်ရင် အားလုံးဒီစီမံကိန်းကို ဆန့် ကျင်တိုက်ဖျက်ဖို့ လိုတယ်။
  1. YeZarni said... :
    I want to see The English Translation of Original Text.MyitSone Issuse Is For National Interest,Not Political Gain.
  1. featureboy said... :
    လိုချင်တာမရတော့ ....ပထမတစ်ကြိမ်းတည်းနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့အသံက တစ်ခါတည်းကိုထွက်လာတော့တာပဲ....ရနေတုန်းကဒီလိုမဟုတ်ပါဘူး...သေချာစဉ်းစားစမ်းပါ...ပေါက်ဖော်ကြီးတို့ရယ်....ခင်ဗျားတို့ ဘယ်အချိန်အတိုင်းအတာအထိ ... မြန်မာပြည်က သယံဇာတ တွေကို မတရား ဘယ်လောက်လိုချင်လဲ...ခင်ဗျားတို့မှာ ဘာတွေ ကျေးဇူးတင်စရာရှိလည်း....ကျုပ်တို့ဆီက လိုချင်တာရလို့...လုပ်ခဲ့တာတွေချည်းပါပဲ....
  1. Anonymous said... :
    It's time for us to unite as one
  1. greenday said... :
    ကိုယ့်ရင်သွေးတွေကို မယ်လမင်းကျွေးတာ ဘယ်သူလဲ
    ခုကျမှ ကတိမတည်ဘူးတဲ့လား သရေကြိုးတထုတ်ရယ်
    သနားတယ်..........
  1. ရွှေနိုင်ငံသား said... :
    တရုတ်က သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ကိုပြောနေတယ်။ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးဆိုတာ ကျုပ်တို့အတွက်တော့ အမျိုးသားရေးဖြစ်နေပြီ။ တရုတ်က ဒေသတွင်းမှာ အင်အားကြီးနိုင်ငံဆိုပြီး နေရာတကာ ဗိုလ်ကျလွှမ်းမိုးဖို့ကြိုးစားနေတယ်။ တောင်တရုတ်ပင်လယ်မှာလဲ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတွေနဲ့ ရေပြင်ပိုင်နက် ပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး တင်းမာနေတယ်။ တရုတ်နိုင်ငံဆိုတာ စထောင်တုန်းက ကျုပ်တို့နိုင်ငံက အစောဆုံးအသိအမှတ်ပြုခဲ့တာ။ အရင်က တရုတ်ဆိုတာ ကမ္ဘာ့ဇတ်ခုံမှာ ကျုပ်တို့လောက်တောင် နေရာရခဲ့တာ မဟုတ်ဘူး။ တကိုယ်ကောင်းဆန်တဲ့ကွန်မြူနစ်တရုတ်နိုင်ငံကို ကြောက်စရာမလိုဘူး။ အဲ.ကျုပ်တို့နိုင်ငံသားတွေ စည်းလုံးဖို့တော့ လိုတာပေါ့။ နိုင်ငံရေးစနစ်အရဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်နေပြီ ဖြစ်တဲ့အတွက် ကျုပ်တို့နိုင်ငံကတောင် သူတို့ထက် သာနေပြီ။
  1. မြန်မာနဲ့ တရုတ် စစ်ဖြစ်ရင် မြန်မာပြည်ပြန်လာပြီ စစ်ထဲဝင် မယ်...it
  1. လင်း said... :
    ကျွန်တော်တို့ ကောက်ရိုးမီး မြန့်မာသွေးက ရဲရဲနီလို့ စိတ်ဓာတ်တက်ကြွမိပါတယ်။
    ဒါပေမယ့် အခုတိုက်ရမယ့်စစ်က သေနတ်တွေ အမြောက်တွေနဲ့မဟုတ်ပါ၊ စီးပွားရေး မျက်နှာစာမှာ တိုက်နေကြတာပါ
    (ခေတ်နောက်ကျနေတဲ့ လူမျိုးစွဲ ကိုယ့်တိုင်းရင်းသားတွေကို နောက်ကွယ်က မြှောက်ပေးပြီး Buffer လုပ်ထားတာက တစ်ပိုင်း )
    သူများတွေ ဒုံးပျံပစ်၊ ဂြိုလ်တုတွေနဲ့စောင့်ကြည့်၊ အာဖရိက၊ လက်တင်အမေရိကမကျန် ရင်းနှီးမြှပ်နှံနေချိန်မှာ -
    ကိုယ့်နိုင်ငံထဲလာပြီး လမ်းဘေး ပေါက်စီဆိုင်ကနေ ခေါက်ဆွဲဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ရွှေဆိုင်၊ ဟိုတယ်တွေ အဆင့်ဆင့်ပိုင်ဆိုင်သွားချိန်မှာ -
    ကျွန်တော်တို့ ရွှေမြန်မာတွေက ကွမ်းယာရောင်းကောင်း၊ ချဲထိုး၊ ဘောလုံးလောင်း၊ သူများနိုင်ငံမှာသွားကျွန်ခံ၊ နှစ်ယောက်ထက်ပိုလာရင် ရန်ဖြစ်၊ ဖြစ်လာသမျှ စစ်တပ်ကို ပုံချ၊ ကိုယ့်အစိုးရ မကောင်းကြောင်း ပြော ၊
    ဘေးထိုင်ဘိုင်ကျ ဘုပြော အမျိုးသားရေးစရိုက်နဲ့ ကျွန်တော်တို့ စစ်နိုင်ပါ့မလား။
    ကျွန်တော်လည်း မြန်မာတစ်ယောက်ပါ။
  1. Anonymous said... :
    မလင်းရေ... ခင်ဗျားပြောတဲ့ မြန်မာတွေရဲ့ အမျိုးသားရေးစရိုက်မှာ အမှန်ကို သုံးသပ်သယောင်နဲ့ ကိုယ့်လူမျိုးကိုယ် တက်နင်းတယ်ဆိုတာရော မထည့်ချင်ဘူးလားဗျ။ မြန်မာလို့ ပြောပြီး ကောင်းတဲ့အချက်လေး တချက်တောင် မထည့်ချင်လောက်အောင်ဖြစ်နေတော့ အံ့သြမိလို့ပါ။ ဒါပေမယ့် ခင်ဗျားပြောတာ အားလုံးအမှန်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ခင်ဗျားတောင်မှ အခုနှစ်ပိုင်းမှ ပြည်ကြီးကပြောင်းလာတဲ့ တရုတ်မက မန္တလေးသူလေဖမ်းပြီး ကျွန်တော် ကျွန်တော် လုပ်နေတာလဲ ဖြစ်နိုင်တာပဲလေ။
  1. Anonymous said... :
    သမိုင်းမှာ တရုတ်က ဗမာကို တခါမှ စစ်မနိုင်ဖူးပါဘူး။ မယုံရင် လာထပ်ချကြည့်လေ။ စင်ကာပူကနေန ပြန်လာပြီးကို ဆော်ဦးမှာ။ (နာရသီဟပတေ့ခေါ် တရုတ်ပြေးမင်းကို နိုင်သွားတာ မွန်ဂိုတွေပါ။ မြင်စိုင်းခေတ်နဲ့ ဆင်ဖြူရှင် လက်ထက်တွေမှာတော့ တရုတ်ကို ဗမာက ပျင်းတောင်ပျင်းသေးတယ် လုပ်ခဲ့တာပေါ့။) တရုတ်တစ်ကောင်လောက်ကို ကိုယ့်လက်နဲ့  သတ်လိုက်ရလို့ ကတော့ မြိန်လိုက်မယ်ဖြစ်ခြင်း... အောက်တန်းစား တရုတ်တွေရေ ငါတော်တော် လက်ယားနေပြီနော်။ (ုကည့်မရတဲ့ အထဲမှာ စလုံး တရုတ်တွေလည်း ပါတယ်။)
  1. Anonymous said... :
    ဗီယက်နမ်ကွန်မြူနစ်တွေတောင် သဘာဝအရင်း
    အမြစ်အတွက် တရုပ်ကို ဆန့်ကျင်ကြသေးတာပါ
    ဖိလစ်ပိုင်တောင်ပါတယ်ဗျား နိုင်ငံခေါင်းဆောင်တဲ့
    လူတွေ သတ္တိရှိဖို့လိုပါတယ် တရုပ်မကလို့ အမေရိကန်
    ဆိုလည်း ဒီလိုအနိုင်လာကျင့်ရင် အသေခံကာကွယ်ရမှာ
    ပါ လူမျိုးဂုဏ်ထိခိုက်နေတာ ကျနော်တို့ မွေးလာတည်းက
    ပါ ပြောင်းလဲကြပါစို့
  1. AYM said... :
    တရုတ်တွေဖက်ကရေးတဲ့ comment တွေ ဖတ်ချင်တယ်။.. အဓီက ယူနန်ပြည်နယ် တိုးတက်ဖို့ တရုတ်ဗဟိုအစိုးရ(CCG)က မြစ်ဆုံ၊ကျောက်ဖြူ၊အစီအစ၃်ကိုတော်တော်အလေးထားနေတယ်။မြန်မာပြည်က ကျောက်စိမ်းတွေကလည်းပြည်နယ်တွင်းခရီးသွားလုပ်ငန်းတွေအတွက်အဓိကအထောက်အကူပြုပေးနေတာတောင်မှ(CCG)ကသွင်းကုန်ခွန်(33.9)ရာခိုင်နုန်းသတ်မှတ်လိုက်တော့ မြန်မာဖက်ကို တရုတ်ကုန်သည်တွေက (50)ရာခိုင်နုန်းထက်မနည်းဈေးချဝယ်တယ်လို့သိရတယ်။အခုလဲကျောက်ဖြူ ကနှစ်ပေါင်းသန်းချီမှဖြစ်လာတဲ့ သနတာကျောက်တန်းတွေကို မိုင်းနဲ့ခွဲ။သဘာဝအရင်းအမြစ်။ ဂေဟစနှစ် တွေ၊တန်ဖိုးမဖြတ်နိုင်တဲ့... ၊ရှေးဟောင်းစေတီပုထိုးဘုရားတွေ၊ အားလုံးနဲ့စတေးပြီး ယူနန်ပြည်နယ်ဖွံ့ ဖြိုးရေး စွမ်းအင်ရရှိရေး အတွက်စစ်အစိုးရ ကလုပ်ပိုင် ခွင့်ပြုပေးခဲ့တာ တိုင်းပြည်အတွက်ဘာတွေများရလို့လဲ...အစိုးရနဲ့ပြည်သူနဲ့ တသားတည်းဖြစ်လာတဲ့အခြေအနေအချိန်အခါရောက်လာရင်တော့ဒီပြသ၁နာဖြေရှင်းနိုင်မယ်လို့မျော်လင့်မိပါတယ်၊လောလောဆယ်အစိုးရအနေနဲ့ သူ့အနားမှာရှိနေတဲ့သူကို ပြည်သူ လူထု လို့ထင်နေတုံးဘဲဆို
    ရင်တော့၊တိုင်းပြည်တိုးတက်ဖို့ စောင့်ရအုံးမှာပေါ့။
  1. Anonymous said... :
    မဟုတ်တရုတ်ဆိုတဲ့အတိုင်း မဟုတ်တာလုပ်တဲ့နေရာမှာ ထိပ်ဆုံးကနံပါတ်တစ်တရုတ်တွေ ဒီတစ်ခါ တော်တော်ခံရခက်နေပုံရတယ်။ မြန်မာပြည်ထဲမှာ လုပ်ချင်ရာလုပ်နိုင်တယ်လို့ထင်ထားရာကနေ အခုလိုရပ်ဆိုင်းခံလိုက်ရတော့ မျက်နှာကို ချီးထုပ်နဲ့အပေါက်ခံရသလိုဖြစ်နေမှာပေါ့။ တရုတ်ကမြန်မာပြည်ကို အဆက်အသွယ်ဖြတ်လည်း လွမ်းလောက်စရာမရှိပါဘူး။ 1 ကျပ်ပေးပြီး 100 ဘိုးလောက်ပြန်ယူနေတဲ့ တရုတ်အတွက် နစ်နာရုံကလွဲပြီး မြန်မာပြည်က ထိခိုက်စရာမရှိပါဘူး။ အဆုံးစွန်အထိတွက်ပြီးပြောချင်တာကတော့ စစ်ရေးအရ ဖြေရှင်းချင်တယ်ဆိုလည်း မကြောက်ပါဘူး။ မြန်မာတွေ ဘယ်လောက်သတ္တိရှိတယ်ဆိုတာ ကမ္ဘာကသိအောင် ပြလိုက်ရုံပါပဲ။
    ဒီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်တာဟာနိုင်ငံရေး၊ စီးပွားရေး အရ မြန်မာနိုင်ငံအတွက် အရမ်းကို အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်လို့ပဲဆိုပါရစေဗျာ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved