လူရွှင်တော်ဇာဂနာလွတ်လာရင် မြပုဏ္ဏမာ အငြိမ့်တပွဲလောက် ပြန်ကချင်သတဲ့

Friday, October 7, 2011


မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ လူရွှင်တော် ကိုဇာဂနာ အမြန်ဆုံး ပြန်လွတ်ဖို့ မျှော်လင့်ကြောင်း သူ့ရဲ့ ရောင်းရင်းတဦးဖြစ်သူ လူရွှင်တော် ငှက်ပျောကြော်က ဧရာဝတီကို ပြောပါတယ်။ ကိုဇာဂနာ ပြန်လွတ်လာရင် အလုပ်ချင်ဆုံးကတော့ မြပုဏ္ဏမာ အငြိမ့် အဖွဲ့သားဟောင်းတွေနဲ့ တပွဲတလမ်း ပြန်ကချင်တဲ့ အာသီသ ရှိတယ်လို့ သူက ဆိုပါတယ်။

လူရွှင်တော် ငှက်ပျောကြော်က “ကိုဇာဂနာကိုယ်တိုင်လည်း ကချင်နေတယ်။ လူကြုံတွေကနေ တဆင့် ပြောတာကတော့ သူ ပြက်လုံးတွေ ထုတ်ချင်လွန်းလို့ ပါးစပ်တွေ ယားနေပြီတဲ့” လို့ ပြောပြပါတယ်။ ပြီးတော့သူက ဆက်ပြီး “မြပုဏ္ဏမာက လှတယ်ဗျ။ သမိုင်းလည်း ကောင်းခဲ့တယ်” လို့ ဆိုပါတယ်။

ကိုငှက်ပျောကြော်အနေနဲ့ အဖွဲ့ကွဲသွားတဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်ကိစ္စ၊ အဲဒီအဖွဲ့ထဲက ပြည်တွင်း ပြန်သွားတဲ့သူတွေ၊ မပြန်လာသေးတဲ့သူတွေ ကိစ္စကိုတော့ ဘာမှ မဝေဖန်လိုဘူးလို့ ပြောပါတယ်။

ဧရာဝတီမဂ္ဂဇင်း အနေနဲ့လည်း ကိုဇာဂနာ အမြန်ဆုံး ပြန်လွတ်ပြီး မြပုဏ္ဏာအငြိမ့်ခွင်ထဲမှာ အထိဆုံး ပြက်လုံးတွေ ထုတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

2 comments :

  1. Anonymous said... :

    hi, could someone please put caption of the photo? are they godzilla, ah yine, min tha mee, zarganar, and pho phyu? feel free to correct me. thanks.

  1. Anonymous said... :

    Yes, They are.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved