လူရွှင်တော် ကိုဇာဂနာနဲ့ နှစ်ခွန်းမေးနှစ်ခွန်းဖြေ

Wednesday, October 19, 2011


အောက်တိုဘာ ၁၇ ရက်နေ့က လူရွှင်တော်ကိုဇာဂနာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားကန်တော့ပြီး ၁ နာရီအကြာ စကားပြောခဲ့တာရယ်၊ မြန်မာတိုင်းမ်စ် ဂျာနယ်ကို ကိုဇာဂနာက နိုင်ငံရေး အရင်လုပ်မယ်လို့ ပြောခဲ့တဲ့အတွက် ဘယ်ကစပြီးလုပ်မှာလဲ ဆိုတာ သိတာရယ်ကြောင့် ဧရာဝတီက တခွန်းနှစ်ခွန်း မေးဖြစ်ပါတယ်။ ကိုဇာဂနာက အခုလို ပြန်ပြောပါတယ်။

“နိုင်ငံရေး လုပ်မယ်ဆိုတာက အနုပညာနဲ့ တွဲတဲ့ နိုင်ငံရေး လုပ်မှာပါ။ ဥပမာ - အနုပညာရှင်တွေ နိုင်ငံရေးနဲ့ ဝေးမနေစေချင်လို့ စည်းရုံးရှင်းပြတာမျိုးပေါ့ဗျာ။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တွေ့တာကလည်း သားတစ်ယောက်က မိခင်ကို အိမ်အပြန် ကန်တော့တဲ့ သဘောပါခင်ဗျာ။ လောလောဆယ် အကျဉ်းထောင်ထဲ ကျန်ခဲ့တဲ့ သူတွေဆီကို ပိုက်ဆံစာအုပ်တွေ ပြန်ပို့နေပါတယ်။ တောင်ငူထောင်၊ လွိုင်ကော်ထောင်၊ မုံရွာထောင် တို့ကို ဒီနေ့ထွက်ပါပြီ။ ကျနော်တော့ မှတ်ပုံတင်မရှိသေးလို့ မလိုက်နိုင်ပါ”

မှတ်ချက်။ ။ ပိုက်ဆံစာအုပ်ဆိုတာက အကျဉ်းသားတွေအတွက် ထောင်ပိုင်၊ ထောင်တာဝန်ခံတွေကို အပ်ထားတဲ့ ငွေကို ထောင်စကားနဲ့ ပြောတာပါ။ အကျဉ်းသားတွေက ငွေကိုင်ခွင့်မရှိပေမယ့် ထောင်ပိုင်ဆီမှာ အပ်ထားတဲ့ ငွေတစုံတရာရှိတယ်ဆိုရင် သူတို့ လိုချင်တာ မှာယူလို့ ရပါတယ်။ ဒါကို ကိုဇာဂနာက စတင် စီစဉ်ပေးနေတာပါ။ (အောက်တိုဘာ ၁၈ ရက်နေ့ ကိုမင်းကိုနိုင် မွေးနေ့မှာ ကိုဇဂနာကို ဒီလိုတွေ့ရပါတယ်။ ဓာတ်ပုံ - ဧရာဝတီ)

1 comments :

  1. ttn said... :

    ကျနော်တော့ မှတ်ပုံတင်မရှိသေးလို့ မလိုက်နိုင်ပါ”
    ပျောက်သွားလို.လား..ထောင်ထဲမှာကျန်ခဲ.လိုလား
    မှတ်ပုံတင်မရှိဘူးဆိုတော.ကိုဇာဂနာက..နိုင်ငံခြားသားလား
    မေးပေးပါလား..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved