လျော် သာ လျော် လိုက်ပါ
Monday, October 3, 2011
.....
ချိုတူးဇော်၏ FaceBook မှ ရေးသားချက်ကို ကူးယူ ဖော်ပြပါသည်
တရုတ်တွေက လျော်ကြေးစကားပြောလာတာ ၀မ်းသာစရာလို့မြင်ပါတယ်။
ဘာပဲပြောပြော ပြေလည်အောင် ညှိပြီး လျော်လိုက်စေချင်တယ်။ ခုပြဿနာကို အိမ်တွင်းရေး ညီညွတ်ပြီး ဖြေရှင်းရင် ပြေလည်မယ့် ပြဿနာလို့မြင်ကြည့်ရအောင်။
အိမ်မှာ သားဆိုးသားမိုက်တယောက်က ထင်ရာစိုင်း မြေဂရန်ကိုပေါင် ဖဲရိုက်ထားလို့ (ဒီဥပမာကို ကြိုက်မှာမဟုတ်လောက်ဘူး)၊ နောက်တမျိုးပြန်ပြင်ပြောမယ်၊ စီးပွားရေးမလုပ်တတ်တဲ့ သားငနုံ့ငအ တယောက်ကို ရပ်ထဲရွာထဲက လူလည်လူရှုပ်တွေက ချောက်ချီတမျိုး၊ ချော့ချီတခါနဲ့ အိမ်ဂရန်ကို အပိုင်စီး အပေါင်ယူထားတယ် ဆိုပါတော့ဗျာ..။
“ အခြေအနေက ..မင်းတို့အိမ်ပြန်ပေးမယ် ငါတို့ငွေ ပြန်လျော် ” လို့ပြောခံရတာ..၊ ၀မ်းသာရမယ့်အခြေအနေ ဖြစ်နေပြီ။
“မင်းအသုံးမကျလို့ ဖြစ်ရတာ ဘာညာနဲ့ ညီအကိုချင်း၊ မောင်နှမချင်း ရန်ဖြစ်မယ့်အစား
ဝိုင်းဆပ်ပေးလိုက်ကြဖို့က အရေးကြီးဆုံးလို့ မြင်မိတယ်..။ တယောက်ကိုတယောက်
လက်ညှိုးငေါက်ငေါက်ထိုး ခွန်းကြီးခွန်းငယ်တွေလည်း ၀ အောင်ပြောပြီးမှတော့ ဒီငွေပူကို ဘယ်လိုဝိုင်းဆပ်ကြမလဲ.. ပြန်ချစ်ခင်စည်းလုံးကြတာ အမြတ်လို့ တွက်ကြစေချင်ပါတယ်။
ဒီအမြတ်က ဘာနဲ့မှ လဲ မရအောင် မြတ်တဲ့အမြတ်ပါ။
မြတ်လက်စ နဲ့ နောင် အရှည်သဖြင့် နှစ်ပေါင်းများစွာ တည်တံ့မယ့် အမြတ်ကြီးတွေပါ ထွက်အောင် လုပ်ဖို့ အကြံကောင်းပြုချင်ပါတယ်။
အဲဒါတွေကတော့
၁။ မြစ်ဆုံဆည်သာမက တရုတ်နဲ့ ပါတ်သက်သမျှ ဆည်တွေရော၊ ဂက်စ်ပိုက်လိုင်းကိစ္စ တွေရော၊ ဆိပ်ကမ်းတွေကိုရော အကုန်လျော်ပြီး ရပ်စေချင်တယ်။
တခြားနိုင်ငံတွေထက် တရုတ်ကနောက်ဆက်တွဲ ပြဿနာကြီးလို့ပါဗျာ။
၂။ အဲဒီလိုလုပ်ဖို့ လျော်ရမှာတွေ အများကြီးဆိုပေမယ့် ပြည်သူလူထု ရဲ့ ဆန္ဒကို လေးစားတဲ့ အစိုးရအနေနဲ့
တဆက်တည်း
နိုင်ငံရေးအကျဉ်းသားတွေကိုပါ ချွင်းချက်မရှိလွှတ်ပေးရင်၊
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးရင်၊
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲပေးရင်၊(ကြံ့ခိုင်ရေး ဟာ လွှတ်တော်တွင်း ၇၅ %
အမတ်ဦးရေ ရှိတဲ့အတွက် ဒီကိစ္စကို တတ်နိုင်ပါတယ်။
တကယ်လုပ်လိုက်ရင် သမိုင်းတွင်တဲ့ အပြောင်းအလဲ တခုကို ဦးဆောင်တဲ့ ပါတီအနေနဲ့ လူထု ရဲ့ ထောက်ခံမှုကို တကယ် ရလာပါလိမ့်မယ်။
အဲဒါတွေ ပြီးရင်..
စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းဖို့၊
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး ယူဖို့ ဆိုတာတွေ ဟာ အားလုံးက ၀ိုင်းထောက်ခံရေးသားပြောဆို ကြတာနဲ့တင် အဆင်ပြေသွားပါလိမ့်မယ်။
စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပြီးတာနဲ့ . . .ကျနော်တို့ မြန်မာတွေ အဲဒီလောက် မညံ့ပါဘူး။
တရုတ်ကို ပေးရမယ့် လျော်ကြေးလောက်ကို ခဏချင်းပြန်ဆပ်နိုင်ပါလိမ့်မယ်။
အစိုးရနဲ့ပြည်သူ တစိတ်တ၀မ်းတည်း ဖြစ်သွားရတာကိုးက အမြတ်ကြီးမြတ်တဲ့ ကိစ္စပါ။
မွန်ဂိုလီးယား အပါအ၀င် အနီးအပါး အိမ်နီးချင်း နိုင်ငံငယ်လေးတွေ ရဲ့ ဥပမာကို ယူပြီး အတွင်း စည်း အပြင်စည်း ထားရမယ့် မိတ်ဆွေ ပါ။
ကျနော်တို့ ခင်ဗျားတို့ကို ယုံပါ့မယ်။
ခင်ဗျားတို့ ရင်ဆိုင်ရမယ့် ပြဿနာတွေ ဖိအားတွေ က နည်းနည်းနောနော မဟုတ်ဘူးဆိုတာ
သိပါတယ်။
ဒါပေမယ့် ၁၉၄၆ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလ အဖွဲ့ကြီးကို သတင်းစာတွေက ရေးသားခဲ့တဲ့ အရေးအသား တခု ကို ပြန်သတိရမိပါတယ်။
“ ဖဆပလ တောင့်ထား လူထု ရှိတယ်” တဲ့။
ခုလည်း
“ သမ္မတကြီး နှင့် တကွ . . . အစိုးရတောင့်ထား လူထု ရှိတယ်..” လို့
ပြောပါရစေ။
အမျိုးသားရေးမို့ ပြတ်ပြတ်သားသား သာ ဆုံးဖြတ်ပေးပါ။
တကယ်ဆုံးဖြတ်ရင် တကယ် ထောက်ခံဖို့ အသင့်ပါပဲ။
အစိုးရ ကို ဒါ့ထက်ပို ယုံချင်ပါတယ်။ လူထုကိုလည်း ရဲရဲ ယုံကြည်လိုက်စမ်းပါ။
ပြည်သူလူထုကို ယုံကြည်မှ၊ ပြည်သူလူထုက ယုံကြည်ရမှ ပြည်သူ့အစိုးရ ဖြစ်လိမ့်မယ်။ ။
ချိုတူးဇော်
.....
32 comments :
  1. မှန်တယ် အကုန်ရပ်ပစ်လိုက် ဂတ်စ် လည်း မရောင်းနဲ့  ။ တရုတ်နဲ့  ပတ်သတ်တာ အကုန်ဖြတ်၊ ဖြတ်မရတဲ့သူတွေ ရှိနေရင် (ဥပမာ ကိုသန်းရွှေနဲ့  တစ်မျိုးလုံး) တရုတ်ပြည် ပြောင်းကြ။
  1. Anonymous said... :
    မြစ်ဆုံစီမံကိန်းရပ်လိုက်တဲ့အတွက် အမှန်တစ်ကယ် အားပေးထောက်ခံပါတယ်။ လူထုဆန္ဒကို ထပ်ဟပ်ဆောင်ရွက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့မှ မဟုတ်ပါဘူး ဦးသိန်းစိန်နဲ့ ကြံခိုင်ရေးအဖွဲ့လည်း လူထုထောက်ခံမှုတွေအများကြီးရမယ်ဆိုတာ မြစ်ဆုံဆည်အရေး မှာ ထင်ရှားနေပါတယ်။ ပြည်သူတွေက အလုပ်နဲ့သက်သေပြတာကိုလိုချင်တာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အစိုးရသစ်ဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတာကို အကောင်းမြင်အသိမှတ်ပြုပါတယ်။ စိန်ခေါ်မှုတိုင်းကို ပြည်သူအတွက် စေတနာမှန်နဲ့ ဆောင်ရွက်သွားမယ်ဆိုရင် ပြည်သူက ဆက်လက်ထောက်ခံပါလိမ့်မယ်။ မြန်မာပြည်သူတွေဟာ လက်ရှိကို ပိုကြည့်တတ်ပါတယ်။ အခုလက်ရှိကို ပိုကောင်းအောင်လုပ်ပေးပါ၊ အနာဂတ်အတွက် လမ်းခင်းပေးပါ။ အတိတ်ကိုပြည်ဖုံးကားချဖို့ တရားနဲ့ဖြေဖို့ ၀န်မလေးကြပါဘူး။ သမ္မတကြီးခင်ဗျား မြစ်ဆုံအရေးဆုံးဖြတ်ချက်ကို လေးနက်စွာထောက်ခံပါတယ်။ နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ တိုင်းရင်းသားအရေးကိုလည်း ငြိမ်းချမ်းစွာဖြေရှင်းဖို့ မေတ္တာရပ်ခံပါတယ်။
  1. Ko Shwe said... :
    ကိုချိုတူးဇော် very good
  1. မှန်တယ် ကိုချိုတူးဇော် ... လူထုနဲ့ အစိုးရ ယုံယုံကြည်ကြည်နဲ့ ညီညွတ်မယ်ဆိုရင် ပြန်လျော်လို့ရပါတယ် ...သချာင်္သဘောတရားကို သိပ်နားမလည်ပါဘူး .. ဒါပေမဲ့ မြန်မာနိုင်ငံ လူဦးရေ ဘယ်လောက်ရှိလဲ ..တစ်ယောက်ကို ကျပ်တစ်ထောင် (ကလေးရော လူကြီးပါမကျန်) ကောက်လိုက်ရင် လျော်ကြေးတစ်ဝက်တော့ ရနိုင်မှာပါ .. ဒီကြားထဲ တိုင်းသူပြည်သားအချင်းချင်း ညီညီညွတ်ညွတ်ဖြစ်လာတာကို ကြည်ညိုတဲ့ သီးခြား အလှုရှင်တွေလဲ ပေါ်လာဦးမှာပါ၊ နောက်ဆုံး လျော်ကြေးမပြည့်သေးဘူးဆိုရင် ..ရောင်းစားထားတဲ့လူတွေရဲ့စည်းစိမ်ကို သိမ်းမယ်ဗျာ .. ပြီးရင် အဲဒါနဲ့လျော်မယ် ..တို့နိုင်ငံ ပြည်သူလူထုတွေ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ နေကြထိုင်ကြတာ မြင်ရရင် အသက်ပါ ပေးရဲပါတယ် ..
  1. sa said... :
  1. Anonymous said... :
    ကျွန်တော် ၂၂-၉-၁၁ ရက်နေ့က အဖွင့်ကဗျာ ဆိုတဲ့ကဗျာလေးတစ်ပုဒ်ဧရာဝတီိမိတ်ဆွေများမှာတင်လိုက်ပါတယ်၊ အဲဒီ့မှာ china made against campaign လုပ်ဖို့တိုက်တွန်းထားပါတယ် တရုတ် ကိုရင်ဆိုင်ဘို့အစိုးရတစ်ဖွဲ့တည်းနဲ့မရဘူးပြည်သူအများ ပူးပေါင်းပါဝင်မှရမယ်၊ ခုအချိန်ဟာမြန်မာတစ်နိုင်ငံလုံးသွေးစည်းညီညွှတ်ဖို့အကောင်းဆုံးအချိန်ပါ၊ဒီအခြေအနေကိုလက်လွတ်မခံဘဲ၊ပြည်သူ၊တပ်မတော်၊အစိုးရ၊ဒီမိုကရေစီအင်အားစု၊တိုင်းရင်းသားသွေးချင်းညီအကိုမောင်နှမအားလုံးလောလောဆယ်ပြသနာတွေကိုခဏရပ်ထားပြီး၊သွေးစည်းညီညွှတ်စွာနဲ့ကိုလိုနီနယ်ချဲ့လက်သစ်တရုတ်ကိုအပြတ်သားဆုံးတိုက်ထုတ်ပစ်ရမယ်၊အားလုံးကိုကျွန်တော်ပြောချင်တာကတရုတ်ရန်မသေးဘူးနော်၊အနီးကပ်ဆုံးရန်သူကိုအမြန်တိုက်မှဖြစ်မယ်၊အချိန်သိပ်မရှိတော့ဘူး၊ုခုတောင်သူတို့ရာဇသံပေးနေပြီ။ကျွန်တော်ကတော့၂၂-၉-၁၁ ရက်နေ့ထဲကတိုက်ပွဲစခေါ်လိုက်ပါပြီ။
    ရဲရင့်လွမ်း
  1. Anonymous said... :
    Yes.. Cheers!
    If gov` dun have much mondy...
    let's pay Income tax all our citizen.. and refund the money to CPI :)
  1. Anonymous said... :
    မှန်ကန်တယ်လို့ယူဆပါတယ်။ တ၇ုတ်၇ဲ့ပြည်နယ်ခွဲတစ် ခုအဖြစ်၇ပ်တည်မဲ့အစား လွတ်လပ်စွာ ကိုယ့်နိုင်ငံအကျိုး အတွက်ဆထက်တပိုးတိုးလုပ်ကြ၇အောင်ပါ။ ပြည်သူနဲ့ အစိုး၇သင့်မြတ်မှုစရလာတာဟာ နောင်ဖြစ်လာမဲ့မြန်မာနိုင်ငံအတွက် အခြေခံကောင်းတွေလို့ယုံကြည်ပါတယ်။ ပြည်သူ့ကိုကြည့်တော့ ပြည်သူတစ်ယောက်ဖြစ်တဲ့ကျွန် တော်ကလဲ အမြင်မှန်၊ စိတ်ထားမှန်ဖက်ေ၇ာက်လာတဲ့ အစိုး၇ကို အကောင်းမြင်ဝါဒနဲ့ တတ်အားသမျှကူညီချင် စိတ်ပေါက်လာပါတယ်။ ဆိုလိုတာက လျှော်၇မဲ့ငွေကို အကုန်လုံးတစ်ယောက်ထဲမတတ်နိုင်ပေမဲ့ တတ်အားသမျှ ၁၀၀၀US$ ပါဝင်လှူတမ်းချင်ပါတယ်။ NLD (အမေစု) ကတဆင့်ထည့်ဝင် လှူတန်း၇မယ်ဆို၇င် ကျွန်တော်ါအကျေနပ်ဆုံးဖြစ်မိ မှာပါ။ နှမ်းတစ်စိနဲ့ဆီမဖြစ်ပေမဲ့ သည်ညီညွတ်လာမှု ကိုအသိအမှတ်ပြုသူတွေ စုပေါင်းလှူမယ်ဆို၇င် မဖြစ်စ၇ာမ၇ှိနိုင်ဖူးလို့ထင်ပါတယ်။
  1. Anonymous said... :
    ကောင်းမြတ်တဲ့ အတွေးအခေါ်တွေပါ။ တ၇ုတ်ပြည်၇ဲ့ လက်ဝါးဖြန့်ခံပြည်နယ်တစ်ခုဖြစ်မဲ့အေ၇းက ၇ဲ၇ဲကြီး ပြည်သူဘက်က အစိုး၇က၇ပ်တည်လာတာဟာ ပြန်လည် သွေးစည်းေ၇းအစပွင့်သွားပြီလို့မြင်ပါတယ်။ ပိုမိုစည်းလုံး၇င် တိုးတက်မှုမြန်ပါ့မယ်။ ကန့်လန့်လိုက်နေ ကြမဲ့အစား ကြိုဆိုမှုတွေပြု၇င်း တစ်တတ်တအားအနေ နဲ့ နိုင်ငံတော်ကလျှော်၇မဲ့ငွေထဲကို ကျွန်တော်အလှူငွေ ထည့်ချင်စိတ်ပေါက်လာပါတယ်။ NLD (အမေစု) ဆီကတဆင့်လှူ၇မယ်ဆို၇င် ကျွန်တော် ၁၀၀၀US$ ပါဝင်လှူဒါန်းချင်ပါတယ်။ နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပေမဲ့ ကျွန်တော်လိုလူတွေများလာ၇င် တိုင်းပြည်၇ဲ့ငွေချွေတာ နိုင်ပြီးသည့်ထက် တိုင်းပြည်အ တွက်တန်ဖိုး၇ှိမဲ့ အ၇ာတွေလုပ်နိုင်လိမ့် မယ်လို့ မျှော်လင့်လျှက်။
    အားလုံးကိုကျေးဇူးတင်လျှက်ပါ။
  1. Anonymous said... :
    သမ္မတကြီးခင်ဗျာ.. တရုတ်ပြည်က တရုတ်တွေကို အလျော့မပေးပါနဲ့ .. လျော်စရာရှိရင် ပြည်သူတွေကိုဖွင့်ပြောတိုင်ပင် သို့ မဟုတ် အမေစုနဲ့ တိုင်ပင်ပါ။ ကျွန်တော်တို့  တိုင်းပြည်အတွက် အခွန်ပိုပေးပါမယ်။ နိုင်ငံခြားမှာ ဆက်ပြီး အလုပ်လုပ်ရင် တိုင်းပြည်အတွက် ကျရာတာဝန်က ထမ်းရွက်ပါမယ်။ ပြည်သူချစ်သော အစိုးရကို မြင်ချင်ပါတယ်။ အားလုံးကို သင်ပုန်းချေပါတယ်။ မြန်မာနိုင်ငံသား တရုတ်ဖြစ်ပေမဲ့ မြန်မာပြည်မှာမွေး မြန်မာ့ရေကိုသောက်ပြီး မြန်မာပြည်အတွက် အသက်ကိုပါပေးရဲပါတယ်။ (မြန်မာတိုင်းရင်းသားအချင်းချင်းအတွက် မဟုတ်ပါ။ ကိုလိုနီနယ်ချဲ့ တရုတ်ကိုတိုက်ထုတ်ဖို့ အတွက်ပါ။).
  1. Anonymous said... :
    သိပ်ကောင်းတယ်ဗျာ၊တာကော တွေနဲ့အဆက်ဖြတ်လိုက်မှကျုပ်တို့တိုင်းရင်းသားတွေကိုယ်.နေရာကိုပြန်ရောက်ကြမှာ။
  1. Anonymous said... :
    တရုတ်ကအဲလောက်ထိနှိုက်ဝင်သွားပြီလားအိမ်ဦးနတ်တို့ရေ၊
    တော်သေးတယ်တရုတ်ထဲရှိလို့ နှစ်ရုတ်များရှိရင် တရုတ်နိုင်ငံ၊ မြန်မာပြည်နယ်လို့သုံးရလိမ့်မယ်ထင်တယ်၊
    ပြည်သူလူထုထဲကတောင်ထုတ်ဖို့မလိုပါဘူး၊ တို့မြေကြီးက သူ့ပြည်သူအတွက် သူ့သယံဇာတနဲ့ပဲ လျော်ရင်ရပြီ။
  1. Anonymous said... :
    ရော်ရလို့ နိုင်ငံတော်အတွက်အခတ်အခဲရှိမယ်ဆိုရင် မယ်ဆိုရင်ကျွန်တော်တို့ လည်း တတ်နိုင်သလောက်စိုက်ထုတ်ပေးပါမယ်
  1. အရင်အစိုးလက်ထက်က လုပ်ထားတဲ့အလုပ်ပါ လက်ရှိတရာဝင်အစိုးရလက်ထက်မှာ ပြည်သူ တင်မြှောက်တဲ့ ပြည်သူ့ အစိုးရလက်ထက်မှာ ပြည်သူကလက်မခံလို့ ဒီစီမံကိန်ကို လက်ရှိအစိုးရ ရပ်ဆိုင်းခွင့်ရှိသလို အပြီးအပိုင်ဖျက်သိမ်းခွင့်လဲ ရှိပါတယ်...လျှော်ကြေးပေးစရာလဲ မလိုသလို သူတို့ စီကတောင်ပြန်တောင်းရမှာပါ....တရားမဝင် (နအဖ) စစ်အစိုးရလက်ထက်က စီးပွါးရေးလာရောက်ရင်းနှီးမြှပ်နှံသည့် နိုင်ငံများနှင့် ကုမ္မဏီများကို နိုင်ငံရေးအရ ဒဏ်ခတ်ပိုင်ခွင့်ရှိသည်။ သံတမန်ဖြတ်တောက်ခြင်း၊ စီးပွါးရေးအရပိတ်ဆို့အရေးယူခြင်း၊ ကုမ္မဏီများအား တရားစွဲဆိုပြီးနိုင်ငံမှ မောင်းထုတ်ပစ်ပြီး လျှော်ကြေးများတောင်းခံခြင်း စသည်များကို ပြုလုပ်ပိုင်ခွင့်ရှိပါသည်။ မြန်မာစကားမှာ chinaလို့ အစကထဲက မခေါ်ခဲ့ပါဘူး တရုတ်လို့သာခေါ်အော်ခဲ့ကြပါတယ် အမှန်တကယ်ကောင်းရင် အစကထဲက (တရုတ်လို့ )မခေါ်ဝေါ်ဘဲ တကောင်းလို့ ခေါ်ဝေါ်ခဲ့ကြမှာပါ။
  1. စိန်စီသောည said... :
    ဟဲ. ကလေးတွေ စါးတဲ.ကောင်တွေမလျော်ခိုင်းပဲ ပြည်သူတွေကိုလာလျော်ခိုင်းနေရလဲ သူတို.နှစ်ပေါင်းများစွာ ခိုးထားတာတွေလျော်ခိုင်းလေ မလျော်နိုင်ရင် သိန်းစိန်/ရွေမန်း/တင်အောင်မြင်.ဦး သန်းရွေတို. ဂျိုကုတ် မိန်းမတွေ သမီးတွေကို တရုတ်ပြည်လွတ်လိုက် တရုတ်တွေ လုပ်ခြင်တာလုပ်ကြပါစေ စါးတော.---ငကျော်/ လျော်တော.ငကြီး /ထောင်ကျတော. ငပြဲကြီးမလုပ်ကြပါနဲ.မလျော်ရမနေနိုင်ဖူးဆိုလဲ ကိုယ်.ဘာသာစိုက်လျော်ကြပါ လူထုကိုတော. ဒုက္ခ ထပ်မပေးပါနဲ. သားတို.ရေ
  1. Ko Thura said... :
    Cheer, I will also share as much I can. We must show our unity. Thank
  1. Anonymous said... :
    The last comment @Sein si taw nya is right ,,
    Don't make people trouble again ,,
  1. Anonymous said... :
    တရုတ်နဲ့ ပါတ်သက်တဲ့အရာတွေလျှော်ရမယ်ဆိုရင် တောင်မှ ကိုယ်တို့ မြန်မာလူမျိုး တွေအားလုံး ဝိုင်စုပြီးစိုက်ထုတ် ပေးလိုက်ကြစို့  ဒို့ မြန်မာတွေစီးလုံးဘို့ အချိန်တန်ပါပြီ ကိုလိုနီလက် သစ် ကိုဝိုင်းပြီးချေမှုန်းကြပါစို့ ဧရာဝတီကို ချစ်တဲ့စိတ်မှ သည် တိုင်းပြည်နှင့် လူမျိုးကိုချစ်တဲ့စိတ်ဆီ သို့ ရှေ့ဆက်ကြစို့ 
  1. မြစ်ဆုံစီမံကိန်းကိုသမ္မတကြီး အမိန့်နဲ့ ရပ်ဆိုင်းလိုက်တဲ့အတွက် ၀မ်းသာမိပါတယ်။ ဒီစီမံကိန်းအတွက် လျှော်ဆိုလျှင်လဲ ကျွန်တော်တို့ နိုင်ငံသားတွေလျှော်ကြဖို့အဆင်သင့်ပါပဲ။ "သမ္မတကြီး နှင့် ဒေါ်အောင်ဆန်းစုကြည် တောင့်ထား လူထုရှိတယ်" လို့ပြောပါရစေ...ဒါပြင် သမ္မတကြီးကို မြစ်ဆုံကိစ္စဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေဗျာ
  1. Anonymous said... :
    ချိုတူး‌ဇော်‌ပေးတဲ့အကြံအရမ်း‌ကောင်းပါတယ်..
    လက်‌တွေ့အဲဒီအတိုင်းဖြစ်လာမယ်ဆိုရင်‌တော့..
    တရုတ်အစိုးရလဲ‌သောက်ရှက်ကွဲ..မြန်မာပြည်သူ
    လူထုနဲ့အစိုးရလဲတစိတ်တဝမ်းထြဲဖစ်..သား‌ရွှေအိုး
    ထမ်းလာတဲ့ကိန်းဘဲ‌ပေါ့...ဒါ‌ပေမဲ့...ဒါ‌ပေမဲ့..
    လူထုနဲ့အစိုးရကြားယြုံကည်မှုရှိ‌အောင်ဘယ်သူတာဝန်ယူ
    ‌ပေးနိုင်မလဲ...။
  1. Anonymous said... :
    ဟာ.....သိပ်ကို သဘောကောင်းပြနေကြပါလား? ဘာလို့ သတိမရကြတာလည်း သန်းရွှေ အပါအဝင် ဗိုလ်ချုပ်တွေ နဲ့ ပါတ်သက်တဲ့  သူတို့ မိသားစု ပိုင်ဆိုင်ထားတာတွေ-မက်ဇော်ဇော်-တေဇ........စသည် ဖြင့် အမြတ်ကြီးစား ဂုတ်သွေးစုပ် ပိုင်ဆိုင်ထားကြတဲ့ ငွေတွေနဲ့ လျှော် ခိုင်းဖို့  တစ်ယောက်မှ မပြောကြပါလား? maung ဆိုတဲ့ လူက ယူအစ် ၁၀၀၀ တောင်လှူမယ်ဆိုတော့ ယူအစ်က ဘဲထင်တယ်။ လိပ်စာလေးပြောပါလား အလည်လာချင်လို့ .ဟီးဟီးးးးးးးးး
  1. ကိုချိုတူးဇော်
    မြစ်ဆုံကိစ္စကဟုတ်ပါပြီ။
    ကျန်တဲ့စီမံကိန်းတွေကိုလည်းဆက်လက်သေချာ
    စဉ်းစားပေးစေချင်ပါတယ်။ ဥပမာ -
    လားရှိုး - မူဆယ် မီးရထားလမ်းကိစ္စ၊ ဒီလိုမျိုး
    စီမံကိန်းတွေကတော့ကျွန်တော်တို့နိုင်ငံအနေနဲ့
    အသုံးချစရာအကျိုးရှိစရာကျန်ခဲ့မယ့်ကိစ္စလို့မြင်မိပါတယ်။ အားလုံးကိုဝါးလုံးရှည်နဲ့သိမ်းကျုံးမပစ်ပဲ တခုချင်းစီသေချာစဉ်းစားတွက်ချက်ပြီးမှ ဆောင်ရွက်သင့်မယ်လို့မြင်ပါတယ်ခင်ဗျာ။ အပြုသဘောနဲ့ဝေဖန်အကြံပြုခြင်းသာဖြစ်ပါတယ်ခင်ဗျာ။
  1. Anonymous said... :
    ကြောင်သူတော် ပေါက်ဖေါ် တရုပ်ကို မြန်မာအစိုးရဖြတ်ရင်ြုဖတ်-ဒါမှမဟုတ်ရင် မြန်မာအစိုးရ ကိုပြည်သူက အပြတ် ဖြတ်ရလိမ်မယ်-တရုပ်တွေ လူပါးဝနေတာ အာဏာရူးအဆက်ဆက် မျက်နှာသာပေးခဲ့ကြလို့ဘဲ-ကြာရင် မြန်မာနိုင်ငံဟာ တရုပ်ပြည်နယ်တစ်ခုဖြစ်သွားလိမ့်မယ်။
  1. Anonymous said... :
    တရုတ်ကို တိုက်ရလို့ကတော့ စစ်ထဲဝင်ဖို့လဲ ကျနော်လည်း ဝင်မလေးဘူး ။ တရုတ်ကို ရော်ကျေး ပေးရလဲ ဂယု မဆိုက် ဘူး။ နှစ် ၂၀ လား ရတယ်ရော်မယ်။
    အေး လားရှိုး-မူဆယ် လမ်း တို့ကြိုင်းတုံ လမ်း တို့ မှာ အမေရိကန် F16,F15 တွေ ဆင်းလိုရအောင် လမ်း ပြင်မယ် လေယဉ်ကွင်း ပြင်မယ်။ ဒီမိုက်ရိုင်းတဲ့ တရုတ် နိုင်ငံ
    ကိုလက်စားချေမယ်။ ပထမဆုံး နိုင်ငံ တွင်းမှာ တရုတ် ကိုကန့်ကွက် ပွဲ တွေလုတ် ပို့လိုလာပီ။ ပြင်းပြင်းထန်ထန် လိုလာပီ။ သမ္မတ ကြီး ကို ထောက်ခံရမယ်။သမ္မတကြီးဖက်က ကျနော်တို့ ဝန်းရံ ပေးကြရလိမ့်မယ်။ ဒေါ်စု နှင့်တကွ ဘဘဦးတင်ဦး၊ဘဘ ဦးဝင်းတင် ၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တော့နဲ့ အမြန်ဆုံး တိုင်ပင်ပါ။
  1. Anonymous said... :
    သားစဉ်မြေးဆက်စားလို့မကုန်သောက်လို့မကုန်အောင်
    ကြံစည်ထားတဲ့သူတွေအတွက်တော့အတော်ကသိက
    အောက်တော့ဖြစ်သွားမှာပေါ့ .ဗုဒ္ဒဘာသာအနေနဲ့
    တရားအားထုတ်တာကောင်းပေမဲ့ဒီကိစ္စမှာတော့တရား
    အားထုတ်ရရင်မကောင်းပါဘူး...
  1. Anonymous said... :
    “ သမ္မတကြီး နှင့် တကွ . . . အစိုးရတောင့်ထား လူထု ရှိတယ်..” ........အရမ်းကောင်းမွန်တဲ့စကားစုလေးပါ။ အစိုးရနဲ့ပြည်သူအပြန်အလှန်ယုံကြည်မှုတိုးပွားလာနိုင်ပါစေ။
  1. Anonymous said... :
    သမ္မတကြီး နှင့် တကွ . . . အစိုးရတောင့်ထား လူထု ရှိတယ်
  1. Anonymous said... :
    တရုပ်နဲ့စာချုပ်ချုပထားတာ ၉၀း၁၀ တဲ့။
    ကိုယ့်ရဲ့သယံဇာတအရင်းအမြစ်ကိုလည်းပေးရသေးတယ်၊
    အကျိုးခံစားခွင့်ကျတော့လည်း ၉၀း၁၀ ဆိုတာဘယ်လိုမှအဓိပ္ပါယ်မရှိပါဘူး။
    ဒီကိစ္စမှာ၃၀%ခန့်သောအကျိုးခံစားခွင့်ကိုတစုံတဦးကဥပဒေမဲ့ခံစားထားတယ်။ဘယ်လိုရှင်းပေးမလဲ
  1. Anonymous said... :
    ပြည်သူတွေအတွက်..ကောင်းကျိုးလား...ဆိုးကျိုးလားဆိုတာ..ခွဲခြားမှုနဲ့အမှန်တရားကို..ဝေဖန်ပေးတတ်တဲ့သူဟာ.။ ပြည်သူ့အတွက်အားမာန်ပါဘဲ...ဒီကိစ္စနဲ့ပတ်သက်လို့.. ပြည့်သူတွေအတွက်မှန်ကန်မှု..ကောင်းစားမှု နဲ့မားမား မတ်မတ်ရပ်တည်ပေးတာကိုက...ပြည်သူ့အတွက် အားကိုးမှုယုံကြည်မှုကိုပိုရစေတာ..မှန်ကန်တဲ့ဆုံးဖြတ် ချက်လို့ထင်မြင်းယူဆမိပါတယ်....။
  1. Anonymous said... :
    we no need to pay anything to china .WE NO USE CHINA MADE THING,START FROM TODAY WE NO USE ANYTHING FROM CHINA MADE.OK?
  1. Anonymous said... :
    Thank you so much U Thein Sein what you decided for and listen from the people.China is using our country.They are pretending to help us but they aren't.They give us with a spoon and but you don't see they taking with truck.If they want to sue or refund talk to Than Shwe or take his daughters for refund.Because when he was leader of Burma he decided for it.
  1. Anonymous said... :
    တရုပ်နှင့်ပေါင်းလို့ဘာအကျိုး မှမရှိပါဘူး အားလုံးတရုပ်ကျွန်ဖြစ်ဘို့ပဲရှိတယ်။ အားလုံးရပ်ဖြစ်လိုက်ပါ ဘယ်သူ ခံနိုင်မလဲလို့။ နယ်စပ် မှာ လေယာဉ်ဆင်းလို့ရတဲ့ ကားလမ်းခပ်ကျယ်ကျယ် ဖောက်ပြလိုက်ပါ။ တရုပ်က လာပြီး အချို သွေးလိမ့်မယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved