မွေးနေ့လက်ဆောင်အဖြစ် ဒီနေ့ပဲ လွှတ်ပေးပါ

Tuesday, October 18, 2011










၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်ပြည့် မွေးနေ့ပွဲကို မွေးနေ့ရှင်မပါပေမယ့် စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် သမိုင်းလမ်းဆုံနားက မြို့မ ပရိယတ္တိစာသင်တိုက် မှာ ဒီနေ့မနက် ၉ နာရီလောက်က ကျင်းပတဲ့ အဲဒီပွဲကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ လူရွှင်တော် ကိုဇာဂနာ အပါအဝင် နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ လူငယ်လူကြီးပေါင်းများစွာ တက်ရောက်ကြပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဂတိတရား ၄ ပါး နဲ့ ပတ်သက်လို့ ပြောသွားပြီး ကိုဇာဂနာကတော့ ကိုမင်းကိုနိုင်ရဲ့ ကဗျာတပုဒ်ရွတ်ဆိုခဲ့ပါတယ်။ ကဗျာရွတ်အပြီးမှာ ကိုမင်းကိုနိုင်ရေးတဲ့ သီချင်း သံပြိုင်ပိုဒ်ကိုလည်း ကိုဇာဂနာက သီဆိုပြခဲ့တယ်လို့ သိရပါတယ်။ ကိုဇာဂနာ နောက်ဆုံးပြောသွားတဲ့ စကားကတော့ “သမ္မတကြီးခင်ဗျား ... ကိုမင်းကိုနိုင်ကို မွေးနေ့လက်ဆောင်ပေးတဲ့ အနေနဲ့ ဒီနေ့ပဲ လွှတ်ပေးလိုက်ပါခင်ဗျား” တဲ့။ ဒီပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ သဝဏ်လွှာ၊ ဗကသ သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်ရဲ့ အစ်မဖြစ်သူကလည်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)

2 comments :

  1. သမတကြီး said... :

    ငါလဲ လွှတ်ချင်ပါတယ်ကွာ။ အထက်က ခွင့်မပြုသေးလို့ ပါ။

  1. မောင်ကောင်း (กรุงเทพฯ) said... :

    ယခုအချိန်အထိ နိုင်/ကျဉ်း တွေကို အလဲအလှယ်အလဲအထပ်လုပ်ဖို့ ကူပွန်တစောင်လို သဘောထားဓါးစာခံတွေလိုသဘောထားနေတာတွေ
    ဟာ အင်မတန်မှဝမ်းနည်းစရာကောင်းပါတယ် - စစ်အသွင်ပြောင်းအစိုးရသစ်ဆိုပေမယ့် အာဏာရှင်အရိပ်မည်းတွေ စိုးမိုးနေတုန်းပါပဲ - နိုင်ငံရေးအကျဉ်းသမားတွေ ချွင်းချက်မရှိ လွတ်ငြိမ်းခွင့်မပေးသရွေ့ကတော့ လက်ရှိ စစ်အာဏာရှင်အသွင်ပြောင်းအစိုးရကို လုံးဝ(လုံးဝ) ယုံကြည်ဖို့ လက်ခံဖို့ မဖြစ်နိုင်ပါ။ သိန်းစိန်အစိုးရအနေနဲ့ အခုလို ပျော့ပြောင်းညင်သာတဲ့ အပြောင်းလဲ ညှိနှိုင်းမှုတွေမှာ နိုင်ငံရေးအကျပ်အတည်းမှလွတ်မြောက်နိုင်ရေး အခွင့်အလမ်းကောင်းများ ပါးနပ်စွာမယူနိုင်ရင်တော့ ပြည်သူတွေ ပိုမုန်းတီးတဲ့ အစိုးရတရပ်အဖြစ် သမိုင်းမှာတွင်နေအုန်းမှာပါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved