.
နေရွှေသွေးအောင် ဥရောပသွားဖို့ ဗီဇာရ ဆိုတဲ့ သတင်း http://burma.irrawaddy.org/archives/2395 နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြင်သစ်သံရုံးက ထုတ်ပြန်တဲ့စာ ဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက် သတင်းထောက်တချို့၊ သံရုံးတချို့၊ ကုလသမဂ္ဂရုံးခွဲတွေကို ပေးပို့ထားတာ တွေ့ရပါတယ်။
ပြင်သစ်သံရုံးက နေရွှေသွေးအောင်ကို ဗီဇာ မထုတ်ပေးဘူး ဆိုပြီး စာထဲမှာ ရေးထားပါတယ်။
"ဧရာဝတီက လိုအပ်သည့် ပြင်ဆင်ချက်များ ပြုလုပ်လျှင် သံရုံးက ကျေးဇူးတင်မည် ဖြစ်သည်" လို့ ထုတ်ပြန်တဲ့စာကို အဆုံးသတ်ထားပါတယ်။
.
ပြင်သစ်သံရုံးက အခုလို စာနဲ့ပေနဲ့ တရားဝင် ပြောဆိုလာပြီဆိုရင်တော့ ဧရာဝတီအနေနဲ့ သတင်းကို မှားယွင်းစွာ ဖော်ပြမိပါသည်ဆိုပြီး တရားဝင် ပြောကြားသင့်ပါသည်။