ကိုဇေယျကြီးအတွက် ကဗျာညခင်း

Wednesday, October 19, 2011

စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သားကြီး ကိုဇေယျအတွက် ပြုလုပ်မယ့်အစီအစဉ် လက်ကမ်းကြော်ငြာ

လာမယ့် သောကြာနေ့ ည ၉း၀၀ ချင်းမိုင် (ဇင်းမယ်)မြို့ ကျုံးထဲက Chiang Mai Writers Club & Wine Bar မှာ လုပ်မယ့် အစီအစဉ်ကို Poetry night for Burma's silenced poets လို့ အမည်ပေးထားပါတယ်။

အထိန်းသိမ်းခံနေရတဲ့ ကိုဇေယျ လွတ်မြောက်ရေး လှုံ့ဆော်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

ဗီဒီယိုဂျာနယ်လစ် (VJ) တယောက်ဖြစ်တဲ့ ကိုဇေယျကြီးအတွက် Free Burma VJ အဖွဲ့က စီစဉ်တာပါ။

အထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာကဗျာဆရာတို့ရဲ့ လက်ရာတွေအပါအ၀င် ကဗျာအများအပြား ရွတ်ဆိုကြမယ်လို့ သိရပါတယ်။ အစီအစဉ်တက်ရောက်မယ့်သူတွေလည်း ကဗျာရျွတ်ဆိုနိုင်ပါတယ် တဲ့။

ကိုဇေယျ အထိန်းသိမ်းခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ လှုံ့ဆော်တဲ့ မှတ်တမ်းရုပ်သံကိုလည်း ပြသမှာပါ။

ကဗျာရေးတဲ့၊ ရုပ်သံရိုက်ကူးတဲ့ ကိုဇေယျ အထိန်းသိမ်းခံထားရတာ တနှစ်ကျော်ပါပြီ။ ထောင် ၁၃ နှစ် ကျနေပါတယ်။ သူ့သားတော်မောင် စည်သူဇေယျ လည်း ထောင်ထဲမှာပါပဲ။ ၁၈ နှစ် ကျနေပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာ ကိုဇေယျအတွက် ကဗျာညနေခင်း ပြုလုပ်ရတဲ့အကြောင်းရင်းက အဲဒီနေ့ဟာ သူအဖမ်းခံရတာ ရက်ပေါင်း ၅၅၅ ရက် ပြည့်မြောက်တဲ့နေ့ ဖြစ်လို့ပါပဲ တဲ့။

အဲဒီနေ့ လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာလည်း ကိုဇေယျလွတ်မြောက်ရေး ကဗျာရွတ်ဆို လှုံ့ဆော်မှုအစီအစဉ်တွေ ရှိပါတယ်။ ဇော်သက်ထွေး၊ နေဘုန်းလတ်၊ မင်းကိုနိုင်၊ ဒေါင်းမာန်ကဗျာစာအုပ်ထုတ်ဝေမှုနဲ့ အထိန်းသိမ်းခံနေရသူတွေကို ချက်ချင်း လွှတ်ပေးဖို့လည်း တောင်းဆိုကြမှာ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved