ချင်းမိုင်က သီးညီနောင်ပွဲ

Monday, October 31, 2011





ဓာတ်ပုံ - ကိုစိုး
“တို့အားလုံးရဲ့ ဧရာဝတီ” ခေါင်းစည်းနဲ့ကတဲ့ ချင်းမိုင်က သီးညီနောင်ပွဲကို ချင်းမိုင်မြို့ Art Museum မှာ အောက်တိုဘာ ၃၀ ရက်နေ့ညက ကပြဖျော်ဖြေခဲ့ပါတယ်။ ချင်းမိုင်ပရိသတ်က ခန်းလုံးပြည့်အားပေးတာ တွေ့ရပါတယ်။ ကြယ်သီး၊ ပန်းသီး သီးနှစ်သီးတည်း ဆိုပေမယ့် ပြက်လုံးတွေ ဝေဝေဆာဆာ ထုတ်သွားတာ တွေ့ရပါတယ်။ မင်းသမီး ရွှေရည်နဲ့ မြစံပယ်ငုံတို့ရဲ့ အကတွေလည်း တော်တော်လှပါတယ်။ အထူးသဖြင့်တော့ မင်းသမီးတွေရဲ့ အကကို ခွပ်ဒေါင်းကဟန် သရုပ်ဖော် သွားတာလေးက အမြင်ဆန်းနေပါတယ်။ အဖွင့် အပျိုတော်အကနဲ့ တွဲဖက်ပြီး ရုပ်သေး၊ ရှမ်းအမျိုးသမီးတဦးရဲ့ ကိန္နရာ အက၊ အဆုံးသတ်တင်ဆက်မှုဖြစ်တဲ့ ဧရာဝတီမြစ်အကြောင်း သီချင်းနဲ့ သရုပ်ဖော် ကကွက်တွေကလည်း ပရိသတ်ကို တော်တော်လေး ဖမ်းစားပါတယ်။

2 comments :

  1. Anonymous said... :

    ပွဲက ကောင်းမကောင်းတော့ မသိဘူး၊ ဓာတ်ပုံဆရာရဲ့ ရိုက်ချက်တွေကတော့ လန်နေတာပဲ၊ လန်းအောင်ရိုက်နိုင်အောင်လည်း ဓာတ်ပုံဆရာကြီး အောက်ကနေ အပီရှိုးနေတယ် ထင်တယ်

  1. saisai said... :

    ပြည့်ပြည့်လေး....မနေ့ညက အဲဒီပွဲရှာလိုက်ရတာဗျာ
    ဖတ်ဖတ်ကိုမော မိုးကလည်းရွာ ရှာလို့ကိုမတွေ့လို့
    ပြန်လာလိုက်ရတယ် နောက်တစ်ခါပွဲရှိရင် ဆိုင်းဘုတ်လေးဘာလေးထောင်ထားပါအုံးဗျာ
    ကြည့်ချင်လွန်းလို့ အဝေးကြီးကနေလာလိုက်ရတာပါ
    ကြည့်ကိုမကြည့်ရဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved