အမေရိကန် အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြော့ ခရီးစဉ်

Monday, October 24, 2011

မစ္စတာ ဒဲရက် မစ်ချယ် (ဓာတ်ပုံ - AP)


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်ဟာ သူရဲ့ ဒုတိယအကြိမ် ခရီးစဉ်အဖြစ် ဒီကနေ့ ရန်ကုန်ကို ရောက်ရှိလာပါတယ်။ အရင်တခေါက် လာလည်ပြီး ၂ လမပြည့်မီ နောက်တခေါက် ရုတ်တရက် ထပ်ရောက်လာတာ ဖြစ်ပါတယ်။

မစ္စတာဒဲရက်မစ်ချယ်ဟာ မြန်မာနိုင်ငံမှာ နှစ်ရက်ကြာ နေမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အစိုးရအရာရှိများ၊ လူမှုအဖွဲ့အစည်းများနဲ့ တွေ့ဆုံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်းကတော့ မစ္စတာ မစ်ချယ်က မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတာဟာ ပွင့်လင်းလာမှုကို ပြသလာတာအဖြစ် ရှုမြင်ကြောင်း အရင် စစ်အစိုးရလက်ထက်ကနဲ့ ယှဉ်ပြီး ပြောဆိုဖူးပါတယ်။

“သံတမန် မစ္စတာ မစ်ချယ်ဟာ မြန်မာနိုင်ငံကို မကြာခဏ သွားရောက်ပြီး မြန်မာအစိုးရ၊ တခြား တာဝန်ရှိသူများနဲ့ ဆွေးနွေးခြင်း အပါဝင် ညှိနှိုင်းဆွေးနွေးရေးတွေကို ဆက်လက် အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်” လို့ အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မကြာသေးမီကလည်း ကိုဇာဂနာက ကလင်တန် ဖောင်ဒေးရှင်းရဲ့ ဖိတ်ခေါ်မှုနဲ့ အမေရိကန်ကို သွားရောက်လည်ပတ်မယ် လို့ ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဇာဂနာက သွားရောက်တွေ့ဆုံပြီးနောက် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အကောင်းသဘောမြင်ကြောင်း ပြောဆိုသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွတ်မြောက်ရေး အားလုံးက ထပ်မံ မျှော်လင့်နေချိန်မှာ မြန်မာနိုင်ငံရေးနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးတွေမှာလည်း လှုပ်ရှားမှုတွေကို မြင်နေရပါကြောင်း ...။

Ref: Huffington Post






4 comments :

  1. Anonymous said... :

    အမေရိကန်ကဘာလဲ ပိတ်ဆို့မှုကိုလည်းထားမယ်၊ ထိတွေ့မှုကိုလည်းလုပ်မယ်ဆိုတော့၊ ရိုးရိုးလေးတွေးကြည့် သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဘယ်ဟုတ်ပါတော့မလဲ၊ အဲဒီတော့ရှင်းနေတာဘဲ၊ မြန်မာတွေကိုယ့်ဟာကိုယ် အင်အားကြီးအောင်လုပ်။ ရိုးသားကြိုးစားလုပ်အားဖြင့်နိုင်ငံတည်ဆိုသလို အချင်းချင်း ညီညီညွတ်ညွတ်နဲ့ လုပ်ကြဖို့လိုအပ်နေပါပြီ။ အမေရိကန်မရှိပေမဲ့လည်း စီးပွားရေး၊ စစ်ရေး တို့ကိုအင်အားကြီးအောင်လုပ်ယူလို့ ရပါတယ်။

  1. Anonymous said... :

    အမေရိကန် အလကားပါကွာ၊၊ အခု မြန်မာနိုင်ငံ ရေဘေးကြုံနေတာ ဘာအကူညီ ရလို့လဲ...

  1. Anonymous said... :

    ">.....အမေရိကန် အလကားပါကွာ၊၊ အခု မြန်မာနိုင်ငံ ရေဘေးကြုံနေတာ ဘာအကူညီ ရလို့လဲ...>>>

    တရုတ်ကိုအကူညီတောင်းပါလား တရုတ်ကဘာကူညီလို့ လဲ စားစရာရှိတော့ တိုင်းပြည်ထက်ဝက်လောက် ဖဲ့စားထားပြီး သောက်တရုတ်ပုတ်တွေ ဘာမှမကူညီဖူး

  1. Anonymous said... :

    အမေရီကန် အလကား ဆိုရင် မင်းတို့ ဘဘကြီး သန်းရွှေ က ကြက်ပြေးမှာ မြို့ သွားမတည်ဘူး ကိုယ့်လူ။ အလကား ဟုတ်မဟုတ် မင်းတို့  ပါပါကြီးတွေ ကို မေးကြည့်လိုက်လေ။ စီးပွားရေး ပိတ်ဆို့ မှု့ ကို ရပ်တန့် ဖို့  ရုတ်သိမ်းဖို့ အမေရီကန် ခြေသလုံးဖက်ပြီး တောင်းပန်နေရတယ်။ ဘာကြာင့်လဲ သိလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved