ကိုနေမျိုးဇင် ဆေးကုခွင့်

Thursday, October 20, 2011

~~~




ဓာတ်ပုံ http://pwvb.blogspot.com

အင်းစိန်ထောင်ထဲက ကိုနေမျိုးဇင်ဟာ လမ်းလျှောက်လို့မရ၊ ထိုင်လို့တောင်မရတဲ့ အခြေအနေရောက်နေပေမယ့် ဆေးကုသခွင့် မရသေးတဲ့အကြောင်း AAPP ရဲ့ သတင်းထုတ်ပြန်ချက်တစောင်
စောစောကပဲ ထွက်လာပါတယ်။

ကိုနေမျိုးဇင်အကြောင်း
http://www.bur.irrawaddy.cc/index.php/news/6154----nld- မှာ ဖတ်ပါ။


AAPP ရဲ့ ဒီနေ့ သတင်းထုတ်ပြန်ချက်ကိုတော့ မြန်မာ - အင်္ဂလိပ် ၂ ဘာသာနဲ့ အခုလို တွေ့ရပါတယ်

ကျန်းမာရေးဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား သင့်တော်သည့် ဆေးကုသမှုပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို
သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်

နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သ
ူ ကိုနေမျိုးဇင်သည် ချော်လဲ၍ အရိုးအက်သည့်ဝေဒနာ ခံစားနေရသော်လည်း ထောင်ပြင်ပဆေးရုံတွင် တက်ရောက်ဆေးကုသခွင့် အကြိမ်ကြိမ် ငြင်းဆန်ခံနေရသလို လမ်းပင်ကောင်းစွာမလျှောက်နိုင်သဖြင့် ထောင်ဝင်စာပါ ထွက်မတွေ့နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ သိရှိရပါသည်။ ဦးသိန်းစိန်အစိုးရမှ ကျန်းမာရေးမကောင်းသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါသည်ဟု ပြောဆိုနေချိန်တွင် ကိုနေမျိုးဇင်အနေဖြင့် သင့်တော်လုံလောက်သည့် ဆေးကုသခွင့်ကိုပင် မရရှိပါ။

အေအေပီပီအနေဖြင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည့် ကိုနေမျိုးဇင်အား ထောင်ပြင်ပ ဆေးရုံတွင် သင့်တော်လုံလောက်သည့် ဆေးကုသခွင့်ပေးပါရန် ဦးသိန်းစိန်အစိုးရအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။ ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သူ ကိုနေမျိုးဇင်သည် သွေးအကူအညီပေးရေးအပါအဝင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာမှ အီလက်ထရောနစ် အက်ဥပဒေဖြင့် တရားစွဲဆိုခံရကာ မကြာသေးခင် က ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံခဲ့ရပါသည်။ သူသည် စတင်ဖမ်းဆီးခံခဲ့ရသည့် မေလ၊ ၂၀၁၁ ခုနှစ် မှ စတင်၍ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပါသည်။

ကိုနေမျိုးဇင်အနေဖြင့် စတင်ဖမ်းဆီးခံရစဉ်က ကျန်းမာရေးကောင်းမွန်ခဲ့သော်လည်း ထောင်တွင်း ဆေးဝါးကုသမှုမလုံလောက်ခြင်း၊ ပြင်ပတွင်လိုအပ်သလိုဆေးကုသခွင့်အား အကြိမ်ကြိမ်ငြင်းဆန်ခံနေရခြင်း တို့ကြောင့် လမ်းမလျှောက်နိုင်ရာမှ အောက်ပိုင်း ချိနဲ့သွားနိုင်သည့် အနေအထားသို့ ရောက်ရှိနေပါသည်။ လမ်းကောင်းစွာ မလျှောက်နိုင်သည့်အတွက် ၄င်းအနေဖြင့် မိသားစုမှထောင်ဝင်စာလာတွေ့သည်ကို လက်ခံတွေဆုံနိုင်ခြင်းမရှိခဲ့ပါ။ ကိုနေမျိုးဇင်၏ ဖြစ်ရပ်သည် မတရားဖမ်းဆီးထောင်ချခံရသည့်အပြင် ဆေးဝါးကုသခွင့်၊ ထောင်ဝင်စာတွေ့ဆုံခွင့်စသည်ဖြင့် နိုင်ငံသားတဦး၊ အကျဉ်းသားတစ်ဦး၏ အခြေခံ အခွင့်အရေးများကို အစုလိုက်အပြုံလိုက် ချိုးဖေါက်ခံနေရခြင်း၏ ပြယုဂ်တခုပင် ဖြစ်ပါသည်။ ထောင်ဥပဒေအရ ကိုနေမျိုးဇင် ရသင့်ရထိုက်သည့် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည့် ထောင်ပြင်ပဆေးရုံတွင် သင့်တော် လုံလောက်စွာ ဆေးကုသခွင့်အား သက်ဆိုင်ရာ ထောင်အာဏာပိုင်များမှ ခွင့်ပြုပေးပါရန် အေအေပီပီ အနေဖြင့်တောင်းဆိုလိုက်ရပါသည်။
ကိုနေမျိုးဇင်သည် စစ်ကြောရေးကာလတွင်လည်း ရုပ်ပိုင်းစိတ်ပိုင်း နှိပ်စက်ခံခဲ့ရပြီး ယခုအချိန်တွင် ချော်လဲသည့်ဒဏ်ကြောင့် ခါးရိုးပဲ့ကာ လမ်းမလျှောက်နိုင် မရပ်နိုင် ဖြစ်နေပါသည်။

ကိုနေမျိုးဇင်အား ထောင်ဆေးရုံတွင် ဓါတ်မှန်ရိုက်ရာတွင် ခါးတွင်ဒါဏ်ရာ ရနေကြောင်းကို သိရှိရသည့်အတွက် ထောင်ဆရာဝန်မှ ပြင်ပဆေးရုံတွင် ဆေးဝါးကုသရန် လိုအပ်ကြောင်း ထောက်ခံချက်ပေးခဲ့သော်လည်း ထောင်အာဏာပိုင်များမှ ပြင်ပဆေးရုံတွင်ဆေးကုသခွင့်ပြုရန် အကြိမ်ကြိမ်ငြင်းပယ်နေခြင်းဖြစ်ပါသည်။

ကိုနေမျိုးဇင်အား ယခုလို လိုအပ်သည့်ဆေးဝါးကုသပေးရန် အချိန်ဆွဲငြင်းပယ်နေမှုသည် ဦးသိန်းစိန်အစိုးရမှ ကျန်းမာရေးမကောင်းသော အကျဉ်းသားများကို လွှတ်ပေးသည်ဆိုသည့် ကြေညာချက်နှင့် ချိန်ဆကြည့်လျှင် အပြောနှင့်အလုပ် လုံးဝကိုက်ညီခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

လက်ရှိအခြေအနေတွင် ထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသား ၁၂၂ ဦးသည် ကျန်းမာရေး အခြေအနေဆိုးရွားနေပြီး လုံလောက်သည့် ဆေးကုသခွင့် မရရှိကြပါ။ ဥပမာအားဖြင့် ထောင်ဒဏ် ၉ နှစ်ခွဲ ကျခံနေရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဟန်နီဦးသည် အစာအိမ်ရောဂါ ခံစားနေရကာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည်လည်း သွေးတိုးရောဂါ နှင့် နှလုံးခုန်မြန်သည့် ရောဂါ ဝေဒနာကို ခံစားနေရပါသည်။
အေအေပီပီ၏ စာရင်းပြုစုထားခြင်းများအရ နှိပ်စက်ညှဉ်းပမ်းမှုဒဏ် နှင့် ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံမှုတို့ကြောင့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၆ ဦး သည် အကျဉ်းထောင်များအတွင်းတွင် သေဆုံးခဲ့ရပါသည်။

အစိုးရသစ်လက်ထက်တွင် တိုးတက်ပြောင်းလဲမှု အနည်းငယ်ရှိနေသည်ဆိုသော်လည်း ဦးသိန်းစိန် အစိုးရ၏လက်ထက်တွင် ပထမဆုံး ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဖြစ်သည့် ကိုနေမျိုးဇင်၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များ၏ အခြေအနေသည် ပြောင်းလဲမှုမရှိသလောက်ပင်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် ကိုနေမျိုးဇင်နှင့်တကွ ကျန်းမာရေးချို့ယွင်းနေသူ နိုင်ငံရေးအကျဉ်းသားများအား သင့်တော် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံးလုပ်ဆောင်ပေးရန် တာဝန်ရှိသူများအား တိုက်တွန်းလိုက်ရပါသည်။


နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃


AAPP Urges the External Hospitalization for a Critically Ill Political Prisoner
Information Release
October 20, 2011


AAPP has learned that Nay Myo Zin has been repeatedly denied vital medical care and has been unable to sit or walk without severe pain, causing him to forego his family visits. His repeated denials come at a time when the U Thein Sein administration granted an amnesty to those prisoners in poor health.

AAPP strongly urges the U Thein Sein administration to allow external hospitalization for this critically ill political prisoner. The health condition of Nay Myo Zin, former army captain turned charity worker recently sentenced to ten years under the notorious Electronic Transactions Act, has rapidly deteriorated since his initial arrest in May.

In physically good health upon arrest, he is now unable to walk and faces potential paralysis of his lower body due to appallingly inadequate medical care in Burma’s prisons, compounded by repeated denials of requests for external hospitalization. The severe pain he is being forced to endure has also prevented him from receiving family visits. The case of Nay Myo Zin amounts to a wholesale violation of his most basic prisoner rights, including the right to basic medical care and family visits. AAPP demands the relevant prison authorities to provide Nay Myo Zin with the urgent medical care he is rightfully entitled to under domestic law.

Nay Myo Zin, who was both physically and mentally tortured during his interrogation, is currently suffering from a broken hip and rib leaving him unable to walk or stand. Although he received an x-ray from the prison hospital confirming his grave injuries, repeated appeals to the prison doctor requesting a transfer to an appropriate medical facility have all gone denied. U Hla Myo Myint, Nay Myo Zin’s legal representative, decried the situation as unjust, stating he witnessed criminal offenders receive approval for their external hospitalization requests without delay. Nay Myo Zin has so far received nothing other than pills.

The prolonged mistreatment of Nay Myo Zin is a far cry from the recent amnesty that saw the release of prisoners in bad health. Unfortunately, there are still at least 122 political prisoners locked up and suffering from poor health. Among those in poor health are: Honney Oo, an ABFSU student serving a 9 and a half year sentence and now suffering gastric problems; and the famed student leader Min Ko Naing, who was not released in the recent presidential amnesty, is suffering from hypertension and heart conditions due to prison conditions.

The conditions in Burma’s prisons have remained appallingly far below minimum international standards to satisfy the most basic prisoner rights. Nay Myo Zin is being held in Insein prison, which is notorious for inadequate health care and only provides 3 doctors for 10,000 inmates. AAPP has documented at least 146 political prisoner deaths due to such deplorable conditions. The gross negligence for the care of political prisoners by the prison staff demands that resources outside of the prison be made available to those prisoners in need when the prison staff themselves cannot care for those inmates.

As the first political prisoner to be arrested under U Thein Sein administration, it serves as a cautious reminder that conditions inside Burma’s prisons are not changing quickly enough, despite overtures of progress by the administration.

“Given the recent so-called amnesty by the U Thein Sein administration and its intentions of releasing prisoners in poor health, it is decidedly unjust to not only keep Nay Myo Zin locked up on false charges, but also to deny him adequate and necessary medical care which is the right of prisoners and the responsibility of the authorities,” says AAPP Joint-Secretary Ko Bo Kyi.


Assistance Association for Political Prisoners (Burma)

For more information:

Tate Naing (Secretary): +66 (0) 81 287 8751
Bo Kyi (Joint Secretary): +66 (0) 81 962 8713





~~~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved