ပြန်လည်သင့်မြတ်ရေးနဲ့  တိုင်းရင်းသားအရေး
Thursday, October 27, 2011
.
"---ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဗမာတယောက် အနေနဲ့ - သူဟာ ဗိုလ်ချုပ်အောင်ဆန်းလို ဖြစ်ပါ့မလား ဆိုပြီး သံသယဖြစ်တာ၊ ဒါက ရှိနေတာတော့ သေချာပါတယ်---"
ဒီတပတ် dateline irrawaddy မှာ မြန်မာနိုင်ငံအမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ တိုင်းရင်းသားအရေးအကြောင်း ဆွေးနွေးထားကြပါတယ်
သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းလည်း ပါဝင်ဆွေးနွေးပါတယ်
.
15 comments :
  1. Anonymous said... :
    shan leader said that, central burmese people in his speech but he forget that he him self is live and born in burma. SO we are all burmese. THIS IS A PROBLEM FOR OUR COUNTRY.
  1. Anonymous said... :
    တိုင်းရင်းသားတွေရဲ့ဘလော့ဂ်တွေ ၀က်ဘ်ဆိုက်တွေကို
  1. Anonymous said... :
    တခုပြောချင်တာက
    ဗမာနိုင်ငံရေးသမားတွေက နိုင်ငံရေးအကျဉ်းသားကိစ္စကို
    ပြည်တွင်းစစ်ထက်အရေးထားပုံရပါတယ်
    အမှန်တော့ နိုင်ငံရေးအကျဉ်းသား၂၀၀၀ ၀န်းကျင်ထက် ပြည်တွင်းစစ် ကိစ္စကိုရှေ့တန်းတင်သင့်ပါတယ်
    နိုင်ငံတကာရောက် အင်အားစုတွေကလဲ ဒါပဲအော်နေတယ်
    တိုက်ပွဲကြောင့် အိုးအိမ်ပြစ် ပြေးသူတွေ
    စစ်ပြေးတွေ၊ မြေမြှုပ်မိုင်းတွေနင်းမိသူတွေ
    ၁၄၀၀၀၀ သောတိုင်းရင်းသားဒုက္ခသည် တွေထက်
    လူ၂၀၀၀ ကိုပိုပြီး ရှေ့တန်းတင်တယ်
    ဦးခွန်ဆိုင်းပြောတာမှန်တယ် အပစ်ခတ်ရပ်စဲရေး ကို တနိုင်ငံလုံးအနေထားနဲ့ ကြေငြာရပါမယ်။
    ပြီးတော့စဉ်းစားမိတယ် ဗမာအချင်းချင်း လက်ဝါးရိုက်ပြီး တိုင်းရင်းသားကစ္စမဖြေရှင်ပဲ ထားမှာကို စိုးမိတယ်
    နိုင်ငံတကာကလဲ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားလောက်ပဲမြင်နေတာပါ
    တောတောင်တွေမှာ တောင်ယာလုပ် နေသူတွေထိ တွေးနေကြတာမဟုတ်ဘူးလေ
    ဒီလိုပြောရတာက အိန္ဒိယမှာ ခုထိ ပြည်တွင်းစစ်ရှိတုန်းပဲ
    တခါတလေ ဒီမိုကရေစီဟာ တိုင်းရင်းသားတိုင်းအတွက် အာဏာပိုင်တွေက ကျင့်သုံးဖို့ဝန်လေးတတ်ပါတယ် အယ် ဂျာဇီးရားမှာပြတဲ့
    India's Silent War ကိုကြည့်လိုက်ပါ
    သူပုန်နဲ့ အစိုးရကြားက
    သနား စရာတိုင်းရင်းသား ဘ၀ကိုတွေကိုတွေ့ရမှာပါ
    ဒီမိုကရေစီ နိုင်ငံကြီးဆိုပေမယ့် တချို့တိုင်းရင်းသား ဘ၀တွေ မြေကြီးမှာ အိပ်နေတုန်းပဲ။ နိုင်ငံရေးသမားတွေကလဲ အပြောကောင်းကောင်းနဲ့ အားဂတိလိုက်စား တာလောက်ပဲ လုပ်တယ် ကျေးလက်ဒေသ ဖွံ့ဖြိုးအောင်ဘာ မှ မယ်မယ်ရရ မလုပ်ဘူး
    ဒီမိုကရေစီက ငတ်နေတဲ့သူတို့ဘ၀ တွေ၊ အာဏာပိုင်တွေရဲ့ သတ်ဖြတ်မှုတွေခံနေရတုန်းပဲ
    မီဒီယာတွေအနေနဲ့လဲ နိုင်ငံရေးသမားတွေ အော်နေသလို နိုင်ငံရေးအကျဉ်းသားတခုပဲ အော်မနေပဲ တိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့ ပရိပက္ခကိုလဲ မီးမောင်းထိုးပြစေချင်တယ်
    အခြေခံဥပဒေအရ ကျနော်တို့နိုင်ငံဟာ ၁၀၀% ဒီမိုကရေစီမဖြစ်နိုင်ပါဘူး
    ဒေါ်စုကိုလဲ သမ္မတ အဖြစ်ရွေးမရ ပါဘူး ဒါပေမယ့် ပြည်တွင်းစစ်မရှိ ရင် ဘယ်သူ အုပ်ချုပ်အုပ်ချုပ် တိုးတက် နိုင်ပါတယ်
    ကျနော်ကြီးပျင်းခဲ့တဲ့ ကရင်ပြည်နယ်ဆိုရင် ခုတော့ သေချာမသိဘူး ငယ်ငယ်က နအဖက ပေါ်တာဆွဲ တော်လှန်ရေးသမားက ဆပ်ကြေးကောက် မပေးနိုင်ရင် ရွာက သူကြီးပါ အရိုက်ခံရတယ် လမ်းဖောက် ဘုရားတည်ကအစ လုပ်အားပေး။မြို့က ဆရာဆရာမတွေလဲ လာပြီးစာမသင်ရဲဘူး စိတ်ချလက်ချ မနေရ မအိပ်ရပါဘူး။
    နောက်ဆုံးပြောချင်တာက မီဒီယာ အနေနဲ့ သမ္မတ့ မြန်မာ ၀န်ကြီးတွေနဲ့ ဆုံတဲ့အခါ ပြည်းတွင်းစစ် ကစ္စကို များများ မေးပေးပါလို့ အကြံပြုချင်ပါတယ်
  1. Anonymous said... :
    တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်လုပ်ပိုင်ခွင့်ကိုအပြည့်အ၀ပေးသင့်ပါတယ်..မြန်မာပြည်လွတ်လပ်ရေးအပြီးတိုင်ရခဲ့တာ
    တိုင်းရင်းသားတွေရဲ့ကျေးဇူးတရားပါပါတယ်..
    ဖက်ဒရယ်စနစ်ကို အပြည့်အ၀ပေးသင့်တယ်..
    ပင်လုံစာချုပ်ကိုချိုးဖေါက်တာ တိုင်းရင်းသားတွေကို
    ဒေါသထွက်စေသလို မြန်မာလူမျိုးတွေကိုမယုံကြည်တဲ့စိတ်
    ကိုခိုင်မြဲစေပါတယ်..ဒါဟာမြန်မာပြည်ကို ပြိုကွဲအောင်လုပ်လိုက်တာဆိုတာကို မြန်မာခေါင်းဆောင်တိုင်းသဘောမပေါက်ခဲ့ပါဘူး..အဲဒါကြောင့်အခုလို ပြည်တွင်းစစ်ကြာခဲ့တာပါ..
    တိုင်းရင်းသားတွေက ဖက်ဒရယ်ပေးရင်ကျေနပ်ပါတယ်..
    မြန်မာပြည်က ခွဲထွက်မယ့်လူမရှိပါဘူ..အဲဒီကတိကျင့်ဝတ်ကိုပြန်ဖြည့်ဆည်းပေးမယ်ဆိုရင် အေးချမ်းတဲ့မြန်မာပြည်ဖြစ်ပါပြီ..
    လက်တွေ့အကောင်အထည်ဖေါ်ကြပါ...မလိုမုန်းထားတွေ..ဖိနှိပ်အနိုင်ကျင့်ချင်တာတွေဖျောက်ကြပါ..
    စိတ်ထားမြင့်မြတ်တဲ့ မြန်မာပြည်သူတွေဖြစ်ဖို့လိုပါပြီ..
    အားလုံးမှာတာဝန်ရှိလာပါပြီ...
  1. Anonymous said... :
    အားလုံးသဘောတူပင်လုံ(ဖက်ဒရယ်)စာချုပ်ကိုချိုးဖေါက်
    တာ တိုင်းပြည်ပြုကွဲဖို့ ပြည်တွင်းစစ်ကိုဖန်တီးလိုက်တာပါပဲ
    ဒါတွေကို ချိုးဖေါက်တာ ဟာ..လွတ်လပ်ရေးနောက်ပိုင်း
    တိုင်းရင်းသားတွေအပေါ် မတရားနည်းနဲ့ကိုလိုနီပြုခဲ့ကြတာပါ...ဒါကို ခေါင်းဆောင်အဆက်ဆက်ဟာ ဖုံးဖိပြီးမြန်မာပြည်သူတွေကိုလိမ်လည်ခဲ့ကြတယ်..
    အပြစ်တွေကို တိုင်းရင်းသားတွေအပေါ်ပုံချခဲ့တယ်..
    ကိုယ့်အမှားကိုသူ့အမှားလုပ်လို့ ပြည်တွင်းစစ်တာရှည်ခဲ့တယ်..
    အမှားကိုအမှားနဲ့ပြန်ဖုံးခဲ့တယ်...
    အခု ဒီမိုကရေလုပ်ရင်ဖက်ဒရယ်စနစ်ဟာထိပ်ဆုံးကပါလာပါပြီ...
    အဲဒါကိုပြည်သူအားလုံးသိအောင်တင်ပြသင့်ပါပြီ..
    အားလုံးကိုနားလည်အောင်လွတ်လွတ်လပ်လပ်မျက်စိနားဖွင့်ပေးသင့်ပါပြီ
  1. Anonymous said... :
    Anonymous Anonymous said...
    တိုင်းရင်းသားတွေရဲ့ဘလော့ဂ်တွေ ၀က်ဘ်ဆိုက်တွေကို
    October 27, 2011 10:34 AM
    မြန်မာတွေ ဂျပန်လက်အောက်ရောက်တော့ ဘယ်လိုတုံ့ပြန်ကြပါသလဲ..အခုတိုင်းရင်းတွေ ကိုလိုနီဖြစ်နေပါတယ်...
  1. Anonymous said... :
    Burmese people never keep their words in the past,at present and also in the future. Their words can be broken anytime.Never can be trusted as friend. Don't look at history like panlong agreement.Just look at the fact what chinese prime minister reminds burma to keep their words, to respect their agreements. Burmese themselve they forgot that they are so narrow minded. How would burma proof to become a trusted country among Asean nations ??
  1. Anonymous said... :
    မြန်မာပြည်ရဲ့နိုင်ငံရေးဖြစ်စဉ်ကိုကြည့်ပြီးအခုလိုဆိုးဝါးလာတာ.သမိုင်းအဆက်ဆက် ဆိုးဝါးခဲ့တာဟာဘာကြောင့်ဆိုတာကို အဖြေထုတ်သင့်ပါပြီ..
    ကျွန်တော်ထင်တာက တိုင်းရင်းသားကိစ္စကြောင့်ပါ..
ွှအင်္ဂလိပ်တွေ လွတ်လပ်ရေးပေးတော့ တိုင်းရင်းသားတွေ
    ပါမှ ပေးမယ်ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေနဲ့ ညှိနိုင်းပါတယ်..
    လွတ်လပ်ရေးရရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖက်ဒရယ်ပေးမယ်
    ဆိုပြီးပြောပါတယ်..ပင်လုံစာချုပ်ချုပ်ပြီး လွတ်လပ်ရေးယူခဲ့ကြပါတယ်..အားလုံးအသိပါ..
    အဲဒါကို မပေးချင်ကြတဲ့ မြန်မာခေါင်းဆောင် အချို့ဟာ
    ဗိုလ်ချုပ်ကိုလုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး မြန်မာပြည်ကိုပြည်တွင်းစစ်မီးလောင်စေခဲ့ပါတယ်..အဲဒီမှာ မြန်မာအချင်းချင်းကြားမှာ ပျော့ပျောင်းတဲ့အုပ်စုတွေကို ဆက်လက်နှိပ်ကွက်တာကနေ အာဏာရှင်တွေဆက်တိုက်ပေါ်လာပြီးအခုလိုဒီမိုကရေ
    စီတိုက်ပွဲတွေထိဆက်တိုက်ဖြစ်လာတာပါ..
    အနှစ်ချုပ်ပြောရမယ်ဆိုရင် ဆရာဝန်လူနာကိုဆေးကုရင်
    အနာနဲ့ဆေးတည့်ဖို့လိုပါတယ်..မြန်မာပြည်ရဲ့အနာဟာဘယ်ကစပါသလဲ..ခေါင်းဆောင်အားလုံး မြန်မာပြည်သူအားလုံးမြင်အောင်လို့ ရေးလိုက်တာပါ..
    အဲဒီအနာကို ဆေးထည့်မှန်ဖို့အရေးကြီးပါတယ်...
    အဲဒီအနာက တိုင်းရင်းသားအားလုံးလိုလားတဲ့ ဖက်ဒရယ်ပြည်တောင်စု ဖြစ်လာမယ့်ပင်လုံစာချုပ်ကို စတင်ချိုးဖေါက်မှုပါပဲ..အဲဒီကနေစလာတာအမှန်ပါ..
    အဲဒါကြောင့်ပြည်တွင်းစစ်မီးငြိမ်းဖို့ တိုင်းရင်းသားတွေကို
    ကတိအတိုင်း ပေးဖို့နဲ့ အေးချမ်းတဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်စေလိုပါတယ်...
    ဒါတွေဖြစ်လာရင် ဒီမိုကရေစီဟာ အလိုလိုတွဲပါလာပါမယ်...
    မြန်မာပြည်အကျိုးကိုလိုလားပြီးရေးလိုက်တာပါ..
    မြန်မာပြည်သူအားလုံးတိုင်းရင်းသားအားလုံးအေးချမ်းပါစေဗျာ....
  1. Anonymous said... :
    မြန်မာတွေတော်တောမျာများနားလည်ထားတာ ဖက်ဒရယ်ပေးရင်တိုင်းရင်းသားတွေခွဲထွက်မယ် ..
    မြန်မာတွေကိုပြန်အံတုမယ်လို့ထင်နေပါတယ်..
    ဒါဟာလုံးဝမှားပါတယ်..
    တိုင်းရင်းသားအာလုံးဟာ အေးချမ်းသာယာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို စုစုစည်းစည်းထူထောင်လိုကြတာပါ...
    အားလုံးစဉ်းစားကြည့်ကြပါ..
    ခွဲထွက်ချင်ရင်..အင်္ဂလိပ်တွေ လက်ထဲကလွတ်လပ်ရေးယူကတည်း ကမြန်မာပြည်နဲ့ပေါင်း
    မယူချင်ဘူး..သီးခြားလိုချင်တယ်လို့ တောင်းရင်ရရဲ့သားနဲ့
    မတောင်းကြပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှုအောက်မှာ
    ဖက်ဒရယ်နိုင်ငံကြီးတည်ဆောက်ကြမယ်ဟေ့လို့ တစုတစည်းတည်းလွတ်လပ်ရေးတောင်းဆိုခဲ့ကြတာမဟုတ်လား...ဒါကိုကြည့်ခြင်းအားဖြင့်တိုင်းရင်းသားတွေ
    ဟာ လွတ်လပ်တဲ့အေးချမ်းတဲ့ ပြည်ထောင်စုမြန်မာပြညကိုမျှော်တယ်ဆိုတာထင်ရှားပါတယ်..
    အဲဒါကို ကတိချိုးဖေါက်ပြီး ပြည်တွင်းစစ်ကိုဖန်တီးခဲ့တဲ့
    မြန်မာခေါင်းဆောင်တွေ နောင်တရသင့်ပါတယ်..
    နောက်မျိုးဆက်တွေကတည်း အဲဒါတွေကိုသင်္ခန်းစာယူ
    ကြပြီး တိုင်းရင်းသားအားလုံးတန်းတူ ညီတူ သာဟာပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီမြန်မာပြည်ကြီးပေါ်ပေါက်လာအောင်ကြိုးစားကြပါခင်ဗျာ....
  1. Anonymous said... :
    နောက်တခုထပ်ပြောမယ်ဗျာ
    မြန်မာပြည်မှာ ထွက်သမျှ သဘာဝ သယံဇာတ တွေဟာ တိုင်းရင်းသားဒေသ ကပါ
    ဥပမာ ရခိုင် ရွှေသဘာဝ ဓါတ်ငွေ့၊ ကချင်၊ ရှမ်း ကျောက်စိမ်း၊ သစ်၊ မွန်ကရင် သစ် ဓါတ်ငွေ့။
    ဗမာ လူမျိုးနေထိုင်တဲ့ မြန်မာပြည် အလယ်ပိုင်း နေပူလွန်းလို့ ထန်းလျက်ပဲ ထွက်တယ်
    ပြောရရင် နအဖ သက်တမ်းရှည်တာလဲ ဒီ သဘာဝ အရင်းမြစ်တွေကြောင့်ပဲ မဟုတ်လား။ အဲဒါတွေမရှိ ရင် သူတို့လဲ ငတ်မှာပဲ အနဲဆုံးတော့ ကားလမ်းတွေ မီးတွေ။ ဆေးရုံတွေ၊ စာသင်ကြောင်းတွေ ဆောက်မေးသင့်တယ်။
    ဖြွိံဖိုးရေးလုပ်တော့ ကျောက်ဆည်တို့ ဘာတို့ တဲ့ဗျာ
    ရခိုင်တွေ ထားဝယ်သားတွေ ဂက်စ် ပိုက်လိုင်းဖောက်တော့
    ရွာတွေပြောင်း ပေးရပြီး မီးခွက်နဲ့ နေရတယ်
    ကျနော် အမြင်ကျဉ်းတာမဟုတ်ဘူး ကျနော် ဗမာပါ
    ဗမာလူမျိုးလဲ သဘာဝ အရင်းမြစ် မခံစားရပေမယ့် ကျနော်တို့ဒေသတွေ က သူတို့ ထက်ပိုပြီး ဂရုစိုက်ခံရတာပါ
    ပြောရမယ်ဆို ဦးနုလက်ထက်ကတည်းက တိုင်းရင်းသား ၀န်ကြီးတွေကို ဦးနုစိတ်ကြိုက် ရွေးတယ် တိုင်ရင်းသားပြည်သူ မဲ မဟုတ်ပဲနဲ့ ဖတ်ဖူးပါတယ်။ ဆိုလိုတာက သူကြိုးကိုင် နိုင်သူကို ခန့်တာပေါ့
    ကျနော် မြင်တာက ဗမာနိုင်ငံရေးသမားတွေ ၊ ဗမာ စစ်ဗိုလ်ချုပ်တွေ မရိုးသားခဲ့လို့ (ခုလဲ တိုင်းရင်းသားအပေါ် သိပ် ဂရုစိုက်ချင်ပုံမပေါ်) ပြည်တွင်းစစ် ဖြစ်တယ်လို့မြင်တယ်
    ပြီးတော့ သခင်ကိုယ်တော်မှိုင်း သေတမ်းစာဖတ်ဖူးတယ် (တကယ် ဟုတ်မဟုတ်တော့မသိဘူး)တိုင်းရင်းသားတွေကို နှိပ်ကွပ်ထားတာရစရမရှိဘူး ဒါပေမယ့် ပြည်ပ ဗမာအတိုက်ခံ ရော ပြည်တွင်း စာရေးဆရာ၊ နိုင်ငံရေးသမားကြားမှာတော့ သူ့လို ဗမာလူမျိုးကြီး ၀ါဒ သမားကို သူရဲ ကောင်းဆန်ဆန် ကိုးကွယ်နေကြတာ တိုင်းရင်းသား တွေကို သံသယ ပွားစေမယ်လို့ထင်ပါတယ်။ သူက ထင်ရှားတဲ့ နိုင်ငံရေးသမား။ စာဆိုတော် ဆိုပေမယ့် အဲလို လူမျိုးကြီး စိတ်ရှိနေရင် ဘယ်ကောင်းမလဲဗျာ။
    နောက်ဆုံးကတော့ တိုင်းရင်းသားတွေကတော့ တန်းတူ မရမချင်း ပြည်တွင်းစစ်ဖြစ်နေမှာပဲ
    ပြောရရင် ဗမာ သတ်သတ်နေရင် လဲ ထလျက် ပဲစားပြီး ငတ်သေ နိုင် သလို တိုင်းရင်းသားတွေလဲ လယ် ၁၀ဧက လောက်နဲ့ သီးခြား နိုင်ငံ မတည်ထောင် သင့်ပါဘူး ကျွန်းကိုင်းမှီ သဘောအတိုင်း ညီတူညီမျှ ဖွံဖြိုးစေချင်ပါတယ်
  1. Anonymous said... :
    ကျနော့်အမြင်က တိုင်းရင်းသားတွေ လိုချင်တဲ့ဖက်ဒရယ်ရရင် သူပုန်းတွေအကုန်လုံးလက်နက်ချ
    မလား။ကျနော်ဖတ်ဖူးတဲ့ နယ်စပ်ကလူတွေရေးတဲ့
    အခြေခံဥပဒေမှာ လက်ရှိတပ်မတော်ကိုဖျက်ပြီး
    ပြည်နယ်တပ်တွေနဲ့ဖွဲ့မယ်တွေပါတယ်။
    ဒါမျိုးကျတော့လက်ရှိစစ်တပ်ကအိပ်မက်တောင်မက်မှာမဟုတ်ဘူး။
    အဲဒါပဲမုန့်လုံးစက်ကူကပ်နေတာ.လက်တွေ့ကျကျလုပကျပါဗျာ။အားလုံးအပေးအယူလုပ်ကြပါ။၅၀။၅၀ ပဲကောင်းပါတယ်။
  1. Anonymous said... :
    ကိုယ်ပိုင် တန်းတူ ဖြစ်လို့ကတော့ ဘယ်သူက အရူးထပြီး လက်နက်ကိုင်မလဲ
    ပြီးတော့ ဘယ်တိုင်းပြည်မှ စစ်တပ် ၂တပ်မရှိဘူး
    တိုင်းရင်းသားတွေ ကိုယ်တိုင် ဆွဲတဲ့ အခြေခံဥပဒေ ကြတောမြင်တယ်
    နအဖ ရေးတဲ့ အခြေခံဥပဒေကရောကောင်းလားဗျာ
    လက်ခံနိုင်စရာမရှိပါဘူး
    တိုင်းရင်းသားတွေ ရေးထားတာဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ အလိမ်ခံရပေါင်းများပြီလေ
    အားလုံး အတည်လဲ သူတို့ ပြောတဲ့အတိုင်းဘယ်ရလဲ
    ညှိရမှာပေါ့
    အထိက က တရားမျှတာ မှု ပြည့်သူအကျိုးရှိဖို့ပါ
  1. Anonymous said... :
    ဖက်ဒရယ်မှာသဘောတူတာက မြန်မာတစ်ကျပ် ရှမ်းတစ်ကျပ် ကရင်တစ်ကျပ် ကချင်တစ်ကျပ် ရခိုင်တစ်ကျပ် မွန်တစ်ကျပ်ကယားတစ်ကျပ် ချင်းတစ်ကျပ်
    အားလုံးတစ်ကျပ်စီယူရေးပါ..အခုဖြစ်နေတာက
    ဗမာ ရ ကျပ် ကျန်တိုင်းရင်းသားအားလုံး တစ်ကျပ်ဆိုသလိုဖြစ်နေပြီ..
    ညီမျှမူကို မသိတော့ ပြည်တွင်းစစ်ဖြစ်တာပေါ့..
    အခုက ပဒေသရာဇ် စနစ်နိဂုံးချုပ်ပြီနော်..
    သတိ ..နအဖ ခေါင်းဆောင်ဟောင်းများ။...
    သင်တို့ ပတ်ဝန်းကျင်ကိုကြည့်ပါ...
    သင်တို့သတ်ချင်တိုင်းသတ်လို့မရပါ...
    ကမ္ဘာကစောင့်ကြည့်နေသည်ကို သိလား...
    သင်တို့ ကိုယ်သင်တို့ ဘာမှန်းမသိကြသေးရင်
    ဂဒါဖီနောင်လိုက်မလား ဆာဒန်ဟူစိန်နောက်လိုက်မလား..
    မသာရထား အဆင်သင့် ကိုကျော်သူပြင်ထားတယ်...
  1. myo chit said... :
    တိုင်းရင်းသားအရေးကလည်းမလွယ်ပါလား။မပြီးဆုံးသေး
    သောပန်းချီကားတစ်ချပ်လိုပါပဲ။တန်းတူညီမျှဆိုတာဘာလဲ။
    လူဦးရေ၊နေရာဒေသ၊အကျယ်အဝန်း၊စွမ်းဆောင်နိုင်မှု၊စိတ်
    ဓာတ်နဲ့သမိုင်းကြောင်းအပေါ်မှာမူတည်လိမ့်မယ်ထင်တယ်။
    ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ဖွဲ့စည်းပုံတွေ၊အုပ်ချုပ်ရေးယန္တရား
    တွေကိုအရင်လေ့လာကြည့်သင့်တယ်။ဥပမာ-အင်္ဂလန်နိုင်ငံ
    ရဲ့အုပ်ချုပ်ရေးကိုအရင်လေ့လာကြည့်ပါ။ ကိုယ်ဖြစ်ချင်တာ
    ကိုချည်းဦးစားပေးမှန်းဆပြောနေရင်အမှန်နဲ့အလှမ်းဝေး
    သွားလိမ့်မယ်။တိုင်းရင်းသားက (၁)မျိုး၊ (၂)မျိုးထဲမ
    ဟုတ်ဘူး။ မိသားစုများဝင်တွေများတဲ့ မိသားစုလိုပါပဲ။
    တစ်ယောက်တစ်မျိုးပြောလိုက်၊တောင်းဆိုလိုက်နဲ့စည်းလုံးမှုမရှိတဲ့ဘော်လုံးအသင်းဘော်လုံးကန်နေသလိုပဲ။
    ကစားကွက်နဲ့နည်းစနစ်ပြန်ပြီးအခြေတည်မရသလိုဖြစ်
    နေတယ်။
  1. Anonymous said... :
    ဖက်ဒ၇ယ်ဆိုတာ အဆင့်မြင့်တဲ့နိုင်ငံရေးပုံစံပဲ။ပန်ပေါင်းစုံဖူးတဲ့ပန်းခြံကြီးပေါ့။
    ဖက်ဒရယ်မှာ ဟာမိုနီဟာအသက်သွေးကြောပဲ။မတူညီကြတဲ့လူမျိုးတွေ။ဘာသာတွေ။အယူအဆတွေ။ရှ်ိကြတဲ့နိုင်ငံမှာဟာမိုနီဟာအသက်လိုအရေးကြီးတယ်။လူများစုနဲ့လူနည်းစုမှာ လူများစုကဗိုလ်ကျမယ်လူနည်းစုကအနေကျပ်မယ်။လူနည်းစုက လူများစုကိုမုန်းမယ်။ဒီလိုပဲဖြစ်နေကြတယ်။အဆင့်မြင့်တဲ့ဖက်ဒရယ်တည်ဆောက်ဖို့ဆိုရင်ကျောင်းတွေမှာကစပြီး
    ကလေးတွေကိုမတူညီတာတွေကိုသဘောထားကြီးတတ်ဖို့။လူနည်းစုကိုလေးစားတတ်ဖို့သင်ကြားပေးဖိုလိုတယ်။
့်နိုင်ငံတည်ဆောက်ရေးမှာအောက်ခြေကစပြောင်းမှဖြစ်မယ်။
    ဒါမှမဟုတ်ရင်ခိုင်မြဲတဲ့ပြည်ထောင်စုဆိုတာမဖြစ်နိုင်ဘူး။
    ကရင်ဟာကရင်လိုရှင်သန်ရပ်တည်နိုင်ရမယ်။
    ဗမာဟာဗမာလိုရှင်သန်ရပ်တည်နိုင်ရမယ်။ဒါမှလည်းသူတို့နေပျော်မယ်
    လူမျိုးတစ်မျိုး။လူတစ်ယောက်ရဲ့အခွင့်အရေးကိုပိတ်ပင်ဖို့မသင့်ဘူး။မတူတာတွေကိုစုတဲ့နေရာမှာဟာမိုနီဖြစ်ဖို့သိပ်အရေးကြီးတယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved