ရာဇသင်္ကြန်အမတ်ကြီး နှင့် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး

Tuesday, October 4, 2011


(ကိုလှရွှေ၏ ဖေ့စ်ဘုတ်မှ ကူးယူပါသည်။ စာရေးသူလှရွှေသည် ရန်ကုန်တက္ကသိုလ်တွင် ခေတ်ဟောင်းသမိုင်းကိုလေ့လာခဲ့သည်။ ၁၉၉၆ ခုနှစ်ကျောင်းသားလှုပ်ရှား မှုတွင်ပါဝင်မှုကြောင့် စစ်အစိုးရ၏ ထိမ်းသိမ်းမှုကိုခံခဲ့ရသည်။ နယ်စပ်ဒေသတွင် ရခိုင်သတင်းစဉ် အယ်ဒီတာ၊ ရခိုင်ပြည်အမျိုးသားကောင်စီ နိုင်ငံခြားရေးကော်မတီအဖွဲ့င်၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ကောင်စီရုံးတွင် လက်ထောက်ဒါရိုက်တာ အဖြစ်တာဝန်ထမ်း ဆောင်ခဲ့သည်။ သမိုင်းနှင့်နိုင်ငံရေးသိပ္ပံဘာသာရပ်ကို CDC တွင်တာဝန်ယူသင်ကြားလျက်ရှိသည်။)

ဒီရက်ပိုင်းအတွင်းတက်လာတဲ့ မြန်မာနှင့်တရုတ် သတင်းတွေကိုကြည့်ပြီး ကျနော်တို့ငယ် ငယ်ကသင်ခဲ့ရတဲ့ ပုဂံ ရာဇ၀င်ထဲက ရာဇသင်္ကြန်အမတ်ကြီးရဲ့ သံတမန်ပရိယာယ် ကျွှမ်းကျင်ပုံ ကိုသတိရမိပါတယ်။ ကူဗလန်ခမ် ရဲ့တပ်တွေ ပုဂံကို ကျူးကျော်လာတော့ရာဇသင်္ကြန်အမတ် ကြီးဟာ ခမ်မင်းကြီးဆီကို သံတမန်တဦး အနေနှင့်(၁၂၈၆) သွားရောက် ခဲ့တယ် လို့သမိုင်း အထူး ပြုကျောက်စာမှာ သင်ခဲ့ရတယ်။ ကူဗလန်ခမ် နှင့်တွေ့တော့ “ အရှင်မင်းကြီး ရဲ့တိုင်း ပြည်က ကြီးမားလှပါတယ်၊ စစ်သည်အင်အားလည်း သိန်းနှင့်ချီ ရှိနေပါတယ်၊ ကျွှန်တော် မျိုးတို့၏ ပုဂံ မှာကား သဲကန္တရ ထဲမှာ တည်နေသော တိုင်းပြည်ငယ်ဖြစ်သည်၊ အရှင်မင်းကြီး၏ စစ်သည် တော်တို့ ပုဂံသို့ချီတက်မည် ဆိုပါက စားစရာမရှိ သော နယ်မြေ၊ ထန်းပင်အတိ သာရှိသော နယ်မြေ ကိုဖြတ်သန်းရမည်၊ ထန်းသီး ပေသီးများ ကိုစားသုံးရပါက ၀မ်းကိုက်ရော ဂါဖြစ်ပွား လျက် သေကြေပျက်စီးမှုအများကြီးဖြစ်ပေါ်လိမ့်မည်၊ အရှင်မင်းကြီး၏ အကျိုးကိုလို သော ငှာလျောက်တင်သောစကားဖြစ်ပါသည်” လို့လျောက်တင်လိုက်တော့ ခန်မင်းကြီးဟာ သူ့တပ် သား တွေကို ဆုတ်ခွာဖို့အမိန့်ပေးခဲ့တယ်လို့ သမိုင်းမှာလေ့လာခဲ့ဖူးပါတယ်။

လက်ရှိ မြန်မာနှင့်တရုတ်ဖြစ်နေတဲ့ အကျိုးစီးပွားမဟာဗျူဟာနှင့်တော့ ရာဇသင်္ကြန်ရဲ့ သံတမန် ပရိယယ်က ကိုက်ညီမှုရှိမှာမဟုတ် ပါဘူး။ အေဒီ(၁၃)ရာစု ကျူးကျော်တုန်းက ပုဂံကိုလက် အောက်ခံနိုင်ငံအဖြစ် ပဏာဆက်သဖို့တောင်းဆိုရာက ပုဂံမင်း(နရသီဟပတေ့)ကလက်မခတဲ့ အတွက် မွန်ဂို တပ်တွေကျူးကျော်လာတာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ပြသနာမှာရာဇသ င်္ကြန်အမတ်ကြီးပြောသလိုမျိုးနှင့်ပြေလည်သွားမှာမဟုတ်ပါဘူး။

သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံရေကာတာစီမံကိန်း ကိုသူ့ရဲ့အစိုးရလက်ထက်မှ ရပ်တန့်ထားမယ် လို့ စက်တင်ဘာ (၃၀) ရက်နေ့မှာကြေငြာခဲ့ပါတယ်။ ကြေငြာချက်နှင့်အတူတွေ့ရတာကတော့ မြန်မာ ပြည်သူတွေရဲ့ ချီးးကျုးထောပနာ ပြုတဲ့အသံနှင့် ဆန့်ကျင်ဘက်အသံကတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ပြောခွင့်ရပုဂ္ဂိုလ် (Hong Lei) သက်ဆိုင်တဲ့ နိုင်ငံအနေဖြင့် တရုတ် ကုမ္ပဏီတွေရဲ့အကျိုးစီးပွား တွေကို အာမခံပေးရမယ်လို့ပြောဆိုလိုက်ပါတယ်။ ဒီလိုပြောဆိုတဲ့ အထဲမှာ တရုတ်နိုင်ငံဘက်က ဘယ်အနေအထားထိ ပြောနေသလဲဆိုတာ ဝေဖန်ပိုင်းခြားသုံး သတ်ဖို့လိုအပ်နေပါတယ်။

တရုတ်နိုင်ငံဟာအထီးကျန်ဖြစ်နေတဲ့ စစ်အစိုးရနဲ့ (၁၉၉၀) ကျော်မှာပေါင်းဖက်မိလာကြတယ်။ တရုတ်နိုင်ငံရဲ့စီးပွားရေးဟာလည်းနှစ်နှစ်ဆယ်အတွင်း တဟုန်ထိုးတက်လာခဲ့ပါတယ်။ကမ္ဘာ့စီး ပွားရေးရဲ့နံပါတ်(၂)နေရာကိုရောက်လာခဲ့တယ်။ စီးပွားရေးတိုးတက်မှုနှင်အတူစွမ်းအင်လိုအပ် ချက်ကလည်းကြီးမာလာခဲ့ပါတယ်။ ဒီနေ့တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကမီဂါဝတ် (၁,၀၀၀,၀၀၀) တစ်သန်းရှိပါတယ်။ဒီနေ့မြန်မာနိုင်ငံ မှာ မီဂါဝတ် (၃၅၀၀) ဘဲရှိပါသေးတယ်။

တရုတ်နိုင်ငံရဲ့အနောက်တောင်ပြည်နယ်တွေမှာ ကုန်ခန်းသွားပြီဖြစ်တဲ့ ကျောက်မီးသွေးတွင်း တွေနေရာမှာအစားထိုးမယ့် စီမံကိန်းတွေကတော့ မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်တွင်းရှိ မြစ်ချောင်းတွေကို ဆည်အဖြစ်ပြောင်းလဲရေးဘဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံက လိုချင်တဲ့စွမ်းအင် ပမာဏကရေအား လျပ်စစ်တခုတည်းကနေ မီဂါဝတ် (၂၀,၀၀၀) ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ပမာဏရဲ့ (၆) ဆလောက်ရှိ ပါတယ်။ လက်ရှိအ နေအထားအရလည်း မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်တွေ ပျက်စီးနေတဲ့နိုင်ငံစာရင်း ထဲမှာ ပါနေပြီ။ တရုတ်လိုချင်တဲ့ရေအားလျပ်စစ်က မီဂါဝတ် (၂၀,၀၀၀) နှစ်သောင်းဖြစ် ပါတယ်(တရားဝင်ကြေငြာချက်)။ အမှန်တကယ် တရုတ်အစိုးရမြန်မာနိုင်ငံအတွင်း ရေအား လျပ်စစ်စီမံ ကိန်းပေါင်းမြောက်မြားစွာမှာ ရင်းနှီုးမြှုတ်နှုံဖို့်အတွက်သဘောတူ လက်မှတ်ရေးထိုး ထားပါတယ်။ အဲဒီသဘောတူညီချက်အရတရုတ်အစိုး ရလိုချင်တဲ့ပမာဏက မီဂါဝတ် (၄၀,၀၀၀) လေးသောင်း လောက်ဖြစ်နေပါတယ်။

မီဂါဝတ် (၂၀,၀၀၀) ဆိုတာ လက်ရှိထိုင်းနိုင်ငံမှာသုံးနေတဲ့လျပ်စစ်စွမ်းအားနှင့် မတိမ်းမယိမ်း ဘဲရှိပါတယ်။ ထိုင်းနိုင်ငံရဲ့လျပ်စစ်စွမ်းအင် သုံးစွဲမှုက (၂၀၁၀) ခုနှစ်မှာ မီဂါဝတ် (၂၄၀၀၀) ဘဲရှိပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေအကောင်အထည် ဖေါ်မယ့်ရေအားလျပ်စစ် စီမံကိန်း အားလုံးကိုပေါင်းလိုက်ရင် မီဂါဝတ် (၄၀၀၀၀) လေးသောင်းလောက် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံလိုစက်မှု ဖွဲ့ဖြိုးနေဆဲနိုင်ငံနှစ်ခုလောက် သုံးစွဲလို့ရတဲ့ လျပ်စစ်ပမာဏ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီတွေ ဧရာဝတီမြစ်ညာပိုင်းမှာတည်ဆောက်မယ့် ဆည် (၇) ခုရှိပါတယ်။ အဲဒီစီမံ ကိန်းအတွက် ကုန်ကျမယ့် ငွေစုစုပေါင်းက အမေရိကန်ဒေါ်လာ (၂၀) ဘီလီကျော်ရှိတယ်လို့ တရုတ်အစိုးရ ရဲ့ဝါဒဖြန့်ချီရေး အင်တာနက်စာမျက်နှာ www.uachn.com မှာတင်ထား တယ်။ မြစ်ဆုံဆည် ဆိုတာ အဲဒီ (ရ) ခုထဲကတခု။ (၁) မြစ်ဆုံဆည် (၂) ချီဗွေဆည် (၃) ပါရှီဆည် (၄) လာကင်ဆည် (၅) ဖိဖောဆည် (၆) ကောင်းလန်းဖူးဆည် (၇) လိုင်ဇာဆည်တို့ဖြစ်ပါ တယ်။ မြန်မာအစိုးရ ရဲ့လျပ်တပြတ် ဆုံးဖြတ်မှု အပေါ် တရုတ်အစိုးရ တော်တော် လည်း စိုးရိမ် သွားပုံရပါတယ်။ အဲဒါကြောင့် ဦးသိန်းစိန် အစိုးရနှင့်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်တာပါ။

တရုတ်ရင်းနှီုးမြှုတ်နှုံမှုတွေကိုကြည့်ရင် မူဆယ်-ကျောက်ဖြူရထားလမ်းအတွက် အမေရိကန် ဒေါ်လာ(၂၀)ဘီလီယံ၊ ဧရာဝတီမြစ်ညာပိုင်းဆည်(၇)ခုအတွက်အမေရိကန်ဒေါ်လာ(၂၀) ဘီလီယံ၊ ရေနက်ဆိပ်ကမ်း၊ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ခြားသော သံလွင်မြစ်အ တွင်းမှာ ဆည်(၆)ခု၊ မြန်မာနိုင်ငံ တ၀ှမ်းဆည်ပေါင်း (၉) ခုတည်ဆောက်ဖို့ စ်ခေါင်းဆောင်တွေနှင့်လက် မှတ်ရေး ထိုးထားပါပြီ။ စုစုပေါင်းရင်းနှီုးမြှုတ်နှုံမှုဟာ ဒေါ်လာ(၁၀၀) ဘီလီယံအထိရောက်သွား နိုင်ပါတယ်။ ဒီလောက်ရင်းနှီုးမြှုတ်နှုံမှုကို ကြည့်ရင်တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထား တဲ့စွမ်းအင်ဆိုင်ရာ မဟာဗျူဟာကို ခန့်မှန်းလို့ရနိုင်ပါတယ်။

အမေရိကန်နိုင်ငံထုတ် (Foreign Policy) မဂ္ဂဇင်းမှာ အနာဂါတ်ကာလမှာဖြစ်ပေါ်လာမယ့် စစ်ပွဲတွေဟာတောင်တရုတ်ပင်လယ်မှာဖြစ်မယ်လို့ဟော ကိန်းထုတ်ထားတာကို ကြည့်ရင် တရုတ်အနေနဲ့မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားမဟာဗျူဟာ ကျမှုကိုလွန်ခဲ့တဲ့ (၇)နှစ်လောက် ကတည်းက မျက်စိကျနေပုံရပါတယ်။ ဒါကြောင့်တရုတ်ကုမ္ပဏီ (၂၄)ခုဟာ ရေအားလျပ်စစ်နှင့် စွမ်းအင်လုပ်ငန်းတွေမှာ ဘီလီယံရာချီပြီးမြှုတ်နှုံနေကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေ နှင့်မြန်မာ့ပိုင်နက်ထဲမှာ ဘာကြောင့်ရင်းနှီုးမြှုတ်နှုံမှုအကြီးဆုံးလုပ်နေရသလဲဆိုတဲ့အချက်က မြန်မာပြည် သူတွေအတွက် မေးခွန်းတခုဖြစ်လာပါတယ်။

ဒီမေးခွန်းရဲ့အဖြေကို ဦးသိန်းစိန်အစိုးရကကော အဖြေပေးနိုင်ပါ့မလား။ လက်ရှိဦးသိန်းစိန်အစိုး ရရဲ့ဆုံးဖြတ်ချက် ကိုအသိအမှတ်ပြုသင့်ပါတယ်။ ဒါပေမဲ့ (၂၀၁၀) မတိုင်မီက လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေတဲ့ နောက်စီမံကိန်းကိုကော ဘယ်လို ကိုင်တွက်ဖြေရှင်းမလဲဆိုတဲ့အချက်က ပြည်သူတွေအတွက် မြစ်ဆုံစီမံကိန်းလိုစိတ်ဝင်စားမှုရှိ မှာပါ။ အဲဒီလို စိုးရိမ်မှုနှင့်အတူအာရှ နဂါးနှင့်ပတ်သတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက် တွေလည်းရှိနေပါတယ်။


တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ မကြာခင်မှာ အမေရိကန်ရဲ့ စီးပွားရေးကို ကျော်တက်နိုင်တယ်ဆိုတဲ့ ဟောကိန်းထုတ်မှုတွေရှိနေပါတယ်။ တရုတ်ရဲ့စက်မှုတိုးမှုမှာ မြန်မာနိုင်ငံကို ကြားခံနိုင်ငံအဖြစ် သုံးပြီး စွမ်းအင်လုံခြုံမှုကို ထိမ်းထားမယ်ဆိုရင် တရုတ်ရဲ့တိုးတက်မှုကမြန်မာနိုင်ငံ အကျိုးခံစား ခွင့်တွေရှိနိုင်ပါတယ်။ ဘယ်လောက်ထိမကြိုက်သည်ဖြစ်စေ ပထ၀ီအနေအထားက တရုတ်နိုင်ငံနှင့်ကင်းကွာလို့ မဖြစ်နိုင်ဘူးဆိုတာကို သိထားသင့်ပါတယ်။ ပထ၀ီအနေ အထားနှင့်ကမ္ဘာ့ သမိုင်းရဲ့ပြောင်းလဲမှု ဖြစ်စဉ်ကို ကျနော်တို့ကျော်လွန်၍မရနိုင်ပါ။ (၁၉)ရာစုမှာ ဥရောပ တိုက်သားတွေရဲ့ရွှေရောင်လွှမ်းခဲ့တယ်၊ (၂၀)ရာစုမှာ အမေရိကန်ကရွှေရောင်လွှမ်းခဲ့ တယ်။ (၂၁) ရာစုမှာ တရုတ်ကကမ္ဘာ့နံပါတ် (၁)နေရာကိုယူလာနိုင်တဲ့ အချက်ကိုမြန်မာခေါင်းဆောင် တွေစဉ်းစားထားသင့်တယ်။

နိဂုံးအနေနှင့်တင်ပြရရင်တော့ ကျနော်တို့နိုင်ငံဟာ စီးပွားရေးနှင့် မဟာလူဦးရေပေါက်ကွဲမှု ဖြစ်နေတဲ့ နိုင်ငံ နှစ်ခုကြားညှပ်နေလေတော့ နိုင်ငံရဲ့အချုပ်အချာအာဏာပိုင်မှုကို (၁၃) ရာစုခေတ် ပုဂံရာဇ၀င်ထဲကရာဇသင်္ကြန်အမတ်ကြီးလို သံတမန်ပရိယာယ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် များကသာထိမ်းသိမ်းနိုင်လိမ့်မယ်လို့ယူဆမိပါ တယ်။

Sources;

1. China calls for talks over shelved Myanmar dam (Reuters)
2. Political Events in the late 13th century, immediate causes (Origins of modern Burma)
3. www. burmariversnetwork.org
4. Upstream Ayeyawady Hydropower Projects Can Promote the Transformation of Myanmar’s Resources Advantage into Its Economic Advantage and Accelerate the Development of Its National Economy

လေးစားစွာဖြင့်

လှရွှေ



10 comments :

  1. Anonymous said... :

    [quote]တရုတ်ရဲ့စက်မှုတိုးမှုမှာ မြန်မာနိုင်ငံကို ကြားခံနိုင်ငံအဖြစ် သုံးပြီး စွမ်းအင်လုံခြုံမှုကို ထိမ်းထားမယ်ဆိုရင် တရုတ်ရဲ့တိုးတက်မှုကမြန်မာနိုင်ငံ အကျိုးခံစား ခွင့်တွေရှိနိုင်ပါတယ်။ [/quote]

    No, we don't need them. We are fine without China. All Chinese businesses and Chinese illegals in Myanmar must go.

    We Say No To China

  1. Anonymous said... :

    My Hero Mr.President...
    သမ္မတကြီး ကို ဝန်း ရန် ကြ... ခေတ်သစ် ရာ ဇ သင်္ကြန် အ မတ် များ က အများ ကြီး ပို တော် တယ် လို့  ယုံ ကြည် ပါ တယ်။

  1. THILAWA said... :

    ပုဂံခေတ်က မွန်ဂိုကျူးကျော်စစ်မှာ ခန်မင်းကြီးနဲ့ တွေ့ ဆုံခဲ့တဲ သံတမန်ဟာ ရာဇသင်္ကြန် အမတ်ကြီး မဟုတ်ပါဘူး။ ရဟန်းတော်တပါးဖြစ်တဲ့ ရှင်ဒိသာပါမောက်ဖြစ်ပါတယ်။
    ဦးကျည်ပွေ့ လို့ လဲ လူသိများပါတယ်။
    ခေါင်းစဉ်တပ်ထားတဲ့  သမိုင်းကြောင်းက ပါစင်အောင် လွဲနေလို့ နှောင်လူတွေ အမှတ်မမှားစေချင်တဲ့ စေတနာနဲ့  ရေးလိုက်ရတာပါ။ reference လုပ်ဖို့ စာအုပ်တွေ အဆင်သင့်ရှိမနေလို့ 
    စာလုံးပေါင်းကအစ ချွတ်ချော်မှာ အလွန်ပဲ စိုးရိန်မိပါတယ်။

    မွန်ဂိုတွေ ပုဂံကို ကျူးကျော်တဲ့ အချိန်မှာ ရာဇသင်္ကြန် ဟာလူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါပြီ။ သူရဲ့နောက်ဆုံးအချိန်တွေမှာတော့ ဒလမြိုကလေးမှာပဲ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်သွားခဲ့ပါတယ်။
    သူကွယ်လွန်တော့ သူ့ ရဲ့ ဘွဲ့ အမည်ကို အတွက် သူရဲ့သားနှစ်ယောက်ဖြစ်တဲ့ အုတ်လှကြီးနဲ့ အုတ်လှငယ်တို အပြိုင်အဆိုင် ဖြစ်ကြပါတယ်။
    အရည်အချင်း ရှိသူတွေချည်းမို့ ဘုရင်က ရာဇသင်္ကြန်ဆိုတဲ့ ဘွဲ့ ကို ဘယ်သူ့ ကိုမှ မပေးပဲ အနန္တကစ္စည်နဲ့ ရန္တကစ္စည်းဆိုတဲ့ ဘွဲ့ တွေ အသီးသီးပေးခဲ့ပါတယ်။
    မွန်ဂိုကျူးကျော်စစ်ကို ဦးဆောင်တိုက်ခဲ့တာ သူတို့ နှစ်ယောက်ပါ။ ဆိုလိုချင်တာက ရာဇသင်္ကြန် အမတ်ကြီရော ရာဇသင်္ကြန်ဆိုတဲ့ ဘွဲ့ အမည်ရော မွန်ဂိုကျူးကျော်စစ် ဖြစ်တဲ့
    အချိန်မှာ မရှိတော့ပါဘူး။

    လူထုကို မျက်စိဖွင့်ပေးဖို့ တာဝန်ရှိတဲ့ စာရေးသူတွေရော အယ်ဒီတာတွေပါ သတိရှိကြစေချင်ပါတယ်။ on line မဂ္ဂဇင်းဆိုပြီးတော့ ပေါ့ပေါ့မလုပ်စေချင်ပါဘူး ကျွန်တော်တို့ က ဒါကိုပဲ
    အဓိကထားပြီး ဖတ်နေကြတာပါ။

    သီလဝ

  1. Anonymous said... :

    ကျွန်တော်တို့အနေနဲ့ လူလိမ်မာတွေ လိုအပ်ပါတယ် အင်အားကြီးနှစ်နိုင်ငံကြားမှာ ရပ်တည်ပြီးတော့ အများကြီး အကျိုးအမြတ် ထုတ်စရာ အများကြီးရှိတယ် လို့ မြင်တယ် ပထ၀ီအနေအထားနဲ့လည်း မဟာဗျူဟာကျပါတယ် လို့မြင်တယ် လူကောင်းရှိရင် အုပ်ချူပ်သူကောင်း မူကောင်းရင် အရှေ့တောင်အာရှ မှာ ထိပ် ကနေ ပြန် ယူနိုင်ပါတယ် ရွှေခေတ်ကို ပြန်ရောက်နိုင်ပါတယ်လို့ မြင်ပါတယ်

  1. SMH said... :

    I feel that China is selfish. We should not make mistake again by regarding China as a reliable friend, or a good neighbour. I'm afraid developing China may bring danger rather than benefit to our country.

  1. Anonymous said... :

    သမိုင်းကြောင်းကို သေချာပြန်ကြည့်ရင် မွန်ဂိုဆိုတာ တရုတ်မဟုတ်ပါဘူး။ တရုတ်ပြည်ကအဲဒီတုန်းက မွန်ဂိုတွေရဲ့လက်အောက်ကို ရောက်နေတာပါ။ ကျွန်တော်က တရုတ်ဘက်ကလိုက်ပြောနေတာမဟုတ်ပါဘူး။ အခုလူတွေဖြစ်နေတာက တရုတ်ကဦးဆောင်ပြီးလုပ်တယ် ဆိုတာနဲ့ အရမ်းကိုစိုးရိမ် လွန်နေကြသလားလို့။ တကယ်တော့ ဆည်ဆောက်တိုင်း ဆိုးကျိုးတွေပဲတွေ့မှာတော့ မဟုတ်ပါဘူး။

  1. Anonymous said... :

    Thank you, Thilawa, for your correcting the obvious mistake in the article. You have done a great service to this site and its readers, and above all to our historical knowledge. Of course, everyone is entitled to write any subject and their works should be welcomed. Yet if your writing ,in most part, is based on history , the responsible writer would make sure s/he provides the correct historical references. The writer would double check important facts such as names to avoid outright mistakes . It is fairly well-known for interested public in general that 'ashin Di-thar-Par-maut' sayadaw led the Burmese diplomatic missions (I could be wrong but I think at least twice) to Baijing to hold talks with Khan and Mugol authorities there. Thank you, Thilawa.

  1. july said... :

    What a shame!
    thay thay char char ma thi pae' nae' yann tote htar tar! Yar Za Thin Kyun ka Sit ma phit khin ka hte' ka Dala mhar thay thwar p .

  1. Anonymous said... :

    Did the author say in the article that Raja Thingyan ever handled any Sino-Burmese crisis? I only read that the author quoted him as a great diplomat in the 13th Century at the end of the article and he wishes we have more people like him. Please read thoroughly before correcting the article. Thank you.

  1. Anonymous said... :

    What a pain? Perhaps the whole article should be read from top to bottom before commenting upon it. The PM Yazathingyan and his faction made Narathihapati the King of Bagan in 1254. About 15 years later Yazathingyan himself died aged 62 in Dala, as July pointed out here ealier . The first Mogols (Tartar)'s incursion occured in 1284 with Tartars troops overtaking Tagaung. Ashin Ditharparmoukka sayadaw and his missions travelled and talked with Kublai Khan several times between 1284-1286. The King finally ran away to Bassein (Pathein) in 1287 following the successes of the Sayadaw's peace talks no longer held the Mogols's aggresion back.
    Thanks.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved