စာပေစိစစ်ရေး မရှိသင့်တော့တာ စိစစ်ရေးမှူး ကိုယ်တိုင် သဘောပေါက်ပါတယ်

Monday, October 10, 2011


စစ်ပညာဂျာနယ် အယ်ဒီတာဟောင်း၊ စာပေစိစစ်ရေးမှူး ဗိုလ်မှူး တင့်ဆွေ (ကလောင်အမည် ရဲရင့်တင့်ဆွေ) - (ဓာတ်ပုံ - ဦးတင့်ဆွေ၏ ဖေ့စ်ဘုတ်)

“စာပေစိစစ်ရေးဌာန အနေနဲ့ လောလောဆယ်မှာ ၁၉၆၂ ခုနှစ် စာနယ်ဇင်းဥပဒေကို အခြေခံထားတဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ၁၂ ချက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆင်ဆာ ဖြတ်တောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီ ဖြစ်တဲ့အတွက် ခေတ်နဲ့လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားရှိသင့်ဘူးလို့ ထင်မြင်ယူဆကြောင်းလည်း ဦးတင့်ဆွေက ပြောပါတယ်။”

ဒါကတော့ ဦးတင့်ဆွေက RFA သတင်းဌာနကို ပြီးခဲ့တဲ့ စနေနေ့က ပြောဆိုခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပ မြန်မာ စာနယ်ဇင်းလောကမှာ ဂယက်ရိုက်သွားတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။

စာပေးစိစစ်ရေးမှူးကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်တာ ဖြစ်တဲ့အတွက် ကြိုဆိုလိုက်ပါတယ်။

ပြည်ပမှ ကာလကြာမြင့်စွာ အခြေစိုက်နေရတဲ့ မီဒီယာတွေကလည်း အထဲပြန်ဝင်ဖို့ ချိန်ဆနေချိန်မှာ ပြည်တွင်းမီဒီယာတွေကလည်း နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရဖို့အထိ မျှော်လင့်ထားကြပါတယ်။ ဘာဖြစ်ဖြစ် စာပေစိစစ်ရေးဆိုတာ ရှိကို မရှိသင့်တော့ဘူးဆိုတာတော့ အားလုံးက တညီတညွတ်တည်း သဘောညီကြပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကတော့ လွှတ်တော်မှာ ဓာတ်ပြားဟောင်းကြီးကို ရှည်လျားစွာ ဖွင့်နေဆဲဖြစ်တာကို ပြီးခဲ့တဲ့ တပတ်အတွင်း မီဒီယာများနဲ့ ပတ်သက်လို့ ဖြေကြားချက်မှာ ဖတ်ရှုနေရတုန်းပါ။


2 comments :

  1. Anonymous said... :

    ‌မောင်တင့်‌ဆွေ‌ရေ...ဟုတ်မှလဲလုပ်ပါ‌နော်..
ေ ပြာပြီးစလစ်၊ပြန်မဖျက်ေ ကြး..ကိုယ်ေ ပြာတဲ့
    စကားကိုယ်တာဝန်ယူနိုင်ရင်‌တော့..သာဓု..သာဓု..။

  1. lwin said... :

    သတိလဲထားပြီးပြောပါ ဦးတင့်ဆွေရေ့  အထက်ကအမြင် မကြည်လင်ရင် ရှိစုမဲ့စု လဘ်စားမှု တွေအကုန်အကြောင်းပြပြီး ဆွဲစိခံနေရပါအုံး မယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved