နိုင်ငံရေးသမား ဘာကြောင့် လျှော့ရက် မရသလဲ

Thursday, November 3, 2011

.




ထောင် ၃ နှစ်ကျတယ် ဆိုရင် ၂ နှစ်ခွဲဝန်းကျင်ပဲ ထောင်ထဲနေရတယ်။ ပြီးရင် လွတ်ပြီ။ ဒါက လူသတ်မှု ဘိန်းရောင်းမှု လောင်းကစားမှု စတဲ့ စတဲ့ အမှုတွေနဲ့ ထောင်ကျသူတွေအတွက်ပါ။

ဆန္ဒပြ၊ နိုင်ငံရေးမှာ တက်ကြွ၊ ကျောင်းသားသမဂ္ဂမှာ ပါဝင်တဲ့သူတွေကို ထောင်ချလိုက်ရင်တော့ အဲဒီလူတွေက လျှော့ရက် မရပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေ ဘာကြောင့် လျှော့ရက် မရသလဲ။

ဒီမေးခွန်းအတွက် သမ္မတကြီး ဦးသိန်းစိန်မှာ အဖြေရှိဟန် မတူပါ။

လျှော့ရက်မရတဲ့အတွက် နိုင်ငံရေးသမားတွေ ထောင်ထဲမှာ ပိုပြီး ကြာကြာ နေရပါတယ်။ နဂိုကတည်းက ထောင် သုံးနှစ်၊ အနှစ် သုံးဆယ် ဆိုတာတွေ အပေးခံရသူတွေပါ။

တချို့လည်း လွတ်ရက်နီးမှ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ဆွဲထည့်ခံရတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွှတ်လိုက်ပါပြီ ဆိုတဲ့ အသံကောင်းဟစ်လို့ကောင်းတဲ့အတွက် အကျိုးရှိသကွလို့ အစိုးရက ဈေးတွက် တွက်နိုင်တာပေါ့။

ဟိုတုန်းကတော့ ကွန်မြူနစ်ပါတီနဲ့ တဆင့်ခံ နှစ်ဆင့်ခံ အဆက်အသွယ်ရှိသူတွေကိုပဲ လျှော့ရက် မပေးတာပါ။ ၁၉၉၅/၉၆ နောက်ပိုင်း ၀န်းကျင်။

နောက်တော့ ဘယ်ပါတီနဲ့ပဲ အဆက်အသွယ်ရှိရှိ အထူးအကျဉ်းသားဆိုရင် အစိုးရက အထူး ဆက်ဆံတော့တာပဲ။

အခုတော့ အထူး ဆက်ဆံခံရတဲ့အတွက် - နိုင်ငံရေးအကျဉ်းသားတွေကို လျှော့ရက် မပေးတဲ့အတွက် ဆန္ဒပြကြပါပြီ။

မနေ့က ရန်ကုန်မှာ ထုတ်ပြန်တဲ့ ကြေညာချက် တစောင်က အဲဒီဆန္ဒပြတာကို ထောက်ခံဝန်းရံကြောင်း လက်မှတ်ထိုးထားတဲ့အကြောင်း ဖြစ်ပါတယ်။











.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved