လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်

Saturday, October 29, 2011




လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival)

လွတ်လပ်ခြင်းသည် လူသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးဖြစ်သည်။ လူသားဖြစ်ခြင်း၏ အရည်အသွေးကို တိုင်းတာမည်ဆိုလျှင် လွတ်လပ်စွာ ရေးသား ပြောဆို ထုတ်ဖေါ်ခွင့်သည် အခြေခံအကျဆုံး မှတ်ကျောက်တစ်ခုဖြစ်လိမ့်မည်။

“လွတ်လပ်ခြင်းအနူပညာ” ရုပ်ရှင်ပွဲတော်သည် လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရ နှင့် အတွေးအခေါ် အယူအဆများ ပြန့်နှံ့စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။

ရိုက်ကူးသူတစ်ဦးချင်း၏ လွတ်လပ်ခြင်းအနှစ်သာရအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်သွားမည်ဖြစ်သည်။ အရွေးချယ်ခံရသော ရုပ်ရှင်ကားများကို ရုပ်ရှင်ပွဲတော်ကျင်းပသည့် ကာလအတွင်း ပြသသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။

ရုပ်ရှင်ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်

ရည်ရွယ်ချက် ၁။ ။ လူတစ်ဦးတစ်ယောက်၏မွေးရာပါလွတ်လပ်ခြင်းကို အခြေခံ၍ ဖန်တီးထားသည့် အနူပညာကို ရုပ်ရှင်မှတစ်ဆင့် ဖေါ်ထုတ်ပြသရန်၊

ရည်ရွယ်ချက် ၂။ ။ လွတ်လပ်ခြင်း၏ အနှစ်သာရအပေါ် တစ်ဦးချင်းဖွင့်ဆိုမှုကို ရုပ်ရှင်မှတစ်ဆင့် ခံစားကြည့်ရှုနိုင်ရန်၊

ရည်ရွယ်ချက် ၃။ ။ တစ်ဦးချင်းတစ်ဖွဲ့ချင်း လွတ်လပ်စွာရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏အနှစ်သာရ နှင့် အတွေးအခေါ်အယူအဆများ ပြန့်နှံ့စေရန်၊

ရုပ်ရှင်ပွဲတော်အကြောင်းအရာ ။ ။ လွတ်လပ်ခြင်း (Freedom)
ရုပ်ရှင်အမျိုးအစား ။ ။ Documentary Film နှင့် Short Film
ပြသရန်ကြာမြင့်ချိန် ။ ။ တစ်မိနစ်မှတစ်နာရီ
ကျင်းပမည့်နေ့ ။ ။ ၁-၄ ဇန်န၀ါရီ ၂၀၁၂
ကျင်းပမည့်နေရာ ။ ။ ---------------------

အမှုဆောင်အဖွဲ့

(၁) ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာ
(၂) ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဆုအမျိုးအစားများ ။ ။ (၁) အကောင်းဆုံး Documentary Film
(၂) အကောင်းဆုံး Short Film

(မှတ်ချက်။ ။ပြိုင်ပွဲဝင်ရုပ်ရှင်အရေအတွက်အပေါ်မူတည်၍ ဒုတိယ နှင့် တတိယဆုများ ကိုလည်း ချီးမြှင့် သွားပါမည်။)

ဆုချီးမြှင့်ပွဲအခမ်းအနား ။ ။ လွတ်လပ်ရေးနေ့ (၄-ဇန်န၀ါရီ-၂၀၁၂)
ပေးအပ်မည့်ဆု ။ ။ ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ် နှင့် ငွေကြေး

(မှတ်ချက်။ ။ ဆုများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင့်မည်ဖြစ်ပါသည်။)

အကဲဖြတ်အဖွဲ့ဝင်များ

(၁) ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာ
(၂) ဒါရိုက်တာ မင်းထင်ကိုကိုကြီး

နောက်ဆက်တွဲအစီအစဉ်များ

အနူပညာအလုပ်ရုံဆွေးနွေးပွဲ ။ ။ ၂၉-ဇန်န၀ါရီ-၂၀၁၂ တွင် ပြိုင်ပွဲဝင် ရုပ်ရှင်ဖန်တီးသူများနှင့် အမေရိကန်နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားပါမည်။

အခွင့်အလမ်း ။ ။ ဆုရရုပ်ရှင်များကို သင့်လျော်သည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များသို့ ဆက်သွယ်ပေးပို့သွားပါမည်။

ှSource: Maung Thura (ကိုဇာဂနာ) ဖေ့စ်ဘုတ်






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved