ချင်းမိုင် ဘဏ်ဓားပြ ဗြိတိန်နိုင်ငံသား ဖြစ်နေ

Tuesday, October 11, 2011


ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ထဲက ဆိုင်ယမ် ကော်မာရှယ်ဘဏ် (SCB) ကို စက်တင်ဘာ ၅ ရက်နေ့က သေနတ်နဲ့ ၀င်ရောက် ဓားပြတိုက်တဲ့လူကို ထိုင်းအာဏာပိုင်တွေက မနေ့က ဖမ်းလိုက်ပါတယ်။

ဘဏ်ဓားပြက ထိုင်းမဟုတ်ဘဲ အသက် ၆၄ နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသား Wynn Michael Ludwig ဖြစ်ပြီး အရင်က ရဲဝန်ထမ်း လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေက သူတည်းခိုတဲ့အဆောင်မှာ ၀င်ဖမ်းခဲ့တာပါ။ ဘဏ်က ဓားပြတိုက်သွားတဲ့ ဘတ်ငွေ ၅၃၅၀၀၀ အထဲက ၄၀၇၀၀၀ ကိုတော့ အဲဒီ နိုင်ငံခြားသားက ပြန်ပေးခဲ့ပါတယ်။

စီစီတီဗီကင်မရာက ရိုက်ထားတဲ့ ပုံနဲ့အတူ ခြေရာခံလိုက်ဖမ်းနေရာကနေ မိသွားတာပါ။

သတင်းစာရှင်းလင်းပွဲမှာ အဲဒီ နိုင်ငံခြားသားတရားခံကိုတော့ ခေါ်မလာခဲ့ပါဘူး။ ဒီနိုင်ငံခြားသားက စွန်ဒေါက် ဆေးရုံမှာ ကင်ဆာရောဂါ ကုသမှုခံယူနေတဲ့ သူဖြစ်တယ်၊ ချင်းမိုင်မှာ နေထိုင်နေတာ ၂ နှစ်လောက် ရှိတဲ့အကြောင်း ထိုင်း အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီး ချင်းမိုင်မှာရှိတဲ့ နိုင်ငံခြားသား တချို့ကိုလည်း စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ တချို့ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံမှာ စာသောက်ဆိုင်တွေ ဘန်းပြဖွင့်ထားပြီး နောက်ကွယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုတွေ ရှိနေကြတယ်လို့ ပြောပါတယ်။

Ref: Manager Online






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved