စောငို ကာတွန်း

Saturday, October 1, 2011

.....





မိုးမခ ၀က်ဆိုက် moemaka.com မှာ ခုလေးတင် တက်လာတဲ့ စောငိုရဲ့ အမြင် ဖြစ်ပါတယ်
သူ့လက်ရာတွေမှာတော့ သမ္မတယူနီဖောင်းက အမြဲ ဒီလိုပါပဲ။

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ဟိုနိုင်ငံရေးသမားကို ပြန်လွှတ်တော့မလို၊ ဟိုသတင်းသမားကို ပြန်လွှတ်တော့မလို ပြောသံတွေ အဆက်မပြတ် ထွက်ခဲ့ပါတယ်။
ဇာဂနာကို လေယာဉ်ပေါ် တင်ပေးလိုက်ပြီ ဆိုတာမျိုး ပြောဆိုချက်က အများဆုံး ဖြစ်ပါလိမ့်မယ်။

အကျဉ်းသားတွေရဲ့ မိသားစုတွေပြောတာက သူတို့ဆီ တဂွမ်ဂွမ် ၀င်လာတဲ့ ဖုန်းတွေကိုကိုင်လိုက်တိုင်း "လွတ်ပြီလား" ဆိုတဲ့ မေးခွန်းနဲ့ပဲ တိုးနေတယ်လို့ ဆိုပါတယ်။

သာမန်အကျဉ်းသား တသောင်းကျော်၊ နိုင်ငံရေးသမား ဆယ်ဂဏန်း ပါဝင်တဲ့ ဒီနှစ် မေလ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မျိုးကို သမ္မတက ထပ်ထုတ်အုံးမယ်လို့ ယူဆသူလည်း မရှားပါ။ နောက်တခါ လွှတ်ပေးရင်တော့ နိုင်ငံရေးသမား၊ သတင်းသမား၊ ကျောင်းသား၊ သံဃာ ရာဏန်းလောက် ပါမလား၊ ဆယ်ဂဏန်းလောက် ပါမလား ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်သေးပါ။ သမ္မတကိုယ်တိုင်တောင် မဆုံးဖြတ်ရသေးဘူး ထင်ပါတယ်။

နိုင်ငံရေးသမားတွေ လွတ်မြောက်လာရေးက ဗိုလ်သန်းရွှေခေတ်ကတည်းက စိတ်ကူးယဉ်ရခက်တဲ့အရာပါ။ သူလုပ်ပေးတဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ တက်လာတဲ့ အစိုးရကလည်း နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ လက်တွန့်နေတုန်းပါပဲ။

သိပ်လွယ်တဲ့အလုပ်ကို ဘာကြောင့် မလုပ်ကြတာပါလိမ့်။



.....


1 comments :

  1. Anonymous said... :

    လွယ်လွန်းလို့ ဘယ်အချိန်လုပ်လုပ်ရတယ်ဆိုပြီး ပစ်ထားတာဖြစ်မယ် :) :)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved